ဖရဲသီး တစ်လုံး ကျပ်တစ်သိ်န်းထိ လျော်ကြေးတောင်း

မုံရွာ၊ မတ်- ၁၃
မုံရွာမြို့အနီး ချင်းတွင်းမြစ် သက်ရင့် သဲသောင်ကျွန်းဖြစ်သည့်ရန်အေး ကျွန ်းပေါ်တွင်ယခုနှစ်ဆန်းပိုင်းအတွင်း ပြည်တွင်းစိုက်ပျိုးရေး ကုမ္ပဏီတစ်ခုမှဖရဲစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ ဖရဲသီးခိုးယူစားသောက်သူ များဟု စွပ်စွဲခံရသူများအား ဖရဲသီးတစ်လုံးလျှင်ကျပ်တစ်သိန်းအထိ ပေးလျော်စေခဲ့ကြောင်းညောင်ပင်ဇောက်ကျေးရွာအုပ်စုဒေသခံ များကပြောသည်။
“ချင်းတွင်းမြစ်အတွင်းက ရန်အေးကျွန်းပေါ်မှာ ပြည်တွင်းစိုက်ပျိုးရေးကုမ္ပဏီအမည်ခံ တရုတ် လူမျိုးတွေရဲ့ဖရဲစိုက်ခင်းတွေနှစ် တိုင်းလိုလိုလာစိုက်တယ်။ ဒီနှစ် မတ်လဆန်းမှာ ကျွန်းပေါ်ဖရဲခင်း တွေထဲက ဖရဲသီးခိုးတယ်ဆိုပြီး ကလေးတွေကို ညောင်ပင်ဇောက် အုပ်စု ရပ်ကွက်လူကြီးတွေတိုင်တယ်။ဖရဲသီးခိုးတဲ့ကလေးတွေကို ဖရဲသီးတစ်လုံး တစ်သိန်းနှုန်းနဲ့ ဒဏ်ရိုက် အရေးယူတယ်” ဟု ညောင်ပင်ဇောက် ကျေးရွာအုပ်စု ရွှေကုန်းရပ်ဒေသခံတစ်ဦးကပြောသည်။
“ကျွန်းပေါ်မှာစိုက်ခင်းတွေဆီကကလေးတွေခိုးတယ်ဆိုတာ မကြာခဏကြုံတွေ့ရတဲ့ အဖြစ်အပျက်ပါ။ ကလေးတွေက ချို့တဲ့
တော့ ကျွန်းပေါ်မှာသစ်သီးတွေဟင်းသီးဟင်းရွက်တွေသိပ်ပေါ တာဆိုတော့ ကလေးတွေ စားချင်လို့ ယူတာကို တောင်သူတွေက သိပ်မပြောဘူး။အခုစိုက်ပျိုးရေးကုမ္ပဏီဆိုတော့ စည်းကမ်းက အရမ်းကြီးတယ်။ စိုက်ခင်းထဲ အပြင်သူဝင်တာမကြိုက်ဘူး။ ဖရဲ
သီးခိုးတယ်ဆိုပြီး စံပြအဖြစ်ဒဏ် ရိုက်တာဆိုပေမယ့် ခိုးယူတဲ့ကလေးတွေရဲ့အနေအထားတော့ ပြန်ကြည့်သင့်တယ်” ဟု ညောင်ပင်ဇောက်အုပ်စုဒေသခံ တောင်သူတစ်ဦးကပြောသည်။
သို့သော် ဒေသခံများက အာဏာပိုင်အဖွဲ့သို့တင်ပြပြီးနောက် လျော်ကြေးမပေးရတော့ကြောင်းသတင်းရရှိသည်။မုံရွာမြို့အနီးချင်းတွင်းမြစ် သက်ရင့်ကျွန်းဖြစ်သောရန်အေး ကျွန်းပေါ်တွင် ပြည်တွင်း စိုက်ပျိုး ရေးကုမ္ပဏီများမှကိုင်းကျွန်းမြေ ငှားရမ်းလုပ်ကိုင်းခြင်းအား ၂၀၀ရ နှစ်ဆန်းပိုင်းတွင်စတင် လုပ်ကိုင်ခဲ့ သည်။ အဆိုပါ ဖရဲစိုက်ခင်းများနှစ်စဉ် နွေရာသီတွင် ကိုင်းကျွန်းမြေ
ငှားရမ်းလုပ်ကိုင်ခြင်းကြောင့် မြေ ငှားခများမြင့်တက်လာပြီး ချင်းတွင်းမြစ်ရေကြီးခြင်း မရှိသောနှစ်များ တွင်နုန်းတင်မြေနုမရရှိသဖြင့်ဖရဲ စိုက်ခင်းများငှားရမ်းလုပ်ကိုင်းခြင်း မရှိကြောင်း သိရှိရသည်။
 7Day News Journal

5 comments

  • အသူရာ

    March 21, 2012 at 9:45 pm

    ဒီတရုတ်တွေကတော့ကွာ နာချင်မွှေးထောင်နေပြီထင်တယ် 👿

    Reply

  • water-melon

    March 22, 2012 at 7:16 am

    ဟယ် ငါအမျိုးတွေဈေးကောင်းရနေပြီ
    ူဒီဖရဲသီးကျတော့ အလကားပေးတောင်မယူကြပါဘူး

    ဖရဲမျုိုးစေ့တစ်ဘူးတောင် ဘယ်လောက်လဲမသိဘူး
    မေ့နေပြီ
    မျိုးစေ့ဘူးကလည်း ဈေးကြီးတယ်ဗျ

    Reply

    • Thel Nu Aye

      March 22, 2012 at 10:10 am

      ခွေးဖိုးတထောင်ကြောင်ဖိုးတသိန်းတဲ့။ ရှေးစာဆိုရှိတယ်။ ဘယ့်နှာကြောင့် ဒီ ဖရဲ ကျမှ တသိန်းတုန်း။

      Reply

  • kaung kin pyar

    March 22, 2012 at 8:44 am

    ဟိုဖရဲကျတော့ စားရတယ်လေ..။ မဖြဲကျတော့ ကျွေးရမှာစိုးလို့ ဖြစ်မယ်။ ပုံထဲမှာတောင် တစ်ချိန်လုံး ထိုင်စားနေတော့ ကြောက်ကြပြီပေါ့…..။ ဟီး..ဟီး..။ နောက်တာနော်။

    Reply

  • snow white

    March 22, 2012 at 2:09 pm

    ဖရဲသီးတစိတ်ကို 200ဘဲရှိပါတယ် မတရားတောင်းတာ
    သူတို့ကိုဘယ်လိုလုပ်ရမလဲမသိဘူး မတရားစားမတရားခံရမယ် တရုတ်တွေ

    Reply

Leave a Reply

Your email address will not be published.