အမေရိကန် ကလေးတွေ ….

kaiJanuary 31, 20101min02

အောက်ကဇယားကိုကြည့်ပါ။ ကိုင်ဇာဖန်မလီဖောင်ဒေးရှင်း ကထုတ်ပြန်တာဖြစ်တယ်။ ဇယားအရ အမေရိကန်ကလေးတွေ တရက်ကို ရနာရီခွဲလောက် မီဒီယာနဲ့ပါတ်သက်တာတွေမှာ သုံးနေကြတယ်ဆိုပါတယ်။ အရင် ၁ဝစုနှစ်က အမေရိကန် ကလေးတွေဟာ သီချင်းနားထောင်တာမှာအချိန်အများဆုံးသုံးခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၅နှစ်စစ်တမ်းအရမှာတော့ မြင်တဲ့အတိုင်း တီဗီကြည့်တာမှာ အများဆုံးသုံးနေတာတွေ့ရပါတယ်တဲ့။

အမေရိကန် ကလေး ဆိုတာမှာ အမေရိကပြည်ထောင်စုမှာနေတဲ့ အသက် ၈နှစ်က နေ ၁၈နှစ်အထိ ကလေးတွေကို ဆိုလိုပါတယ်တဲ့။ ကလေးတွေ ဒီလောက်ကြီး မီဒီယာတွေသုံးနေတာ ကောင်းသလား မကောင်းဘူးလား တွေးရင် ….ကောင်းတဲ့ဖက်များမယ်ထင်ပါတယ်။ ဘာမှမလုပ်ပဲ အမှောင်ထဲထိုင်နေတာထက်စာရင် တခုခုလုပ်နေတာက တခုခု ပိုသိနေ၊တတ်နေမှာဖြစ်ပြီး အဲဒါတွေကို အသုံးချလာတဲ့အချိန် လူသားဘဝတွေက ပိုမို အဓိပါယ်ရှိလာမယ် ဖြစ်ပါတယ်။ အဲဒီကလေးတွေ ကြီးပြင်းလာတဲ့အခါမှာ အခြားနိုင်ငံကကလေးတွေထက် ပိုသိ၊ပိုတတ်တဲ့ကလေးတွေဖြစ်လာနိုင်ကြောင်းပါ။

မြန်မာပြည်မှာတော့ အဓိပ္ပါယ်ရှိရှိမရှိရှိ ရွေးချယ်ခွင့်အလွန်နည်းပါးတဲ့ဘဝတွေမှာ ကလေးတွေနစ်မြုပ်နေရတာကို မြင်ကြရမှာဖြစ်ပြီး တချို ့မှာတော့ ဘဝရှင်သန်ရေးအတွက် လူသားဖြစ်တည်မှုမှာ သာမန်လိုအပ်ချက်ဖြစ်တဲ့ အစားအစာနဲ့ သောက်ရေအတွက် လုံ့လစိုက်ထုတ် လုံးပန်းအချိန်ကုန်နေတာကို လည်းတွေ့ကြရမှာပါ။
အမေရိက စာတွေအရ ချိန်ဆပြောရရင် လူသားအတွက် အခြခံလိုအပ်ချက် (Basic Wants and Needs)မှာတင် မြန်မာတွေ လုံးလည်လိုက်ကုန်နေကြရတာတွေ့ကြရမှာပါ။အဲဒီလို ဖြစ်နေအောင် လုပ်ခံရသလား၊ လုပ်ထားသလား၊ လုပ်နေတာလား ဆိုတာတော့ တွေးကြည့်သိနိုင်ကြမှာဖြစ်ပါတယ်။
ဒါမျိုးတွေ နောက်နောင် ဂျန်နရေးရှင်းတွေမဖြစ်ကြဖို ့ဆိုတာမှာ အခု ဂျန်နရေးရှင်းတွေက အခြေအနေကောင်းတွေချပေး၊ ပညာတွေ အသိညဏ်တွေဖွံ ့ဖြိုးလာအောင်လုပ်ကြရမှာဖြစ်ပေမဲ့ လက်ရှိ ဂျန်နရေးရှင်းတောင် အနိုင်နိုင်အနေအထားမှာ မုန့်လုံးစက္ကူကပ် ဖြစ်နေတာဟာ အဆန်းမဟုတ်သလိုဆိုကြပါစို့။ ဆိုတော့ ဘယ်သူတွေတာဝန်ရှိသလဲ ဘာဖြစ်နေသလဲကို ထင်ဟပ်မဲ့ ကဗျာလေး၂ပုဒ်နဲ့ အဆုံးသတ်ပါရစစေ။

“ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် – ဗျိုင်းနားလို့ ကိုင်းရ တယ်
ဗျိုင်းဘာကြောင့် နားရတယ် – ငါးပေါ်လို့ နားရတယ်
ငါးဘာကြောင့် ပေါ်ရတယ် – မိုးရွာလို့ ပေါ်ရတယ်
မိုးဘာကြောင့်ရွာရတယ် – ဖားအော်လို့ရွာရတယ်
ဖားဘာကြောင့် အော်ရတယ် – မြွေကိုက်လို့ အော်ရတယ်
မြွေဘာကြောင့် ကိုက်ရတယ် – ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ်”။

“ဂျာအေး၊ …
ဂျာအေးကို သူ့အမေရိုက်လို့ မှောင်မိုက်မှာငို
ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ.
တွဲလွဲရယ်နေပါအုံး
မိုးတောင်ကချုန်း၊ မုန့်လုံး
မုန့်လုံးကို စက္ကူကပ်လို့ ကြာကလပ်နဲ့ဆွမ်းတော်တင်
ပလ္လင်ပေါ်ကမြောက်ကလေး ဆင်းတယ်လို့ပြေး
ဂျာအေး..။
ဂျာအေးကို သူ့အမေရိုက်လို့ ….။  ….…..။

အောက်မှာ မူရင်းဇယားကို ကြည့်ပါ။ ကြီးကြီးမြင်ချင်ရင် Double Clickလုပ်ကြည့်ပါလို ့ပြောရင်း…..

Credit: kff.org

2 comments

  • susunosuki

    April 18, 2010 at 4:40 pm

    ဒီလိုတော့ တဖတ်သတ်ကြီးမစွပ်စွဲပါနဲ့
    ကျွန်တော်တို့ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်ဝင်လို့
    မ ိဘ သက်သာစေပြီး ဘဝအမြင်လည်းကျယ်စေတာပဲ မို့လား

    Reply

  • khaung shan

    October 9, 2010 at 6:41 am

    ကိုယ်တိုင်တိုးတက်ချင်ရင်၊ ဒါမှမဟုတ် ဆင်ခြင်တွေးတောတတ်မယ်ဆိုရင် မြန်မာလူငယ်တွေအတွက်လည်း တိုးတက်လမ်းတွေရနိုင်ပါတယ်။
    မိုးရွာတာကိုအပြစ်မြင်နေမယ့်အစား မိုးလုံအောင်ကြိုးစားတာက ပိုသဘာဝမကျဘူးလား။

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.