အသက်ရှင်ရေး

introJune 25, 20101min02

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေက
သေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင်
သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား
တံငါသည်တွေရဲ့ လှေနဲ့တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက
ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကို တွေ့ရတယ်။ ဒါကြောင့်
သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။
နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုဆောင်းမိပြီး အရွယ်ထောက်လာတာကြောင့်
ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့ လျှို့ဝှက်ချက်
သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ Catfish လို့ခေါ်တဲ့
ငါးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို Catfish နဲ့အတူ
ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း
ကိုက်ဖြတ်ကြတယ်။ Catfish ရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေ
ပြန်ခုခံခဲ့ရတယ်။ ငါးရှဥ့်ရဲ့ “အသက်ရှင်ရေး”ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန်
တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ
ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်က ဆက်ပြီး သားကို ပြောပြခဲ့တယ်။ ကမ်းမကပ်ခင် သေရတဲ့ ငါးရှဥ့်တွေက
သူတို့ကို ဖမ်းမိသွားပြီ။ ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ
မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့
အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က အလွယ်တကူ ပျက်စီးခဲ့ရတယ်။ ဒါကြောင့်
လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့်
ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က
ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီး ကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ
ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့
ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတိ္တ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက
ယနေ့အာရှမှာ အတိုးတက်ဆုံး နိုင်ငံဖြစ်ခဲ့တယ်။

Ref: Forward Mail

2 comments

  • khinmintatthu

    June 25, 2010 at 7:57 pm

    မှတ်သားစရာပေါ့…. နောက်လာနောင်သားတွေအတွက် အကောင်းဆုံး သာဓကအဖြစ်နဲ့ သင်ခန်းစာပေးလို့ရတာပေါ့….

    Reply

  • ma haw

    July 25, 2012 at 1:07 pm

    ရှယ်ပါတယ်…ခွင့်ပြုပေးပါခင်ဗျာ

    Reply

Leave a Reply to khinmintatthu Cancel Reply

Your email address will not be published.