the Voice ဂျာနယ်ကို သတ္ထုတွင်းဌာနက တရားစွဲလိုက်ပြီ

သတ္တုတွင်းဝန်ကြီးဌာနက the Voice Weekly ဂျာနယ်ကို တရားစွဲမတဲ့ ဟူသော ခေါင်းစဉ်နဲ့ ပို့စ်ရဲ့ အဆက်လို့ပဲ ပြောပါရစေတော့

သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်နှင့် သတင်းရေးသား သူတို့အား တရားစွဲဆိုထားပါပြီ။

သတ္တုတွင်းဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက တရားလိုပြုလုပ်ကာ ဒဂုံမြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားခြင်းဖြစ်ပြီး  ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆိုခဲ့လို့ တရားရုံးကဆင့်ခေါ်စာကို မတ်လ ၂ဝ ရက်နေ့ နံနက် ၁၁ ခန့်မှာ ဂျာနယ်ရဲ့ စာဝင်ဌာနက လက်ခံရရှိခဲ့ပါတယ်တဲ့။

မတ်လ ၂၂ ရက်နေ့တွင် ၎င်းအမှုကိုစတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရပါတယ်။

The Voice ဂျာနယ် အင်တာနက်စာမျက်နှာမှာ အကျယ်ဖတ်ကြည့်ကြပါ..

Eleven Media Group မှာလည်း ဖတ်ကြည့်နိုင်ပါတယ်

ဒါကတော့ ဧရာဝတီမှာ တင်ထားတာပါ..

The Voice ဘက်က ဘယ်လိုရပ်တည်မယ်…ထောက်ခံမယ်ဆိုတာကို စဉ်းစားပြီးရေးကြ ပြောကြပါ..ရွာသူရွာသား အပေါင်းတို့ခင်များ..
ကျွန်တော် အနေနဲ့ The VOICE ကိုထောက်ခံပါတယ်… အားမငယ်ပါနဲ့ The Voice နောက်မှာအမှန်တရား ကို မြတ်နိုးတဲ့သူများ ရပ်တည်ကြမှာပါ။
I like the Voice journal, I support the Voice Journal.
We all support the Voice weekly Journal.

မဏ္ဍိုင်ကြီး တည့်ပါစေ...

တရားရေးမဏ္ဍိုင် မယိမ်းယိုင်ပါစေနဲ့

အမှန်တရားသာ အနိုင်ရပါစေ….

15 comments

  • ရွာစားကျော်

    March 21, 2012 at 7:21 pm

    The Voice Weekly ဂျာနယ်နည်းတူ မော်ဒန်ဂျာနယ်ကလည်း မန္တလေး သပိတ်ကျင်းလမ်း ဆိုးရွားနေသည့်အကြောင်း သတင်းရေးသားမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးအင်ဂျင်နီယာက အသရေဖျက်မှုနှင့် တရားစွဲဆိုထားပြီး ယင်းအမှုကို မန္တလေးခရိုင် တရားရုံးတွင် ယခုလ ၂၃ ရက်နေ့၌ စတင်ကြားနာမည်ဖြစ်သည်။

    မော်ဒန်နှင့် The Voice Weekly အပေါ် တရားစွဲဆိုမှုသည် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သည့် လုပ်ရပ်အဖြစ် ဝေဖန်နေကြပြီး အဆိုပါ ဂျာနယ်များဘက်မှ တညီတညွတ်တည်း ရပ်တည်ကြမည်ဟု ပြောဆိုကြသည်။

    ဧရာဝတီမှ

    Reply

  • unclegyi1974

    March 21, 2012 at 10:24 pm

    ရပ်တည်တယ်ဆိုမှန်မှရပ်တည်လို့ရပါမယ်
    ကို်ယ့်ဘက်ကရေးတဲ့အတိုင်းမှန်နေဖို့လိုပါတယ်
    သတင်းဦးပြီးရောမှန်မှန်မစီစစ်ပဲရေးရင်တော့

    Reply

    • ရွာစားကျော်

      March 22, 2012 at 9:06 am

      အန်ကယ်ကြီး သိစေချင်ပါတယ်
      မအိတုံ အရင်ပို့စ်မှာ မန့်ထားတာလေး

      etone says:
      ဂျာနယ်ဆိုတာမျိုးကလည်း ..အရင်ကဆို ..စာပေစိစစ်ရေးတင်ရတာနဲ့ … အယ်ဒီတာက ပယ်ချခံရတာနဲ့ … သတင်းမှန်သိလျှင်တောင် ရေးချင်သလို မရေးရဲကြဘူး .. ရွှေစိတ်တော် ငြိုငြင်သွားမှာကို ကြောက်တာလည်း ပါမပေါ့လေ …. ။

      အခုလိုအချိန်မျိုးမှာ .. ဒီလို သတင်းမျိုးထွက်လာတာ .. မီဒီယာရဲ့ အခန်းကဏ္ဍ … အရေးပါလာပြီဆိုတာကို မီးမောင်းထိုးပြတာနဲ့ တူပြီး … ၊ သူတို့ဘက်ကလည်း တိကျတဲ့ သတင်းရှိလို့သာ .. ဒီလိုကိစ္စမျိုးကို .. တိတိလင်းလင်း ရေးရဲတာလို့ ထင်ပါတယ် … ။ မှန်တယ်ထင်လျှင် … မီဒီယာအနေနဲ့ …. ရေကုန်ရေခမ်းလိုက်သင့်တယ်လို့ ထင်ပါတယ် … ။

      Reply

  • kai

    March 22, 2012 at 4:14 am

    တရားရေးမဏ္ဍိုင်၊အုပ်ချုပ်ရေးမဏ္ဍိုင်၊ မီဒီယာ(စတုတ္ထမဏ္ဍိုင်) က.. တတန်းသဘောထဲပါ..။
    ဝန်ကြီးဌာနဆိုတာက.. အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရ) အောက်ကတခုပေါ့..

    မြန်မာ့တရားရေးမဏ္ဍိုင်အလုပ်လုပ်ပုံကို.. တကမ္ဘာလုံးစောင့်ကြည့်နေမယ်ထင်ပါကြောင်း..။

    Reply

  • maungmoenyo

    March 22, 2012 at 9:00 am

    သတ္တုတွင်းဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းထိုက်တယောက်တော့ မဟာခြေလှမ်းမှားကြီး တခုကို စလိုက်ပြီးလို့ယူဆပါတယ်။
    ဘာတဲ့-ဆင်သေကိုဆိတ်ရေနဲ့ဖုံးတယ်…ဆိုတာ။
    လက်ရှိအစိုရရဲ့ ဌာနကြီးတခုမှာ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူနေတဲ့ ငယ်သူငယ်ချင်းတယောက်ပြောခဲ့ဘူးတဲ့ ပျက်လုံးလေးတခု သွားသတိရမိပါတယ်…”ဆိတ်ကွယ်ရာဆိုတာ၊ ဆိတ်၏ကွယ်ရာသာဖြစ်သည်” ဆိုတာလေးကိုပါ။

    Reply

  • Gipsy

    March 22, 2012 at 9:26 am

    မတရားမှုတွေ ကွယ်ပျောက်ပါစေ
    အမှန်တရားတွေ ကြီးစိုးလာပါစေ
    တရားမျှတမှုများ
    ဝုန်း .. ဒိုင်း… ဖုံး…ဂလွမ်းးး ဆိုပြီး
    မတိမ်းမစောင်းဗိန်းဗေါင်း နဲ့ ဖြစ်ပေါ်လာပါစေ…။

    Reply

  • htet way

    March 22, 2012 at 9:48 am

    ပုဒ်မ၅၀ဝနဲ့စွဲတာ
    သတင်းလွတ်လပ်ခွင့်ရှိတာမှန်တယ်။သတင်းရေးတာစည်းကမ်းသတ်မှတ်ချက်ရှိတယ်
    ကင်းလွတ်ခွင့်၁ဝချက်ရှိတယ်။လွတ်အောင်ရေးလေ။
    တွေ့ရာကူးချလို့ရတာမဟုတ်ဘူး။သတင်းဆိုတာ ရွာစားကျော်ရေးသလို “ဘ”၆လုံးပြည်စုံရမယ်။
    ဘယ်သူကလဲ ၊ဘယ်သူ့ကိုလဲ၊ ဘယ်နေရာလဲ (တရားရုံးဒဂုံ)၊ဘာကြောင့်လဲ၊ ဘယ်လိုလဲ။
    တရားစွဲတိုင်းကြောက်စရာမလိုဘူး ကိုယ့်ဘက်ကမှန်ရင် ဥပဒေအရ ခုခံလို့ရနိုင်တယ်။
    တရားရုံးက စီရင်ချက်မချမှီ ထင်မြင်ချက်ရေးရင် တရားရုံးကိုမထီမဲ့မြင်လုပ်မူပုဒ်မနဲ့ ညှိသွားနိုင်တယ်။

    သတင်းကတော့ ကင်းလွတ်ခွင့်နဲ့ ကိုက်ပြီး အများသိဖို့ရေးမှာပဲ။စာနယ်ဇင်းသမားကရေးရမှာပဲ
    တရားစွဲလည်း အမှန်အတိုင်း ဥပဒေနဲ့ အညီ ခုခံမှာပဲ။တရားရုံးတွေသာ…………..။

    Reply

  • YE YINT THU

    March 22, 2012 at 9:51 am

    အထက်က comment ရေးတဲ့ maungmoenyo ရေ
    ဒုဗိုလ်ချုပ်ကြီးသိန်းထိုက်က မောင်ရင်ထင်သလို ဖြစ်လာလိမ့်မယ် ထင်သလား???
    တစ်ကယ်တမ်းက ဒီဖြစ်စဉ်ကြီးတစ်ခုလုံးက သူ ့ရဲ ့လက်ထက်မှာဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ကိစ္စမဟုတ်ဘူး။ အရင်ဝန်ကြီး ဦးအုံးမြင့် ရဲ ့လက်ထက်မှာဖြစ်သွားတာ။ ဦးအုံးမြင့်က အခု မွန်ပြည်နယ် ဝန်ကြီးချုပ်လုပ်နေပါတယ်။
    လက်ရှိဝန်ကြီးရဲ ့လက်ထက်မှာဖြစ်တဲ ့ကိစ္စ ဆိုရင် သတ္တုတွင်း ဝန်ကြီးဋ္ဌာနက အခုလို ဟိုးလေးတစ်ကြော်ကြော်ဖြစ်အောင်လုပ်ပါ့မလား??? ဒီဝန်ကြီးကရော ကိုယ်လည်ပင်းကိုကိုယ်ပြန်ပြီးကြိုးကွင်းစွပ်ပါ့လား???
    ဒီဖြစ်စဉ်ရဲ ့အသေးစိတ်အထောက်အထားတွေ weekly eleven ရဲ ့on line စာမျက်နှာမှာ နေ ့စွဲ ဖြစ်စဉ် အထောက်အထားတွေကို ဒီနေ ့ဝင်ကြည့်ရင်တောင်သိနိုင်ပါတယ်။

    Reply

    • Thel Nu Aye

      March 22, 2012 at 10:10 pm

      YE YINT THU ရေ တဆိတ်လောက်။ “အထက်က comment ရေးတဲ့ ——– ရေ” ဆိုတာမျိုးကြီး မရေးပဲ Reply ကိုနှိပ်ပြီး ဆက်မန့်ရင်လဲသူ့ကိုပြောမှန်သိပါတယ်။ အဲလိုကြီး နာမည်တပ် တပ်ပြီး ပြောတာတမျိုးကြီးပဲ။ ဒီရွာထဲမှာ အမြင်မတူကြတာတွေအများကြီး ပါ။ မတူတဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းတင်ပြလို့ရပါတယ်။ ဒီလိုနာမည်တပ်တပ်ပြီး ပြန်ပြောတာ ဒီတခါပဲတွေ့ဖူးသေးတော့တမျိုးပဲ။ အမြင်မတူလဲ နဲနဲ နွေးနွေးထွေးထွေးလေးနေကြရအောင် လား။ Reply လေးခံပြီးမသိမသာလေးပေါ့။ ဘာလို့လဲဆိုတော့ သူ့အမြင်ကိုယ့်အမြင်လေးစားရ မယ်လေ။ ငါမြင်တာပဲမှန်တယ်ဆိုတာမျိုးကျတော့တမျိုးပဲ။ ဒီလိုပြောလို့လဲစိတ်မဆိုးပါနဲ့။ ရွာသူား အချင်းချင်းရင်းရင်းနှီးနှီးပေါ့။

      Reply

  • Thel Nu Aye

    March 22, 2012 at 10:08 am

    The Voice Weekly ဂျာနယ် ကတော့ပြောထားပါတယ်။ သူတို့မှာသက်သေခိုင်ခိုင်လုံလုံရှိတာမို့ အရှက်ကွဲချင်ရင်တရားစွဲလိုက်ပါတဲ့။ သတ္တုတွင်းဝန်ကြီး ဋ္ဌာနကအမြင်မှားနေပုံရတယ်။ အရင်ခေတ်ကလို သူပြောလိုက်ရင်ပြီးပြီး။ ဝိတ်သုံးလိုက်မယ်။ အားနဲ့ဖိလိုက်မယ်လို့ယူဆနေပုံရတယ်။ အခုကမီဒီယာခေတ်ဆို တာလောလောဆယ်ဆယ်မေ့နေတာလား။ အထင်မှားနေတာလားတခုခုပဲ။

    Reply

  • three colors

    March 22, 2012 at 10:46 am

    ခိုင်လုံနေတာကြီးကို တရားစွဲ တယ်ဆိုတော့ တရားရေးမဏ္ဏိုုုင် ခေတ်နဲ့ အညီ ပြောင်းမပြောင်း မှတ်ကျောက်အတင်ခံတာဖြစ်မှာပေါ့၊ စာရင်းစစ်ချုပ်ကြီးပါ ဘာလို့ ထည့်မစွဲ သလဲ????

    Reply

  • kai

    March 22, 2012 at 2:02 pm

    ပြည်ထောင်စုဝန်ကြီးများ အပါအဝင် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်ခံရနိုင်
    Tuesday, 20 March 2012 16:03

    ပြည်ထောင်စုဝန်ကြီးများ အပါအဝင် မည်သူမဆို အများနှင့်သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်ခံရနိုင်ကြောင်း အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ သိရသည်။

    အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃) တွင် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံး စားပြုမှု၊ သို့တည်းမဟုတ် လိမ်လည်မှုတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁ဝ နှစ်ထက် မနည်းသည့် ထောင်ဒဏ် ဖြစ်စေ၊ ထို့ပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

    ထိုသို့ မည်သူမဆိုဟူသော စာသားဖြင့် ပြဋ္ဌာန်း ထားသောကြောင့် ပြည်ထောင်စုဝန်ကြီးများ အနေဖြင့်လည်း အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုပါက အခြားသူများနည်းတူ ပြစ်ဒဏ်ကျခံ ရမည်ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ပြောကြားခဲ့ပါ သည်။

    တပ်မတော်၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ ဒေသန္တရ အာဏာပိုင်တစ်ဦးဦး၊ တည်ဆဲ တရားဥပဒေ တစ်ခုခုအရ ဖွဲ့စည်းထားသည့် ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း၊ ဘဏ်၊ အခြားအဖွဲ့ တစ်ခုခု၊ သမဝါယမအသင်း တစ်ခုခု၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက အမိန့်ကြော်ငြာစာဖြင့် ကြေညာသော အသင်းများ၊ စသည်တို့က ပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန် လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်း ထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်း တစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။

    ထို့အပြင် မှတ်ပုံတင်အက် ဥပဒေအရ မှတ်ပုံတင်ထားသည့် အသင်းတစ်ခုခုနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ (၂၆) အရ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထား သော အသင်းတစ်ခုခု၊ ပြည်သူတို့ ဆိုင်ရာ ယုံမှတ်အပ်နှံမှုအဖွဲ့တစ်ခုခု၊ အခြားအဖွဲ့အစည်းတစ်ခုခု စသည် တို့ကပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန်လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်းထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်းတစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သောပစ္စည်း များဖြစ်ကြောင်းအများနှင့်သက်ဆိုင် သော ပစ္စည်းကာကွယ်စောင့်ရှောက် ရေး ဥပဒေပုဒ်မ (၂) သိရသည်။

    အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ၁၉၆၃ ခုနှစ်တွင် ဥပဒေ အမှတ် (၁) ဖြင့်ပြဋ္ဌာန်းခဲ့ခြင်းဖြစ် ပြီး ယင်းဥပဒေသည် ၁၉၄ရ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့် ရှောက်ရေးအက်ဥပဒေနှင့် အလား တူသော်လည်း သီးခြားဥပဒေဖြစ် ကြောင်း အထက်တန်းရှေ့နေတစ် ဦးကဆိုပါသည်။

    ပြည်သူပိုင်ပစ္စည်း၏အဓိပ္ပါယ် ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ (၂) တွင် ရှင်းလင်းဖော်ပြထားပြီး အများနှင့်သက်ဆိုင်သော ပစ္စည်း၏ အဓိပ္ပါယ်ကိုပုဒ်မ (၂) တွင် ရှင်းလင်း ဖော်ပြထားကြောင်း သိရသည်။

    အဓိပ္ပါယ် ရှင်းလင်းချက်တွင် ပါရှိသော စကားရပ်များကို လေ့လာပါက ပြည်သူပိုင်ပစ္စည်းဟူသော စကားရပ်နှင့် အများနှင့် သက်ဆိုင်သော ပစ္စည်းဟူသော စကားရပ်သည် ကွာခြားကြောင်း သိရသည်။

    ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆(၁) အရ ပေးနိုင်သောပြစ်ဒဏ်မှာ ရ နှစ်အထိထောင်ဒဏ်အပြင် ငွေဒဏ်လည်း ပါဝင်ကြောင်း၊ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အရဆိုပါက ပေးနိုင်သောပြစ်ဒဏ် မှာ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁ဝ နှစ်ထက်မနည်းသည့်ထောင် ဒဏ်ဖြစ်စေ၊ ထို့ပြင်ငွေဒဏ်လည်း ပါဝင်သောကြောင့် ပြစ်ဒဏ်ပိုများ သည်ကိုတွေ့ရကြောင်း ဥပဒေအတိုင်ပင်ခံ တစ်ဦးက ဆိုပါသည်။

    အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေ၏ ရည်ရွယ်ချက်မှာ အများ နှင့်သက်ဆိုင်သော ပစ္စည်းတစ်ခုခု နှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှု ကျူးလွန် သောသူများကို ထိရောက်စွာအပြစ် ပေးနိုင်ရန်ဖြစ်ကြောင်းသိရသည်။

    အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေးအက်ဥပဒေ တို့၏ ခြားနားချက်များမှာ အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေက ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှုကို ရည်ညွှန်းကြောင်း ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေး အက်ဥပဒေက တရားမဝင်ဘဲ လက်ဝယ်ထားရှိမှု၊ ခိုးမှု ၊ အလွဲသုံးစားမှု သို့မဟုတ် အကျိုးဖျက်ဆီးမှုကို ရည်ညွှန်းကြောင်း ဥပဒေပြဋ္ဌာန်းချက်များ အရသိရသည်။

    အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုတစ်ခုခုကို ပြည်ထဲ ရေး၏ အခွင့်အမိန့်မရှိဘဲ မည်သည့် တရားရုံးကမှ စစ်ဆေးစီရင်ပိုင်ခွင့် မရှိကြောင်းသိရသည်။
    အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အရေးယူခဲ့ရသည့် ဖြစ်စဉ် အများအပြားရှိခဲ့ကြောင်းလည်း တရားစီရင်ထုံးများအရ သိရပါသည်။
    http://www.news-eleven.com/index.php?option=com_content&view=article&id=12876:2012-03-20-09-37-09&catid=42:2009-11-10-07-36-59&Itemid=112

    Reply

  • ရွာစားကျော်

    March 22, 2012 at 3:18 pm

    ၂၂ မတ်၊ ၂၀၁၂၊ ကြာသပတေး
    ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ဂ၇
    အယ်ဒီတာ့ အာဘော် မှ

    စင်စစ် ကျွန်တော်တို့ စာနယ်ဇင်းတွေ ပြည့်ပြည့်ဝဝ လွတ်လပ်ကြသေးသည်မဟုတ်။ စာနယ်ဇင်းအချို့မှာ မိမိတို့ဖော်ပြလိုသည့်စာများကို ပုံမနှိပ်မီ စိစစ်မှုခံယူရန် တင်ပြနေရဆဲ ဖြစ်သည်။
    သို့သော် သည်ကြားထဲကပင် စာနယ်ဇင်းတို့၏ ရေးသားချက်များနှင့် စပ်လျဉ်း၍ လွတ်လပ်ခွင့်ကို မဆင်မခြင် သုံးစွဲသည့်ပမာ ကြားနေရသည်။ ထို့ပြင် စာနယ်ဇင်းများကို တရားစွဲဆိုမှု၊ တရားစွဲဆိုရန် စီမံမှုတွေလည်း ပေါ်ပေါက်လာနေသည်။
    … စာနယ်ဇင်းလွတ်လပ်ခွင့် သစ်ပင်ကလေး အမြစ်မတွယ်မီ နှုတ်ပယ် နင်းခြေကြမည်လား။
    … စာနယ်ဇင်းလွတ်လပ်ခွင့် ဆုံးရှုံးလျှင် အခြားသောလွတ်လပ်ခွင့်များပါ တစ်နွယ်ငင်တံစဉ်ပါ ဆုံးရှုံးရလိမ့်မည်။
    … စာနယ်ဇင်းလွတ်လပ်ခွင့် သည် ဒီမိုကရေစီစနစ်၏ မရှိမဖြစ်သော အခြေခံအုတ်မြစ် ဖြစ်သည်။
    ထို့ကြောင့်လည်း စာနယ်ဇင်းများသည် နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဟု ဆိုကြခြင်းဖြစ်သည်။
    …. ….
    သို့သော် အမှန်ကိုဖော်ထုတ်သော အလုပ်သည် လူမုန်းများသော အလုပ် ဖြစ်နေတတ်သည်။ တစ်ဖန် မုန်းတီးမှုနှင့်အတူ အန္တရာယ်တို့ တွဲပါလာလေ့ရှိသည်။
    မငြိမ်းချမ်း၊ မငြိမ်သက်သော အရပ်များမှာဆိုလျှင် စာနယ်ဇင်းသမားတို့ လုပ်ကြံသတ်ဖြတ်ခြင်းပင် ခံကြရသည်။ ငြိမ်းချမ်းငြိမ်သက်သည်ထင်ရသော အရပ်ဒေသများမှာလည်း အန္တရာယ်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အသရေဖျက်မှု၊ သူတစ်ပါးထိခိုက်နစ်နာစေမှု စသည့် စွပ်စွဲမှုများအသွင်ဖြင့် ရှိနေတတ်ကြသည်။….

    Reply

  • maungmoenyo

    March 23, 2012 at 8:38 am

    ပြီးခဲ့သော စစိအစိုးရလက်ထက်မှာ လမ်းစဉ်ပါတီခေတ်ကသူတွေ တောင်လက်ဖျားခါရလောက်တဲ့ အကျင့်တရားပျက်တာတွေနဲ့ လာဘ်စားမှုတွေက ထိမ်းမနိုင် သိမ်းမရဖြစ်ခဲ့တာကလား။ ထိပ်ဆုံက ငတိလုပ်တဲ့သူကစပြီး ပကြွင်းမဲ့လုပ်နေတော့ အောက်ကအဆင့်ဆင့်သော တပ်မှူးများ နဲ့ အစိုးရဝန်ထမ်းတွေက ရစရာမရှိအောင်အပြိုင်အဆိုင် အကျင့်ပျက်ခဲ့ကြတာ ဖုံးမနိုင်ဖိမရပါ။ အကျင့်မပျက်တဲ့သူတွေ ဘေးရောက်ပြီး အကျင့်ပျက်သူတွေ စင်ပေါ်ရောက်တဲ့ခေတ်ကြီးပါ။ လက်ရှိအစိုးရထဲပါသူ အနည်းဆုံး လေးပုံသုံးပုံလောက်ကလည်း အဲ့ဒီလက်ရဲဇက်ရဲဒိပ်ဒိပ်ကြဲတွေထဲပါခဲ့ကြတာ အမှန်ပါ။ အရင်က ဝန်ကြီးလုပ်ခဲ့သူတွေ ဘာလုပ်ခဲ့လဲဆိုတာ လက်ရှိဆက်ခံတဲ့ဝန်ကြီးတွေ ကောင်းကောင်းကြီးသိကြပါတယ်။ စနစ်နဲ့ခေတ်ပြောင်းပြီမို့ ဇာတ်တူသားခြင်း ဖုံးဖိကြတာလဲဖြစ်နိုင်ပါတယ်။ တနိုင်ငံလုံးနေရာလပ်မကျန် ရစရာမရှိအောင်လှည်းနေလှေအောင်းမြင်းဇောင်းမကျန် အကျင့်ပျက်ကြချိန်မှာ “မဟုတ်ပါဘူး” “သိက္ခာချပါတယ်” လို့ပြောရင် ဘယ်သူကလက်ခံမလဲ။ အသာ ငြိမ်နေလိုက်ကြတာက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် ဗိုလ်သိန်းထိုက် တယောက်တော့ ခြေလှမ်းမှားပြီလို့ မောင်မိုးညိုက ရဲရဲကြီးဝေဖန်လိုက်တာပါ။

    Reply

  • ရွာစားကျော်

    March 23, 2012 at 11:34 pm

    http://www.mizzimaburmese.com/news/inside-burma/9147-2012-03-23-11-30-58.html
    မော်ဒန်ဂျာနယ်နဲ့ ဆောက်လုပ်ရေးတော့ နှစ်ဘက် ကျေအေးဖို့ လုပ်ကြဘီ
    သတ္တုတွင်းရော ဘယ်ခြေလှမ်း ဆက်လှမ်းမလဲ.. ❓

    Reply

Leave a Reply to three colors Cancel Reply

Your email address will not be published.