ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား

ဘဲဥMarch 22, 20121min016

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။         ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာများ ကော့မှူးမြို့တွင် ပျံ့နှံ့နေသည်ဟု NLD က ပြောသည်။

‘မောင်ပြောက်ကျား’၊ ‘ကော့မှူးမောင်လုပ်သား’ဆိုသော အမည်ပါရှိသည့် A4 အရွယ် လက်ကမ်းစာစောင်များကို ဒလ-ကော့မှူး ကားလမ်းတလျှောက် အမည်မသိသူများက တနင်္လာနေ့ညပိုင်းတွင် ဖြန့်ကျဲသွားခြင်း ဖြစ်သည်ဟု
ဒေသခံများ အပြောအရ သိရသည်။

ထိုစာများထဲတွင် အရွယ်မရောက်သေးသည့် ကလေးများကို NLD အကျႌ ဝတ်စေခြင်း၊ ဒေါင်းတံဆိပ် နဖူးစည်းတပ်ကာ လိုက်ခိုင်းခြင်း စသည်ဖြင့် စွပ်စွဲ ရေးသားထားကြောင်း ကော့မှူးမြို့နယ် NLD အောင်နိုင်ရေး ကော်မတီ တာဝန်ရှိသူ ဦးမြင့်သိန်းက ပြောသည်။
dsmm9
“စာထဲမှာ အရင်ကဆိုရင် ရေနံထွက်မယ့်နေရာ ငှက်အော်စန်း ဘက်ကနေ သရက်တောထိ လမ်းဖောက်ပေးဖို့ အစိုးရက ရည်ရွယ်ချက် ရှိတယ်။ အဲဒီမှာ စက်ရုံတွေလည်း တည်ထောင်မှာ။ အဲဒါတွေ အားလုံး ဒေါ်စုက စီးပွားရေး ပိတ်ဆို့လို့ ကော့မှူးမြို့ ဖွံ့ဖြိုးရေး မလုပ်နိုင်တာတွေ၊ အလုပ်လက်မဲ့ များသွားတာတွေ တကယ်တမ်းတော့ ဒေါ်စုမှာ တာဝန်ရှိတယ် ဆိုတာတွေ အဓိကထား ရေးထားတယ်” ဟု မဇိ္ဈမကို ပြောသည်။

အဆိုပါစာများထဲတွင် NLD ပါတီအနိုင်ရပါက နိုင်ငံခြားတိုင်းပြည်များ ဝင်ရောက် ခြယ်လှယ်နိုင်သလို
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရုပ်သေးရုပ်သာ ဖြစ်လိမ့်မည်ဟုလည်း ရေးသားထားကြောင်း ဦးမြင့်သိန်းက
ပြောပြသည်။

ယင်းသို့ ပုတ်ခတ်မှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ထံ လာရောက်တိုင်ကြားပါက စိစစ်၍ ဥပဒေအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇိ္ဈမကို ပြောသည်။

“ဒါ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တယ်ဆိုတော့ တချို့ကလည်း ရဲစခန်းကို တိုင်တယ်လို့ ကြားသိရတယ်။ အန်ကယ်တို့ကို လာတိုင်ရင်တော့ စိစစ်ပေးပါ့မယ်။ စိစစ်ပြီးတော့ ပြည်ထာင်စုကော်မရှင်ကို တိုင်ကြားပေးမယ်။ ဥပဒေအရ
ဆောင်ရွက်ပေးမှာပါ”ဟု ပြောသည်။

နိုင်ငံပိုင် သတင်းစာများတွင် ‘ငါးမင်းဆွေ’ ကလောင်အမည်ဖြင့် ဆောင်းပါးများ ရေးသားသော ဦးမင်းဆွေက
ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ မိမိအမှားကို ဝန်ခံရမည် ဟု ရေးသားထားသော စာများ သုံးခွတွင် ဖြန့်ဝေခဲ့သည့်အပေါ် NLD က သက်ဆိုင်ရာ ရဲစခန်းများအား အရေးယူ
ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့ရဖူးသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်းက
ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုမှုများ ရှိနေသဖြင့် NLD ဗဟို အောင်နိုင်ရေး အဖွဲ့က “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးကို ထိခိုက်စေနိုင်ကြောင်း” တနင်္လာနေ့က ထုတ်ပြန်ထားသည်။

လောလောဆယ်တွင် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း ကိုယ်တိုင် ပါတီစည်းရုံးရေး ဆင်းပေးနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း မတ်လ ၂၂ ရက်နေ့ နေလည် ၂ နာရီချိန်တွင် ရပ်ကွက်လူကြီးများနှင့် တွေ့ဆုံ ပြီးနောက် ညနေ ၄ နာရီတွင် ကော့မှူးမြို့ရှိ ဝိဇ္ဇောကျောင်းတိုက် ရှေ့ကွင်းပြင်တွင် စည်းရုံးရေး ဟောပြောမည်
ဖြစ်သည်။

မဲပေးနိုင်သူ ဦးရေ ၈၇,၀၀ဝ ဦးရှိသည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ
ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စိုးမင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး မဲရုံပေါင်း ၁၂၉ ရုံ ရှိသည်။

မူရင်း  ။   ။  http://www.mizzimaburmese.com/news/inside-burma/9133-2012-03-21-13-09-22.html

16 comments

  • Thel Nu Aye

    March 22, 2012 at 1:04 pm

    ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံသာရှိတော့မပေါ့။ သူတို့ကင်းနိုင်တာလဲမဟုတ်ပဲနဲ့။ အခုကြံဖွတ်ကမဲဆွယ်နေတာ ဗိုလ်ချုပ်ပုံနဲ့နော်။ ဗိုလ်ချုပ်ကိုချစ်သူတိုင်း ပြည်ခိုင်ဖြိုး ကိုမဲပေးပါဆိုပဲ။ ဗိုလ်ချုပ်ကိုချစ်မှတော့ သူ့သမီးကိုပဲမဲပေးတော့မယ်ဆိုတာ ဖြုတ်ဦးနှောက်ကောင်တွေသိမှမသိပဲ။

    Reply

  • YE YINT THU

    March 22, 2012 at 1:45 pm

    အထက်က comment ပေးတဲ့ Thel Nu Aye ရေ
    တို ့က ဘယ်ပါတီဝင်မှမဟုတ်ပါဘူး။ ဒါပေမယ့်
    ကြံ ့ဖွံ ့ရဲ ့မဲဆွယ်မှုကို မင်းအနေနဲ ့သဘောမပေါက်ဖူးထင်လို ့ရှင်းပြဦးမယ်။
    “ ဗိုလ်ချုပ်ကိုချစ်သူတိုင်းပြည်ခိုင်ဖြိုးကိုမဲပေးပါလို ့” ရှင်းရှင်းဘွင်းဘွင်းကြီးရေးထားတာဘဲ။ သူကဘာလိမ်နေလို ့လဲ???
    ယနေ ့ကြံ ့ဖွံ ့ပါတီလူကြီးတွေဆိုတာက အရင်တုန်းက ဗိုလ်ချုပ်တွေချည်းဘဲဆို တာကိုမင်း သဘော မပေါက်ဘူးထင်တယ်။

    Reply

    • jujuma

      March 22, 2012 at 2:17 pm

      ဗိုလ်ချုပ်..ဗိုလ်ချုပ်လို့ ထည့်မသုံးပါနဲ့ဗျာ…
      ပြည်ခို်င်ဖြိုးပါတီမှာ တကယ့်စစ်မှန်တဲ့ သမာသမတ်ကျတဲ့ဗိုလ်ချုပ်တွေသာခေါင်းဆောင်တယ် ဆိုရင် ပြည်သူတွေက လက်မခံနိုင်တဲ့ ပါတီဖြစ်လာစရာအကြောင်းမရှိပါဘူး….
      ပြည်သူတွေက လိမ်နေတယ်လို့လဲ ထင်စရာအကြောင်းမရှိလာပါဘူး…
      ဘယ်ပါတီကိုပဲ မဲပေးပေးပါ ….
      ပြည်သူတွေရဲ့ စိတ်ကို အတင်းချုပ်ကိုင်စရာ မလိုပဲ သမာသမတ်ရှိတဲ့ ယှဉ် ပြိုင်မှုမျိုးသာ ပြုလုပ်သင့်ပါတယ် ။

      Reply

    • Thel Nu Aye

      March 22, 2012 at 4:09 pm

      အင်းဂွကျလိုက်တာ။ ပြသနာက ကျွန်မတို့စိတ်ထဲမှာ ဗိုလ်ချုပ်လို့ပြောလိုက်တာနဲ့ လွတ်လပ်ရေး ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပဲပြေးမြင်တာလေ။ YE YINT THU ပြောတဲ့ လူတစု ကိုးကွယ် တဲ့ ဗိုလ်ချုပ်တွေ ကိုကျွန်မတို့မှ အသိအမှတ်မပြုတာ။ လူတိုင်းကို ကျွန်မတို့လိုပဲ လို့မှတ် လို့ ကွန်မန့်မှာအပြည်မရေးလိုက်မိတာကျွန်မအမှားပါ။ YE YINT THU ပြောတဲ့ လူတစုကိုးကွယ် တဲ့ ဗိုလ်ချုပ်တွေရဲ့ပုံတွေနဲ့သုံးပြီးမဲဆွယ်တာဆိုရင် ဘာမှမပြောပါဘူး။ အခုဟာက ကျွန်မတို့ရင် ထဲ အသဲထဲကတန်ဖိုးထားတဲ့ လွတ်လပ်ရေး ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ကိုမှခုတုန်း လုပ်ပြီး သူတို့ လိမ်နေတာကိုပြောတာ။ သူတို့မို့မရှက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံကိုသူတို့ မဲဆွယ်တဲ့ပိုစတာပေါ်မှာအကြီးကြီးတင်ထားတာ။

      Reply

    • Mလုလင်

      March 22, 2012 at 5:48 pm

      YE YINT THU ဆိုတဲ့ .. comment ပိုင်ရှင် ရေ…. စည်းကမ်း နံပါတ် ၉ ကို ဖတ်စေချင်ပါတယ်။
      ၉. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
      လေးစားပါရစေ YE YINT THU ရေ …

      Reply

    • သူရဇော်

      March 23, 2012 at 10:06 am

      ဒီလိုလူမျိုးလဲ ရှိသေးတာပဲကိုး……… ခက်လိုက်တာနော်……… YE YINT THU ရေ စည်းကမ်းရှိပါကွယ်………

      Reply

    • Davit

      March 23, 2012 at 1:58 pm

      ဟိုကောင် YE YINT THU ….. မင်းကို ပြီးခဲ့တဲ့ 8 လလောက်က ကိုကြောင်ကြီးလား၊ ကိုဂျော်နီပုလားမသိဘူး…. သူတို့ထဲကတစ်ယောက်ယောက် _ဲ ခဲ့သလိုပဲပြောတော့မယ် ….. A လိုး B ပိုး C သခိုး …….

      Reply

  • ငပွကြီး

    March 22, 2012 at 4:07 pm

    အင်းးးးးးးခက်တော့ ခက်နေပြီ …”ဗိုလ်ချုပ်” လို့ဆိုလိုက်တိုင်းလဲ မြန်မာနှိင်ငံရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို့ သတ်မှတ်လို့မရဘူးလေ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်စနိူးနဲ့ အဖျားဆွတ်ပြီး ဗိုလ်ချုပ်လို့ ခေါ်တာလူတိုင်းသိ
    ဆိုက်ကားသမား လွင်မိုး လဲရှိတယ် ချဲရောင်းတဲ့ လွင်မိုး လဲရှိတယ် အရက်သမား လွင်မိုး ကားပွဲစားလွင်မိုး ဓါတ်ရှင်မင်းသားလွင်မိုး ကျုပ်အိမ်ဘေးက ခွေးနာမည်လဲ လွင်မိုး ဘဲဗျ..

    Reply

    • ကိုရင်မောင်

      March 22, 2012 at 5:03 pm

      ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့မဲဆွယ်ရအောင်သူတို့ရုံးထဲမှာတောင်
      ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်ထားလို့လား…?
      သွေးရူးသွေတမ်းနဲ့လျှောက်လုပ်နေတာပါ
      သူတို့ကဒေါ်စုကိုပုဂိ္ဂုလ်ရေးတိုက်ခိုက်လေ
      လူတွေက ချဉ်လေမဟုတ်လား…
      …….အော်ဒါနဲ့…….
      ကိုငပွကြီးရေအဲ့ဒီခွေးလေးကအစာကြွေးထားယင်
      သခင်ကိုတောင်ပြန်ဟောင်တတ်တယ်ကြားလို့….

      Reply

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 22, 2012 at 7:58 pm

    ဟားဟ ချကုန်ကြပီ၊ ချကြ ချကြမှ အမှန်တခုထွက်လာမယ်၊
    စကားရည်လုပွဲကြီးမှာ ဟိုတယောက်က ငြိမ်သွားပါကြောင်း၊
    ကျုပ်ကတော့ အဘိုးဗိုလ်ချုပ် ၊ အမေ ဒေါ်စု ၊ ဒါဗဲ ။

    Reply

  • တီတီရေငုံနှုတ်ပိတ်

    March 22, 2012 at 8:55 pm

    အဲလိုပုတ်ခတ်တဲ့စာတွေ ဖြန့်လိုက်တော့ ဘယ်သူကယုံသွားကြလဲမသိဘူးနော်…
    ဘယ်သူမှမယုံဘူးဆိုရင်တော့ စာရွက်ဘိုးတွေ နှမြောလိုက်တာ

    Reply

  • minn zaw

    March 22, 2012 at 9:37 pm

    ဖြန့်ကြပါ။ လိမ်ကြပါ။ စစ်အစိုးရတုန်းက သူတို့ကို ပြန်ပြီး အဲဒီလို

    လုပ်မယ်ဆို ရင် ဘယ်သူမှ မလွယ်ပါဘူး။ အခုလဲ အဲဒီကောင်တွေကို

    မိအောင်ဖမ်းပေးပေါ့။ သေချာတာတော့ ဟိုကောင်တွေရဲ့ အကြံပါ။

    Reply

  • Phaung Phaung

    March 23, 2012 at 12:18 pm

    ဇကောလောက်မှ ဇောက်မနက်တဲ့ ခြင်္သေ့ယောင်ဆောင်ထားတဲ့ ခွေးလေခွေးလင့်တွေပါလို့ပဲ
    ပြောချင်တယ်…ဒါဗြဲ

    Reply

  • snow white

    March 23, 2012 at 1:02 pm

    ဟေ့ဟေ့ရွာထဲမှာတော့ ဘာတွေဖြစ်ကုန်ပြီလည်းမသိဘူး
    YE YINT THU တော့နာမည် တော်တော် ကြီးနေပြီ ဟိုသူကပြောလည်းYE YINT THUသူကဘယ်ဘက်ကလည်းမသိဘူးနော်

    Reply

  • baby skyline

    March 23, 2012 at 2:11 pm

    အောင်ပန်းမှာလည်း အမေစုကို ပုတ်ခတ်တိုက်ခိုက်တဲ့ စာတွေနဲ့ VCD ခွေတွေကို NLD ပါတီဝင်တွေရဲ့ အိမ်တံခါးပေါက်ဝတွေမှာ ညဖက်လူခြေတိတ်ချိန် လိုက်ပစ်နေတာ ၂ညဆက်တိုက် ရှိနေပြီ။
    အင်မတန်မှ အောက်တန်းကျပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေလို့ဘဲ မြင်မိပါတယ်။
    ဒီလုပ်ရပ်တွေကို ဘယ်လိုအရေးယူလို့ ရပါသလဲ?၊ ဘယ်ကိုတိုင်ကြားလို့ရသလဲ? ဆိုတာပြောပြ ပေးကြပါအုံး။

    Reply

    • Thel Nu Aye

      March 23, 2012 at 2:26 pm

      ရွေးကောက်ပွဲကော်မရှင်ကိုသက်သေနှင့်တကွတင်ပြတိုင်ကြားလို့ရပါတယ်။ NLD လဲအဲလိုပဲ တိုင်နေတယ်ပြောတယ်။

      Reply

Leave a Reply to တီတီရေငုံနှုတ်ပိတ် Cancel Reply

Your email address will not be published.