ဒါတွေကတော့ ကျနော်တို့ဟာတွေလို့ထင်တာဘဲဗျာ

1 ရွှေလီတံတားအဆင်းမှာ စိုက်ထားတဲ့သစ်ပင်တွေ
2 ဒီအပင်တွေက အပင်ကြီးတွေကို ယူပြီး လာစိုက်ထားတာပါ
3 လမ်းလယ်ခေါင်မှာ အပင်အကြီးကြီးတွေကိုယူစိုက်ထားတာ
4 ရွှေလီမှာရှိတဲ့ ပန်းပုနဲ့ အင်ကြင်းကျောက်အရောင်းဆိုင် ဒီကုန်ကြမ်းတွေဘယ်ကလာ
5 ဒီသစ်မြစ်ဆုံဘယ်ပုံဘယ်နည်းနဲ့ရောက်လာတယ်မသိ
6 ဒါနာဂစ်အလွန်က ပစ္စည်းတွေလို့ပြောကြတယ်
7 မြန်မာပြည်ဖွားသစ်မြစ်ဆုံ
8 ဒါတောင် ဓါတ်ပုံထဲမပါတာ ကျန်သေးတယ်

           ‘ဒါတွေကတော့ ကျနော်တို့ဟာတွေထင်တာဘဲ”

 

မယ်ပုရဲ့သစ်ခွပန်းပိုစ်ကိုဖတ်မိတော့ ကျနော်တို့ရဲ့သယံဇာတတွေဆုံးရှူံးတာ

မတန်တဆနဲ့သူများဆီရောက်သွားတာကို ဖတ်ရတော့ အတွေးလေးတွေပွားမိပါတယ်။

မြန်မာပြည်က ပြောင်းဖူးကိုဈေးပေါပေါရောင်း။

ဟိုဘက်က မုန့်ပုံးတွေလုပ်ပြီး ဈေးကြီးကြီးနဲ့ပြန်ဝယ်စားကြရတယ်။

ဒီဘက်က သစ်တွေအလုံးလိုက်ထုတ်။

ပြီးတော့မှကုန်ချောနဲ့ပြန်ဝင်တော့ဈေးကြီးပေးဝယ်။

2010မေလ ရွှေလီရောက်တော့ တံတားအဆင်းမှာ သစ်ပင်တွေစိုက်နေတာ။

အပင်အကြီးတွေကို အပင်လိုက်ကြီးနုတ်လာပြီးစို်က်တာလေ။

နုတ်လာတဲ့အပင်က မြေကြီးတွေတောင် အိတ်နဲ့ထည့်လာတာ။

ပိန္နဲပင်ဆိုရင် အသီးလေးတွေတောင်ပါတယ်။

နောက် ပန်းပုလုပ်တဲ့အိမ်ရှေ့မှလဲ သစ်မြစ်ဆုံတွေပုံထားလိုက်တာ

အများကြီးဘဲ။

မြန်မာစကားပုံကြားဘူးတယ်မလား။

ဥစ္စာပျောက်ငရဲရောက်တဲ့။

           ‘ဒါတွေကတော့ ကျနော်တို့ဟာတွေထင်တာဘဲ”

 

ကျနော်လဲ အဲလိုဖြစ်ခဲ့ရပါသဗျား။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး

(13-3-2012)

29 comments

  • Rose Minn

    March 13, 2012 at 2:12 pm

    တို့ဟာတွေ တို့ပြန်ပေးလို့တောင်တောင်းရမယ့်အဖြစ်ပါလားနော်။ရောင်းတဲ့သူကလည်းပိုက်ဆံရလို့ရောင်းတယ်။ ဝယ်တဲ့သူက လည်းပေါချောင်ကောင်းရလို့ ဝယ်တယ်။ ဈေးကြီး ကြီးနဲ့ ကိုယ့်နိုင်ငံထဲဝင်လာတော့ ကိုယ်တိုင်းရင်းသားတွေ သာ ခံ။ တန်ပါပေ့ အေ။ တန်ပါပေ့။ နိုင်ငံရဲ့ အမွေနှစ်တွေ ဆုံးရှုံးသွားလေခြင်း။

    Reply

  • ကျနော်တို့ဆီကလူတွေက လတ်တလောရတဲ့ငွေဘဲမြင်တာ။
    ဒီလိုသစ်ပင်တွေရောင်းတာ ကိုယ့်ရာသီဥတုကိုရောင်းလိုက်တာနဲ့အတူတူဘဲဆိုတာ
    သဘောပေါက်သင့်တယ်။
    သစ်ပင်တွေခုတ် အလုံးလိုက်ရောင်း.
    အပင်ပြန်မစိုက်
    ရာသီဥတုပြောင်း
    မိုးခေါင်။
    ရေရှား
    သီးနှံပျက်
    ကပ်ဆိုက်
    ငတ်
    မွဲ
    မြန်မာတွေအရှည်ကိုတွေးသင့်ပြီ။

    Reply

  • cobra

    March 13, 2012 at 3:06 pm

    ပြန်သွားတောင်းရင်ပေးပါ့မလား။
    ပြန်ဝယ်ရင်ရောရောင်းပါ့မလား။
    နှမျောလိုက်တာ………

    Reply

    • မောင်ပေ

      June 20, 2012 at 12:25 pm

      ကလေးပေါက်သွားလုပ်လို ့ဘယ်ဖြစ်မလဲ…နော
      ဟီဟိ
      ခပ်တည်တည်နဲ ့လူကြီးဆန်ဆန် ပြောဆိုရမှာပေါ့နော
      ဟုတ်တယ်ဟုတ် ကိုကိုပေါက်

      Reply

  • ရွှေဘိုသား

    March 13, 2012 at 5:21 pm

    အင်း ကျနော်တို့ ဗမာလူမျိုးတွေမှာလည်း ကိုယ့်ထမင်းကိုယ်စား ဂျီးတော်နွားကျောင်းပေးနေရတဲ့အဖြစ်ပဲဗျာ

    Reply

  • ကြောင်ကြီး

    March 13, 2012 at 5:32 pm

    ကြေးမုံလေးပြောတော့ သူ့အမျိုး တရုတ်ကြီးက သနားလို့ မြန်မာပြည်လာ အရှုံးခံ စီးပွားရေးလုပ်နေတာ ဆိုပဲ…။ ဦးပေါက်က ကြေးကြေးကို စိန်ခေါ်တာလား…။ ဟိုက အမေရိကန်၊ ဥရောပနဲ့ ဂျပန်ကိုတောင် အကြွေးနဲ့သိမ်းတော့ မလို့တဲ့…။ ကြေးလေးရေ ဦးကြောင်ကြီးကိုတော့ ကက်ကက်လန်ရန်တွေ့ပြီး မန်းလေးသား ဦးပေါက်ကြမှ မျက်နှာမလိုက်ကြေးနော်…။

    Reply

  • နေဝန်းနီ

    March 13, 2012 at 6:07 pm

    မပေးပေးပေး………. ငါ့ရွှေခွက်ပြန်ပေး

    Reply

  • water-melon

    March 13, 2012 at 6:27 pm

    ဝ ကတော့ မြန်မာပြည်က သံယံဇာတ မှန်သမျှ
    အလကားရော ပိုက်ဆံနဲ့ရော ဈေးကောင်းပေးဝယ်တယ်
    မြန်မာပြည်က မြေကွက်တွေကိုရော ဝက ဝယ်အုန်းမှာ
    ဝတို့တရုတ်ပြည်မှာ မြေကွက်ဈေးကြီးတယ် မြန်မာပြည်မှာ ဝအများကြီးဝယ်ထားတယ် 🙁

    Reply

    • “ဝ” ကလည်း “၀” သုည ဖစ်နေပီ … 😀
      ဟီးဟိ …
      ဖရဲသီး နောင်ခါ “၀” သုည နဲ့ “ဝ” ဝလုံး ကို ကွဲအောင်ရေး ကြားလား …
      မှားရင် ခေါင်းခေါက်ပစ်မှာ … ဒေါင် ….. 😀

      ဖရဲသီးအား
      ငယ်ငယ်က စာသင်ပြရင်း
      ခေါင်းကို သံတုတ်ကြီးကြီးဖြင့် ခဏခဏ ခေါက်ခဲ့ဖူးတဲ့
      ကျောင်းဆရာ
      (မယုံရင် ဖရဲသီးခေါင်းကို ကြည့်၊ ကျုပ်လက်ရာတွေကို တွေ့လိမ့်မယ် .. 😀 )

      Reply

  • Khin Latt

    March 13, 2012 at 8:07 pm

    ကိုပေါက် ရေ –
    တရုတ်နိုင်ငံ ကလဲ ကြည့်ရတာ လဲ သူတို့ကလဲ မြန်မာပြည် က ဟာတွေယူ၊ မြန်မာပြည် ကို လဲ သူတို့ ပိုင်တာတွေ ခွဲပေးဖို့ စိတ်ရှိနေကြပါတယ်။
    ကာဘွန်ဒိုင်အောက်ဆိုက် လေထုညစ်ညမ်းမှု တွေကို ပေါ့။ 👿

    ဒါမျိုး များများ ဆွပေးပါ ကိုပေါက်ရေ့။

    Reply

  • ကိုလတ်ရေ ဒီပုံလေးတွေက 2010မေလတုံးကပါ.
    ဒါပေမယ့် အခုအချိန်ထိခေတ်မှီနေသေးတယ်ထင်လို့တင်ပေးလိုက်တာပါ။

    Reply

  • pooch

    March 13, 2012 at 10:00 pm

    လေးပေါက် ဝေဒနာတိုးအောင်လုပ်နေပြီ။
    ဒီတခေါက်ရောက်ရင် ဒီထက်စုံအောင် နှိုက်ခဲ့ ရိုက်ခဲ့ပါလေးပေါက်။

    Reply

  • kotun winlatt

    March 13, 2012 at 10:01 pm

    အင်းးးးးသိပ်တော့ မပြောရဲဘူးဗျ…
    တရုတ်ကြီးတစ်ယောက်ပြောဘူးတယ်…
    မင်းတို့ဗမာတွေကို တနားလို့ကြည့်နေတာဒဲ့…
    ငါတို့တရုတ်ပြည်သူတွေ အားလုံးရှူးနဲ့ ဝိုင်းပန်းလိုက်ရင်
    မင်းတို့မြန်မာပြည်ရေမျှောသွားမယ်ဆိုပဲ….
    …………………………………………..
    လေးပေါက်ရေ….
    အဲ့တာတွေအားလုံးဟာ မြန်မာပြည်ကဆိုတာ
    သေချာတာပေါ့ဗျာ…..
    ဘာရရ အကုန်ယူတာပါပဲ…….

    Reply

  • ကျနော်တို့ကလဲ အပေးကောင်းတာကိုးဗျ။
    ိစိတ်ချမယ်ပု ငါရောက်တဲ့နေရာမှန်သမျှတော့ အပီအပြင်ရိုက်မှာနှက်မှာ။
    ဟိုတစ်ခါသွားတုန်းက ပြန်ခါနီးမှ ကင်မရာဝယ်လို့ ဒီလောက်ဘဲကြည့်ရတာ။
    နို့မိုရင်တော့လား

    Reply

  • metallic

    March 13, 2012 at 10:18 pm

    ဟူး……
    ရင်မောရပါ၏

    Reply

  • padonmar

    March 14, 2012 at 2:56 am

    ကိုပေါက်ရေ
    Value added ဆိုတာတွေ လုပ်ဖို့ နည်းပညာ၊
    ပညာရှင်တွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့် အာမခံချက်၊
    ကာလရှည် ရင်းနှီးမြှုပ်နှံချင်လာအောင် ဆွဲဆောင်နိုင်မယ့် စီးပွားရေး တည်ငြိမ်မှု၊
    ဆိုတာတွေ ရှိလာတဲ့တစ်နေ့ ကျွန်မတို့ ဘယ်သူ့ ခေါင်းပုံဖြတ် အမြတ်ထုတ်တာမှ မခံရတော့ဖူးပေါ့၊
    ခုတော့ ……….

    Reply

    • Khin Latt

      March 14, 2012 at 3:04 am

      အစ်မ ပဒုမ္မာ – မနက် အစောကြီး။ ၅နာရီ????
      ကွန်ပျူတာနဲ့ မျက်နှာသစ်နေပြီလား။ 🙂
      Good Morning!

      ပွိုင့်ဖြတ်ချင်ဖြတ် ပါသူကြီးရယ်။ ကိုယ်နဲ့တူတူ ရွာထဲမှာ တွေ့ လို့ ဝမ်းသာအားရနှုတ်ဆက်တာပါ။
      နီချင်သူများလဲ လက်ညောင်းခံနိုင်ရင် နီပါ။ 😆

      Reply

  • ကိုလတ်
    ကျနော်ညမအိပ်တာကျတော့ ကိုပေါက် ညမိုးချုပ်ကြီးအထိကိုဓါတ်ပုံတွေစောင့်တင်တာလားလို့
    တစ်ခါမှ မမေးဘူး။
    စိတ်ဆိုးတယ်။
    မခေါ်ဘူး………………….သုံးစက္ကန့်

    Reply

    • Moe Z

      March 14, 2012 at 10:42 am

      လေးပေါက်ရေ လေးစားပါတယ်
      ကိုယ်တိုင်က ရုံးချိန်ကဖဲ့သုံးပြီး သူများပေးတဲ့ဗဟုသုတတွေကိုထိုင်ယူနေတာ
      လေးပေါက်တို့လိုအိပ်ရေးအပျက်ခံပြီး ပညာပေးနေတဲ့သူတွေကို အားကျပါ၏။
      အချိန်လုပြီး ပြီးစလွယ်ဝင်ဖတ်နေတော့ တစ်ချို့လေးနက်တဲ့ပို့စ်တွေဆို ကွန်မန့်မပေးဖြစ် နောက်ဆိုရွာထဲတောင်ဝင်နိုင်ပါ့တော့မလားပဲ …

      Reply

  • Ma Ei

    March 14, 2012 at 10:17 am

    … … … …
    … … … …
    ငွေနဲ့လဲလိုက်ကြတယ်လေ…

    Reply

  • Mon Kit

    March 14, 2012 at 10:35 am

    ်မြန်မာပြည်မှာ ရှိသမျှ အဘိုးတန်ချည်းဘဲမို့
    မြန်မာ လူမျိုးတွေရဲ့ အင်းအင်းပါ လိုချင်နေအုံးမယ်..
    အဲ စီလုတ်တွေက….

    Reply

  • snow white

    March 14, 2012 at 4:40 pm

    ရွှေလီမှာရှိတဲ့ ပန်းပုနဲ့ အင်ကြင်းကျောက်အရောင်းဆိုင် ဒီကုန်ကြမ်းတွေဘယ်ကလာ မြန်မာပြည်ကလာ ဟုတ်လားတော့သိဘူးကြောက်တော့ကြောက်တယ် ရေးရတာရင်တောင်တုန်တယ်

    Reply

  • unclegyi1974

    March 14, 2012 at 11:32 pm

    ရောင်းတဲ့သူကရောင်းတယ်
    ခွင့်ပြုတဲ့သူကခွင့်ပြုတယ်
    ဝယ်တဲ့သူကဝယ်တယ်

    သူများဆီမရောက်စေချင်ရင်
    ဝယ်ရင်လည်းမရောင်းနဲ့
    ရောင်းရင်လည်းခွင့်ပြုတဲ့သူကတားမြစ်ထား

    ကဲဒီသံသရာဘယ်ကစဖြတ်မလဲ

    Reply

    • စစ်ကဲ

      June 20, 2012 at 1:11 pm

      ခွင့်ပြုတဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို အရင်စဖြတ်ရမယ်

      Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.