***…မြစ်ရဲ့..ဂီတ…***

maung khinminJuly 4, 20121min05

အချစ် ရဲ့…မြစ်မှာ…

ယစ်မူး ပြီး…ရူးသွားတဲ့….ကဗျာ

ကာရန် ပါချင်မှ..ပါမယ်

 

မူးမူး ရီရီ…ဆည်းဆာ မှာ

နေဝင်ချိန် ရဲ့..အလှဘုရင်မကို

တောင်တန်း ပြာတွေက …ရိုသေခယ နေကြတယ်..

 

ရင်ဘတ်ခြင်း  ကြိုးညှိ  ရင်း…

စောင်းသံတွေ   ကျပျောက်

လွမ်းနေ သလောက်တော့…

ကဗျာတွေနဲ ့….ရဲရဲတောက်

လောင်ကျွမ်း ပစ်လိုက်ချင်သေးတယ်…

 

နှင်းဆီ လိုလည်း..ရဲခဲ့ဘူးတယ်…

ဆူးမပါ ဘဲ..

စပါယ်လိုလည်း..ဖူးခဲ့ဘူးတယ်..

ရနံ ့ မလှိုင်ဘဲ…

တစ်ကယ်တော့  ကောင်မလေးရေ….

ငါဟာ….ရေမစီးတဲ့မြစ်မှာ..

စင်းစင်းကြီး သေနေတဲ့….

ကဗျာ တစ်ပုဒ် ပဲ..ဖြစ်တယ်…။။။

 


5 comments

  • မောင်ပေ

    July 4, 2012 at 12:49 pm

    ဆြာခင့်ရဲ ့ကဗျာသေထဲမှာ
    ပထမဆုံး နစ်မြုပ်သွားတာ
    ကျုပ်ပါဘဲ

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 1:07 pm

    မိုက်တယ် ….
    အဲ့လိုကဗျာမျိုး…
    ရေးတတ်ချင်တယ်…
    မိုက်လေး..ရေးတတ်ဖူးးးးးးးးးး
    ဟီးးးးးးးးကြိုးစားပါဦးမည်…
    အားပေးပါတယ်နော်…။

    Reply

  • ဝမ်းတွင်းရူး

    July 4, 2012 at 2:49 pm

    “”နှင်းဆီ လိုလည်း..ရဲခဲ့ဘူးတယ်…
    ဆူးမပါ ဘဲ..
    စပါယ်လိုလည်း..ဖူးခဲ့ဘူးတယ်..””

    ရွာထဲက မမဆူးလားဗျ။

    Reply

  • tharli kar

    July 4, 2012 at 4:05 pm

    “ဂေးဇက်ရဲ့မြစ်မှာ
    ယစ်မူးပြီး…ရူးလိုက်တဲ့ကဗျာ…” တဲ့……….
    ကောင်းလိုက်တဲ့…ရေးချက်….ဗျာ..
    အားပေးလိုက်သည်
    အားရပါးရရေးနိုင်ဖို့………

    Reply

Leave a Reply

Your email address will not be published.