♥အချစ် ဆိုတာ♥

♥ချစ်သူရယ်…..
တကယ်ချစ်ကြပြီဆိုရင်လေ
အဝေးမှာသူနေလို့ သူပျော်နေပါလား
မတားရက်ပါဘူး အမြဲသာရင်ထဲရှိ
ခွင့်လွှတ်အသိနဲ့ နွမ်းရိကြေကွဲ
ချစ်မြဲချစ်နေမယ်…………………။
♥တကယ်လို့များ……
အမှားနှင့်အမှန် ဝေဖန်သုံးသပ်
“အမှန်”လို့ဆုံးဖြတ်ပြီး
တစ်ကိုယ်တည်း ကိုယ့်ကိုထား
ထွက်သွားခဲ့ပြီ ဆိုကြဦး(အုံး)တော့
သူ့ဘဝအခြေမြင့်ရင်ဖြင့်
ထားခဲ့သင့်တယ်လို့
ကိုယ့်ကိုကိုယ် အားခဲပြီး
ချစ်မြဲချစ်နေမယ်…………………။
♥အမှန်ဆိုရင်တော့……
ကိုယ်ခံယူထားတဲ့အချစ်က
ကိုယ့်…အတ္တ… မာန…
အလှ…ဘဝ….အားလုံး
အားလုံးကိုအပ်နှင်း သူ့ခြေရင်းမှာ
ချခင်းလို့ သူနင်းလျောက်သွားပါစေ
သူမော်နေ သူပျော်နေပြီးတာပဲ
အမြဲတမ်းကိုယ့်အနား သူခစားပြီး
ကိုယ့်အတွက်ဖြည့်ဆည်းမှ
ကိုယ့်ကိုပဲ ခယမှ “ကိုယ့်အတွက်…..
ကိုယ့်အတွက်.. စသည်…..စသည်…..”
အဲ့သည်လိုမှ…………….
သူ့အချစ် ကိုယ်ရတယ်လို့
မာနလည်း အလံမထူချင်ဘူး
အတ္တကဲ အချစ်မခံချင်ဘူး
ရူးလှတယ်ဆိုပေဦး(အုံး)
ဝေမျှတဲ့ အချစ်နဲ့
ကိုယ်ကပဲ ချစ်နေရရင်
ကြေနပ်သူ…………………….။
ခင်တဲ့
အရင့်ရောင်

14 comments

  • ဗိုက်ကလေး

    June 2, 2012 at 3:32 pm

    မရခင်ကတော့ ဒီလိုပဲ ပြောထားပေါ့..
    ရပြီးကာကျမှ ဖျာလိုခင်း နင်းချသွားမယ်ကြံရင်ဒေါ့ ကုန်းကုန်း ဖြစ်ပြီသာမှတ်
    ညှင်း..ညှင်း..ညှင်း..

    Reply

    • Electron

      June 2, 2012 at 3:36 pm

      အူးလေး ကုန်းကုန်းဆိုတာ တလုပ်ကားတွေထဲပါတဲ့
      ဟိုဟာမပါတဲ့ ကုန်းကုန်းကိုပြောတာလား ချင့်

      Reply

    • အရင့်ရောင်

      June 2, 2012 at 3:49 pm

      စိုင်းထီးဆိုင် ကတော့ အချစ်ဆိုတာ
      လျှို့ဝှက်ချက် တစ်ခုပါ လို့ဟြေတာပဲ
      အရင့်ရောင် ကတော့
      လျှို့ဝှက်ချက်ကိုမှ စိတ်ဝင်တစား
      အဖြေရှာချင်တာ
      သေချာပါတယ်
      ခင်တဲ့
      အရင့်ရောင်

      Reply

    • အရင့်ရောင်

      June 2, 2012 at 3:52 pm

      ကုန်းကုန်း တဲ့…………..
      ဘာမှလဲဆိုင်ဘူးနော်…………ဟီးးးးးးးးးးးးးးး

      Reply

  • Electron

    June 2, 2012 at 3:35 pm

    အချစ်ဆိုတာ ပလာတာနဲ့နံပြား
    ချိုစိမ့်နဲ့တို့စားတာလောက် မကောင်းပါဘူးအေ
    ကိုယ်ချစ်ပြန်တော့ သူက မချစ်
    ကိုယ်မချစ်တော့ အတင်းကပ်
    ဘယ်လိုမှ နားမလည်နိုင်တဲ့ အချစ်
    တော်ပြီ ချိုင့်ဆွဲလေးဘဲကောင်းတယ်
    အဟီ

    Reply

    • အရင့်ရောင်

      June 2, 2012 at 3:40 pm

      အချစ်ဆိုတာ ……
      အရာရာကိုပုံသေကားချပ်သတ်မှတ်လို့ရရင်အကောင်းသား
      ခုတော့ *လွမ်းဆွတ်ခြင်း*ဆိုတဲ့စည်းအတွင်းမှာ
      နင့်အရိပ် နင့်အငွေ့အသက်တွေကိုတမ်းတပြီး
      ငါရုန်းမထွက်နိုင်အောင် ဖြစ်နေခဲ့ရပြီ…ချစ်သူရယ်…….
      အဲဒါ အချစ်
      မှတ်ထား………..
      အရင့်ရောင်

      Reply

      • jujuma

        June 2, 2012 at 3:54 pm

        အဲဒါ အချစ်
        မှတ်ထား………
        အရင့်ရောင် .. 😀 😀 😀

        Reply

        • အရင့်ရောင်

          June 2, 2012 at 4:00 pm

          jujuma @
          ဟုတ်ကဲ့…..
          မှတ်ထားပါတယ်
          နှလုံးသားစာမျက်နှာမှာနော်……:D 😀 😀

  • windtalker

    June 2, 2012 at 8:26 pm

    နဂိုအလှသစ်ပေ
    ကိုယ်ကချစ်နေ
    အပျိုမညစ်နေ
    ဘိုမလစ်ပစေ
    လိုသမျှအချစ်တဆေ ။

    Reply

  • shwe kyi

    June 3, 2012 at 1:08 am

    ကိုရင့်ကြီးတော့ အသဲကွဲတာလား၊ တစ်ဖက်သတ်လား တစ်ခုခုပဲ
    ကြယ်ကြွှေတာကိုတော့မမျှော်နဲ့နော်။ ကြယ်ဆိုတာကြွေရင်တောင်ကိုယ့်ဆီရောက်မှာမဟုတ်ဘူး။
    ကြယ်ကိုငေးပဲကြည့်ပေါ့။ ဒါပေမယ့် မှောင်နေရင်အားကိုးရအောင်ဓါတ်မီးတော့ဆောင်ပါ ကိုရင့်ရယ်။
    ဓါတ်မီးနဲ့ အတူညတွေမှာ ကြယ်ငေးရင်း ကဗျာတွေရေးနိုင်ပါစေ။
    ခင်တဲ့
    ရွှေကြည်

    Reply

    • အရင့်ရောင်

      June 4, 2012 at 11:20 am

      အလင်းရောင် ဖျော့ဖျော့လေး ပဲ ရှိနေပါစေ
      ညသန်းခေါင် မီးရောင်အောက်မှာစာရွက်ဆိုတဲ့
      ဗလာပြင်မှာ
      အပြာမှင် တစ်စက်ကျတာနဲ့
      တို့နှလုံးသားရဲ့ ကိုယ်စား
      ထာဝရ အားဖြင့်
      တို့ ရဲ့လက်ချောင်းလေးတွေနဲ့ပေါ့ဗျာ
      သူ့ကို သိပ်ချစ်တယ်လို့
      ဟြေနေမိတာပါ………ချစ်သူ
      ချစ်တဲ့
      အရင့်ရောင်

      Reply

  • ဓါးငမိုး

    June 3, 2012 at 2:05 pm

    တဂယ်ဂျီးလားဗျာ …
    ဘယ်လိုဖြစ်ဖြစ်
    ကိုယ့်ဘက်က ချစ်နေရရင်
    ကျေနပ်နေမယ့် သူပေါ့ …
    အချစ်ကို နှလုံးသားနုနုနဲ့ပဲ ခံစားနေမယ့်သူပေါ့ …

    အားပေးသွားပါတယ်နော့ …

    Reply

    • အရင့်ရောင်

      June 5, 2012 at 2:24 pm

      ဓါးငမိုး @ လေး ရယ်………
      တကယ်ပါဗျာ
      ဘယ်လိုပဲ ဖြစ်နေပါစေ
      ကိုကချစ်နေခွင့်ရနေရုံနဲ့
      အရင့်ရောင်ကကျေနပ်နေမှာပါ
      အားပေးမှုကို ကျေးဇူးတင်ပါတယ်
      ခင်တဲ့
      အရင့်ရောင်

      Reply

Leave a Reply

Your email address will not be published.