ပြည်သူ့အတွက်တရားဥပဒေ။

Kyi LwinMarch 13, 20121min01
အေးဗျာ။ ဒီလို သတင်းတွေ ရေးတင်နေတော့ ပြည်သူတွေလည်း သိရတာပေါ့။ ခက်နေတာက ကျွန်တော့အစ်ကိုအရင်း စစ်မှုထမ်းဆဲ အရာရှိ ခင်မျာ တာဝန်ကျ လေတပ်စခန်းမှာ စအဖတွေက စုံစမ်းစစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားခြင်းခံရတာ ခုဆိုရင် နှစ်လခွဲကျော်နေပေမယ့် ဘာသတင်းမှ တရားဝင်မရသေးပါ။ အတည်ပြုပေးဖို့ ငြင်းဆန်မှာ ဖြစ်တဲ့ သတင်းဇာစ်မြစ်တွေ အဆိုအရတော့ သူ့ခင်မျာ စည်းလုံးခြင်းသည် အင်အားလို ဝက်ဘ်ဆိုက်မျိုးမှာ သက်ဆိုင်ရာ လက်ရုံးတပ်ရဲ့ သတင်းတွေ ပေးပို့နေတဲ့အထဲ ပါနေလို့ ရာထူးချ၊ အကျဉ်းချခံနေရတယ်လို့သိရတယ်ဗျ။ သူ့ရဲ့ မိသားစုအနေနဲ့လည်း လစာမရတာ နှစ်လရှိနေပါပြီဗျာ။ နေဖို့ ပေးထားတဲ့လိုင်းခန်းကလည်း ဆင်းပေးလိုက်ရပါပြီ။ အင်တာနက်မရတဲ့ လေတပ်စခန်းကို အပို့ခံထားရတုန်းကတောင် ခင်ဗျားတို့ ဝက်ဘ်ဆိုက်မှာ သတင်းတွေ တက်နေတာမို့လို့ ကျွန်တော့အစ်ကိုခင်မျာ တကယ်လုပ်နေသူအစား အစွပ်စွဲခံနေရတယ်လို့ပဲ မိသားစုုက မှတ်ယူပါတယ်ဗျာ။ ကာယကံရှင်နဲ့ တွေ့ခွင့်မရမချင်း အခြေအနေမှန်ကို မသိနိုင်သေးတဲ့အတွက်သာ သက်ဆိုင်ရာ မိသားစုအနေနဲ့ ဘုရားမှ တစ်ပါး ဆုတောင်းစရာမရှိလို့ပဲ သတ်မှတ်ပြီး စောင့်မျှော်လျက်ရှိကြောင်းပါ။

ဒီစာက ဖိုးတရုတ်ကင်းရဲ့ ဖေ့စ်ဘုတ်ခ်မှာလာရေးထားတာ။ဖတ်သာကြည့်ပေတော့။  တရားဥပဒေဆိုတာ လူတိုင်းအတွက်အားကိုးအားထားဖြစ်

မှ ဥပဒေရဲ့တန်ဖိုးရှိတော့မပေါ့။ လူတယောက်ရဲ့ ဘဝရပ်တည်မှုကိုအလေးမထားတာ

လူတယောက်ကိုလူ့တန်ဖိုးကနေနှိမ့်ချထားတာ။ ထားရာနေစေရာသွား သေစေလိုကသေဆိုတာမျိုးတွေက အာဏာရှုင်တွေရဲ့လက်ရုံးအားကိုးနှိပ်စက်မှုတွေပဲ။ဒါတွေကို အများပြည်သူတွေသိပြီးဆန့်ကျင်ဖို့က တိုင်းသူပြည်သားတိုင်းရဲ့တာဝန်။

One comment

  • siamonone

    March 13, 2012 at 9:02 pm

    တီထွင်ဆန်းသစ်ခြင်း = ပညာ + လွတ်လပ်ခြင်းတဲ့ ..
    Google ကိုတီထွင်ခဲ့တဲ့ သူနှစ်ယောက်ရဲ့ မိဘတွေက ပြောတာ ..
    သူတို့က ရုရှားကလေ … ပြီးတော့ မှ အမေရိကကိုပြောင်းလားတာ .. ဘာဖြစ်လို့လဲဆိုတော့ .. အပေါ်က equation လေးအရပေါ့ .
    ကျွန်တော်တို့လည်း ဒီ equation လေးကိုလိုက် နာသင့်တယ်နော ..

    Reply

Leave a Reply

Your email address will not be published.