အ​မျိုး​သားဝတ်​​​ အ​တွင်း​ခံ​ဘောင်း​ဘီ​တွင်​​ လုံ​ခြုံရေး​စ​နစ်​​ တပ်​

introJune 25, 20101min03



အမျိုးသားများ ဝတ်ဆင်သည့် အတွင်းခံ ဘောင်းဘီတွင် လုံခြုံရေး စနစ် တစ်ခုအား တပ်ဆင် စမ်းသပ် နေကြောင်း သိရသည်။

အဆိုပါ နာနို အင်ဂျင်နီယာ နည်းပညာသုံး ဘောင်းဘီသည် ဝတ်ဆင်သူ၏ ခန္ဓာကိုယ် အတွင်း သွေးဖိအား၊ နှလုံး ခုန်နှုန်းနှင့် အခြားသော အသက်ဓာတ်နှင့် ဆက်စပ်နေသည့် လှုပ်ရှားမှုများကို အာရုံခံ တိုင်းတာ ပေးမည်ဟု သိရသည်။ ဘောင်းဘီ၏ အနောက်ဖက် ခါးရှုံကြိုး နေရာတွင် တပ်ဆင် ထားသည့် သေးငယ် လှသော ကိရိယာလေးအား အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ဆန်ဒီယေးဂိုး တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျိုးဆက်ဝမ်က တီထွင် ထားခြင်း ဖြစ်သည်။

အဆိုပါ အတွင်းခံ ဘောင်းဘီများကို အမေရိကန် တပ်မတော်တွင် စတင် အသုံးပြုကာ စစ်သားများ၏ ကျန်းမာရေးကို ခြေရာခံ သိရှိ နိုင်ရေး အတွက် စမ်းသပ် မည်ဟု သိရသည်။ ထို့အပြင် စစ်သားများ အနေနှင့် စစ်မြေပြင်တွင် သေကြေခြင်း၊ ဒဏ်ရာ ရခြင်းများ ကြုံလာပါက အမည် ခွဲခြား သိရှိ ရန်နှင့် ဒဏ်ရာ အမျိုးအစားကို အလွယ်တကူ ခြေရာခံ သိရှိ နိုင်ရန်လည်း ရည်ရွယ် ထားကြောင်း ဒေါက်တာဂျိုးဆက်က ရှင်းပြ ခဲ့သည်။

စစ်ပွဲများတွင် ဒဏ်ရာ ရလာသော စစ်သည်အား သယ်ဆောင် လာသည့် အချိန်တွင်ပင် လိုအပ်သော ဆေးဖက် ဆိုင်ရာ တိုင်းတာမှုများကို အလိုအလျောက် သိရှိ စေနိုင်မည်ဟု ဒေါက်တာ ဂျိုးဆက်က ဆိုသည်။ ထို့အပြင် ယင်း နည်းပညာကို အနာဂတ် ကာလတွင် စစ်ဖက် မဟုတ်သော အများ ပြည်သူ အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု ကိရိယာ အဖြစ် အသုံးပြု သွားနိုင်ရန် စီစဉ် ထားကြောင်းလည်း ၎င်းက ဆက်လက် ပြောကြား သွားခဲ့သည်။

3 comments

  • ghost

    June 25, 2010 at 4:33 pm

    အမျိုးသမ္မီး တွေအတွင်းခံ ဘယ်အချိန်ချွှတ်လဲ ဘယ်လောက်ကြာလဲ ဆိုတာဘဲသိချင်တာ

    Reply

  • chitsayar

    June 26, 2010 at 5:59 pm

    ဒို ့များရွာမှာတော့ ပုဆိုးကို ခါးတောင်းကျိုက်ပြီး ဘောင်းဘီတိုကို အပြင်ကဝတ်ပြီး ဘောလုံးကန်ကြတယ်

    Reply

  • azure

    June 27, 2010 at 6:51 pm

    ခက်တော့ခက်နေပြီနော် မြန်မာပြည်အတွက်တော့ မသင့်လျော်ဘူးနဲ့တူတယ် ဘာလို့လည်းဆိုတော့ မြန်မာပြည်က အမျိုးသားတွေတော်တော် များများက အတွင်းခံမဝတ်တတ်ကြဘူးလေ ပုဆိုးဝတ်တဲ့ အကျင့်က ဖျောက်လို့မရဘူးဖြစ်နေတယ် နိုင်ငံခြားက သူတွေအတွက်ကတော့ အကောင်းဆုံးလို့ထင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.