ကြိုနေပါတယ်…..

နင်က မာန ဆိုတာကိုရှေ့တန်းတင်..
ပကာသန ကိုအရေခြုံ…
ခမ်းနားမှုတွေ နဲ့ ဟန်ပြ…
ချစ်ခြင်း တစ်ခုကို တည်ဆောက်ချင်နေတယ်…။

ဆန်းဆန်းပြားပြားနဲ့…
ခမ်းခမ်းနားနား အချစ်တွေ…
င့ါအတွက် မလိုအပ်ပါဘူး…။

နင့် ရဲ့ ရိုးသားမှုလေးနဲ့….
မာန်မာန တွေကင်းပြီး…
ပကာသန တွေမဖက်တဲ့…
ချစ်ခြင်း တွေကိုပဲ ငါမြတ်နိုးချင်ခဲ့မိတာပါ…။

နင့် ရဲ့ ချစ်ခြင်း အလင်္ကာတွေမှာ…
အတုအယောင်တွေ မပါဘဲ…
အဖြူသက်သက် နဲ့ ဝင်လာခဲ့ပါ…
နင့် အတွက်နေရာ အမြဲအဆင်သင့်…
ကြိုနေမှာပါ………….
ချစ်သူရယ်….။ ။

ခင်မင်လျှက်…မိုက်လေး

30 comments

  • mamanoyar

    July 4, 2012 at 11:51 am

    ကဗျာလေးအရမ်းကောင်းပါတယ်
    အားပေးသွားတယ်နော်

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 11:56 am

    ကျေးဇူးတင်ပါတယ်ရှင်….
    🙂

    Reply

  • ညလေး

    July 4, 2012 at 12:11 pm

    မိုက်လေးရဲ…အရေးအသားလေးတွေအရမ်း…
    ကောင်းတယ်တိလား
    အားပေးနေမယ်နော်….

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 12:28 pm

    ထပ်ပြီးကျေးဇူးတင်ပါတယ်နော်…
    အစက မိုက်လေး …
    ပို့(စ်) မှာစာမတင်တော့ပဲနေနေတာပါ…
    မိုက်လေး..စာအုပ်လေးထဲမှာပဲ ချရေးထားမိတယ်….
    ဒါပေမယ့်…နောက်တော့လည်း…
    တင်ဖြစ်သွားတယ်…….
    နောက်ထပ် လည်း မိုက်လေး…
    ရေးတတ်သလောက်ပေါ့နော်…
    ရေးကြည့်ချင်ပါတယ်….
    ခင်မင်လျှက်….မိုက်လေး

    Reply

  • manawphyulay

    July 4, 2012 at 12:49 pm

    ချစ်ခြင်းရဲ့ အတိမ်အနက်
    တကယ်မသိပေမယ့်
    ုရိုးသားမှုအတွက်
    လက်ကမ်းနေတဲ့
    ကောင်မလေးတစ်ယောက်ကိုဖြင့်
    တွေ့နေရပါတယ်ကွယ်…

    Reply

  • မဂွတ် ထော်

    July 4, 2012 at 1:00 pm

    မိုက်တယ် ရင်တွင်းဖြစ်လား

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 1:03 pm

    အင်း….ဆိုပါတော့ ဂွက်ဂွက်ရယ်…
    မောင်မျိုးမင်းတော့ မဟုတ်ပါဘူး….
    မိုက်လေး…ပါ။။။

    Reply

  • မမ အညာသူ

    July 4, 2012 at 1:23 pm

    ခံစားချက်တွေက
    ကိုယ်တွေ့ထင်တယ်
    အရမ်းကောင်းပါတယ်နော်

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 1:40 pm

    အင်း…ညာ..ရယ်
    ဒီလိုပါပဲ……..
    ဖြစ်တတ်တဲ့ ချစ်ခြင်းတွေကို..
    ချရေးကြည့်မိတာ….။

    Reply

  • may flowers

    July 4, 2012 at 2:28 pm

    ကဗျာလေး ဂွတ်တယ်။ အားပေးသွားပါတယ် မိုက်လေးရေ။

    Reply

  • etone

    July 4, 2012 at 2:38 pm

    ခပ်မိုက်မိုက်ကောင်မလေးရေ .. ကဗျာလေးတွေရေးတာလည်း ကောင်းပါတယ်
    ပို့စ်လေးတွေရေးလျှင်လည်း ဒီထက်ကောင်းမှာပါ …. ။ …. ပို့စ်လေးတွေရေးလျှင်လည်း အားပေးပါဦးမယ် ။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 2:44 pm

    အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်ရှင်…
    ပို့(စ်)..လေးရေးဖို့ ထပ်ကြိုးစားကြည့်ပါဦးမယ်…
    လိုအပ်ချက်တွေ ရှိရင်လည်းပြောပြပေါ့နော်…။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 3:16 pm

    အင်း….ဘယ်လိုပြောရမလဲ…
    ဒီကဗျာက မနေ့ကမှ မိုက်လေး….
    ရုံးရောက်တော့ စိတ်ကူးထဲရှိရာ…
    FB မှာတင်မိသွားရင်း….
    မန်းဂေဇက်မှာ ထပ်တင်မိတာပါ…
    —————————–
    ဒီနေ့ကျတော့………
    ခုခံစားချက်နဲ့ ဆိုရင်…..
    မိုက်လေး…မကြိုချင်တော့ဘူး….
    ဘာဖြစ်လို့ပါလိမ့်……..။

    Reply

  • snow white

    July 4, 2012 at 3:47 pm

    နင့် ရဲ့ ရိုးသားမှုလေးနဲ့….
    မာန်မာန တွေကင်းပြီး…
    ပကာသန တွေမဖက်တဲ့…
    ချစ်ခြင်း တွေကိုပဲ ငါမြတ်နိုးချင်ခဲ့မိတာပါ…။

    နင့် ရဲ့ ချစ်ခြင်း အလင်္ကာတွေမှာ…
    အတုအယောင်တွေ မပါဘဲ…
    အဖြူသက်သက် နဲ့ ဝင်လာခဲ့ပါ…
    နင့် အတွက်နေရာ အမြဲအဆင်သင့်…
    ကြိုနေမှာပါ………….
    ချစ်သူရယ်….။ ။ အဲ့နားလေးကိုအရမ်းကြိုက်ပါတယ် ကူးယူသွားတယ်နော်။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 4:13 pm

    ဟုတ်ကဲ့ပါရှင်….။

    Reply

  • tharli kar

    July 4, 2012 at 4:23 pm

    ခပ်မိုက်မိုက်ကောင်မလေးခင်ဗျာ…
    ခပ်မိုက်မိုက်ချစ်ချင်ရင်တော့….
    မင်းနဲ့တို့နှစ်ယောက်အကြောင်းကရှင်းနေပြီ….ဆိုတဲ့
    “ခပ်မိုက်မိုက်ချစ်ကြစို့” သီချင်းနဲ့တော့…ဆန့်ကျင်တယ်နော်…..
    ကောင်းပါတယ်…..ကဗျာလေးက….
    ရှားတယ်….အဲဒီလိုယောက်ကျားလေးက…………
    (အဲ….ကျော်ရဲ…..ကျားတစ်ကောင်…ကျားတစ်ယောက်ပါပဲ..မ ခပ်ခပ်မိုက်ကောင်မလေးခင်ဗျ..)

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 4:30 pm

    အင်း…..
    မင်းအပေါ်ထားတဲ့ ရှားရှားပါးပါးအချစ်တွေလိုပေါ့…
    ရှားတာကမှ တန်ဖိုးမြင့်တယ်ဆိုပဲ…
    ဟုတ်လားဟင်…………….
    ကြားဖူးတာပဲ…………..
    မိုက်လေး..လည်းသေချာသိဘူးးးးးးးးးးးးးး။

    Reply

  • woo warr

    July 4, 2012 at 6:58 pm

    ကောင်မလေးရေ….အဖြူသက်သက်နဲ့ ဝင်လာပါဆိုတော့ ….Red တို့ Black တို့နဲ့ လာလို့မရဘူးပေါ့နော်….. 😀

    Reply

  • အလင်းဆက်

    July 4, 2012 at 8:24 pm

    နင့် ရဲ့ ရိုးသားမှုလေးနဲ့….
    မာန်မာန တွေကင်းပြီး…
    ပကာသန တွေမဖက်တဲ့…
    ချစ်ခြင်း တွေကိုပဲ ငါမြတ်နိုးချင်ခဲ့မိတာပါ..

    နင်နဲ ့ငါ….ဖြစ်ချင်တာချင်း တူနေရက်နဲ ့ ဘာလို ့ဝေးသွားတာလဲ….

    အဟ်ိ…. နောက်တာနော် ။။တကယ်…။

    Reply

  • thar ag

    July 4, 2012 at 10:41 pm

    ဖတ်ရှု သွားပါသည်

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 9:43 am

    woo warr says:
    ကောင်မလေးရေ….အဖြူသက်သက်နဲ့ ဝင်လာပါဆိုတော့ ….Red တို့ Black တို့နဲ့ လာလို့မရဘူးပေါ့နော်….. 😀
    အဖြူသက်သက်ပါဆိုနော်….။။။။။။
    —————–
    King of Secrets (Bo Min) says:
    ရေးထားတာတော်တယ်
    ကျေးဇူးတင်ပါတယ်ရှင်…။။။။။။။။။
    ——————-
    အလင်းဆက် says:
    :)နင့် ရဲ့ ရိုးသားမှုလေးနဲ့….
    မာန်မာန တွေကင်းပြီး…
    ပကာသန တွေမဖက်တဲ့…
    ချစ်ခြင်း တွေကိုပဲ ငါမြတ်နိုးချင်ခဲ့မိတာပါ..
    နင်နဲ ့ငါ….ဖြစ်ချင်တာချင်း တူနေရက်နဲ ့ ဘာလို ့ဝေးသွားတာလဲ….
    အဟ်ိ…. နောက်တာနော် ။။တကယ်…။
    ကိုအလင်းဆက်က တော်တော်နောက်တယ်နော်…:P
    ————————–
    thar ag says:
    ဖတ်ရှု သွားပါသည်…
    ကျေးဇူးပါနော်…။
    —————————-
    ခင်မင်လျှက်….မိုက်လေး

    Reply

  • ရှင်းသန့် နွယ်

    July 5, 2012 at 10:22 am

    နင့် ရဲ့ ချစ်ခြင်း အလင်္ကာတွေမှာ…
    အတုအယောင်တွေ မပါဘဲ…
    အဖြူသက်သက် နဲ့ ဝင်လာခဲ့ပါ…
    အရမ်းကောင်းတဲ့ကဗျာလေးပါ…

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 10:49 am

    ကျေးဇူးပါပဲ…ရှင်းသန့်…
    ရှင်းသန့်..ကိုရွာထဲမှာ…
    မတွေ့တာကြာပြီ….
    ပျော်ရွှင်ပါစေနော်…။။။။။

    Reply

  • ကြောင်ကြီး

    July 8, 2012 at 10:53 am

    ကြိုနေပါတယ်…
    ရေနွေး
    ပီအိပ်ချ်ဆဲဗင်းတွေက
    ိစိတ်အချရဘူးလေ
    ငွေကုန်သက်သာ
    အရသာမပျက်
    ပီးတော့…
    ကြက်မဂျီးလည်း
    ညီညွတ်တယ်
    လကုန်ရက်
    အိမ်တပြားမှ
    ပြန်မအပ်တဲ့
    တေဂျင်းဇိုးမတာရဲ့… 😡

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 9, 2012 at 1:46 pm

    အမ်…
    ဘယ်သူ့ပြောနေတာလဲဟင်…
    နားမလည်တော့ဘူးနော်….:(

    Reply

  • Naing Ngan Kyaw

    August 31, 2012 at 4:41 pm

    ခပ်မိုက်မိုက်ကောင်မလေး………..ရေ
    မင်းရဲ့ ကဗျားလေးတွေက ခံစားလို့အရမ်းကောင်းတယ်………
    ကဗျာထဲမှာကို မင်းရဲ့ရိုးသားဟန်လေးတွေပါနေတယ်နော်…….
    အရမ်းရိုးသားတဲ့ မင်းတစ်ယောက် မင်းကိုသိပ်ချစ်သော မင်းကိုမြတ်နိုးသော မင်းကိုနားလည်သော
    လူတစ်ယောက်နဲ့တွေ့ပါစေလို့
    ဆုတောင်းပေးနေမယ်နော်………
    ကဗျာထဲကလို မိုက်လေးတစ်ယောက် သူ့ကို “ကြိုနေလိုက်ပါ” နော်………….

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    September 1, 2012 at 9:06 am

    Naing Ngan Kyaw says: ပြောသလိုပေါ့နော်..
    မိုက်လေးကို သိပ်ချစ်သော မြတ်နိုးသော နားလည်ပေးနိုင်တဲ့..
    လူတစ်ယောက်ရှိနေရင် ကောင်းမှာပဲ…
    တောင်းဆုပြည့်ချင်ပါတယ်…
    မိုက်လေး.. အဖြူသက်သက်နဲ့ ကြိုနေပါတယ်…
    ကျေးဇူးပါနော်….။။။။။။။။။။

    Reply

Leave a Reply

Your email address will not be published.