ကြီးပွားချင်သူများအတွက်

manawphyulayJune 2, 20121min08

ကြီးပွားရေးလမ်းကြောင်းလျှောက်လှမ်းရာတွင် မရှိမဖြစ်လိုအပ်သည့်အချက် ၁ဝ ချက်

1. အချိန်၏တန်ဖိုး
အချိန်ကိုတန်ဖိုးရှိစွာသုံးပါ။ မဖြုန်းတီးပါနှင့်။ အချိန်နဲ့ ဒီရေသည် လူကိုမစောင့်တဲ့။

2. ဇွဲ၊လုံ့လ၏ စွမ်းအား
ဇွဲရှိပါ။ လုံးဝလက်မလျှော့ပါနှင့်။ မအောင်မြင်မချင်း ဆက်လက်လုပ်ဆောင်ပါ။

3. အလုပ်အပေါ်ပျော်ပိုက်ခြင်း။
မပျင်းပါနှင့်။ တက်ကြွစွာဆောင်ရွက်ပါ။ စိတ်ပါဝင်စားစွာ အလုပ်လုပ်ခြင်းဖြင့် အလုပ်မှာ ပျော်မွေ့ပါစေ။

4. သည်းခံခြင်း၏အစွမ်း။
စိတ်ရှည်ပါ ။ဒေါ်သမထွက်ပါနှင့်။ စိတ်မတိုပါနှင့်။ တစ်ခါတလေ သည်းမခံနိုင်တဲ့ထိ သည်းခံတဲ့အခါ သည်းခံခြင်းရဲ့ အကျိုးကို ခံစားရပါလိမ့်မယ်။

5. လေးစားခြင်း
လူသားအားလုံးအပေါ်လေးစားပါ။ ငယ်သည် ကြီးသည်မရွေး လေးစားပါ။

6. တာဝန်သိတတ်မှု။
တာဝန်ကိုမရှောင်လွဲပါနှင့်။ တာဝန်သိပါ။ ကိုယ့်တာဝန် ကိုယ်ကြေပါ။

7. သတိရှိခြင်း။
အချိန်တိုင်း သတိရှိပါ။ မပေါ့လျော့ပါနှင့်။

8. စီးပွားရေးအသိပညာ။
စီးပွားရေးအမြင်ရှိပါ။ ဈေးကွက်ကို ဖြန့်ကျက်ထားပါ။ ကိုယ့်ရဲ့ထုတ်ကုန်ကို အသုံးပြုသူများအတွက် ဦးစားပေးစဉ်းစားပါ။

9. လေ့ကျင့်မှု၏ခွန်အား။
လေ့ကျင်မှုကို မရပ်ပါနှင့်။ ထပ်ကာထပ်ကာကြိုးစားပါ။ ပညာသင်ရင်း လေ့လာသင်ယူပါ။

10. ဆည်းပူးသင်ယူမှု။
တစ်စုံတစ်ရာသော အတက်ပညာကိုလေ့လာပါ။ အမြဲ နိုးကြားမှုရှိနေပါစေ။ သင်ကြားမှုကို မရပ်လိုက်ပါနဲ့။

မှတ်ချက်။ ။ ဇွဲလုံ့လ ဝီရိယ ရှိခြင်းသည် သင့်ကိုအရာရာတွင်တိုးတက်စေလိမ့်မည်။ ဘဝသည် လူတိုင်းအတွက် ခက်ခဲသောတိုက်ပွဲဖြစ်သည်။ လက်လျှော့အရှုံးပေးလျှင် ဘဝသေမည်ဖြစ်ပြီး ဇွဲလုံလဝီရိယဖြင့်တိုက်ခိုက်ပါက ဘဝသည်ကြီးမြတ်လာမည်ဖြစ်သည်။ ဘဝဆိုတာ အရာရာတော့ လွယ်မယ်မထင်ပါနဲ့။ ကျရာနေရာ ရောက်ရာနေရာကနေ ကြိုးစားလုပ်ဆောင်မယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ကို အမှန်တကယ် ရောက်ရှိလာမယ်လို့ ပြောပါရစေ.

8 comments

  • Electron

    June 2, 2012 at 1:46 pm

    အမကြီးရော ကျင့်ပါသလားချင့်
    အမကြီးအောင်မြင်ရင် ပြောပါချင့်
    အနော်တို့လည်း ဖြစ်အောင်လုပ်ပါ့မယ်ချင့် :mrgreen:

    Reply

    • manawphyulay

      June 2, 2012 at 1:55 pm

      လုပ်လာသမျှတော့ ခုအရင်ထက် ပိုမိုတိုးတက်ပြီး အောင်မြင်နေပါတယ်။

      Reply

    • ထုံးဘဲဥ

      June 2, 2012 at 4:20 pm

      ဟဲ့ဟဲ့ အချိန်ကို တန်ဖိုးရှိရှိအသုံးချတဲ့
      သူငယ်ချင်းရေ…… ခြောက်နာရီတောင်ထိုးပြီးပါပကောလေ…..
      လာကြဟေ ……… အရက်ဆိုင်ကိုလေ သွားကြပါစို့လေ … သူငယ်ချင်းရေ…..
      မူးအတူတူ .. ရူးအတူတူ သူငယ်ချင်းများတို့တတွေ
      😀

      Reply

  • jujuma

    June 2, 2012 at 4:22 pm

    တတ်ချင်ရင် သင် ..
    တော်ချင်ရင် ကျင့် ..
    မမေ့ချင်ရင် စိတ်ဝင်စား ..
    မမှားချင်ရင် ပြန်စစ် ..

    ကဲ အောင်မြင်ခြင်းလမ်းစကိုရောက်ပီပေါ့ ….

    Reply

    • manawphyulay

      June 2, 2012 at 4:31 pm

      ဟုတ်ပြီ ညီမလေး
      ဆက်ပြော
      စာအုပ်ထဲမှာ မှတ်လိုက်ဦးမယ်….

      Reply

  • ဓါးငမိုး

    June 2, 2012 at 5:39 pm

    တကယ်ကောင်းတဲ့ အချက်တွေပဲ ..
    သို့ပေသိ ကျုပ်မှာတော့ တစ်ခုမှ မရှိ ..
    ဒါကြောင့်ပဲ ထင်ပါရဲ့ …
    ……………….

    Reply

  • ဇွဲလုံ့လ ဝီရိယ ရှိခြင်းသည် သင့်ကိုအရာရာတွင်တိုးတက်စေလိမ့်မည်။ ဘဝသည် လူတိုင်းအတွက် ခက်ခဲသောတိုက်ပွဲဖြစ်သည်။ လက်လျှော့အရှုံးပေးလျှင် ဘဝသေမည်ဖြစ်ပြီး ဇွဲလုံလဝီရိယဖြင့်တိုက်ခိုက်ပါက ဘဝသည်ကြီးမြတ်လာမည်ဖြစ်သည်။ ဘဝဆိုတာ အရာရာတော့ လွယ်မယ်မထင်ပါနဲ့။ ကျရာနေရာ ရောက်ရာနေရာကနေ ကြိုးစားလုပ်ဆောင်မယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ကို အမှန်တကယ် ရောက်ရှိလာမယ်လို့ ပြောပါရစေ.

    Reply

  • snow white

    July 5, 2012 at 4:57 pm

    အချက်တိုင်းလိုလိုမှန်တယ် အချက်တိုင်းလိုက်နာဖို့တော့မဖြစ်နိုင်ဘူး အချက်တိုင်းလိုက်နာ တဲ့သူကရှားတယ် ဒါကြောင့်လည်းကြီးပွားတိုးတက်တဲ့သူကလူနည်းစုဖြစ်နေတာလေ ။။။။

    Reply

Leave a Reply to jujuma Cancel Reply

Your email address will not be published.