kaiAugust 4, 20104min02
အဲဒီလူကြီး အသက် ၄၉နှစ်ပြည့်ပါသတဲ့..။ မွေးနေ့မှာ နိုင်ငံရေးအတွက် မဲဆွယ်နေရတာနဲ့ မိသားစုနဲ့ အချိန်မပေးနိုင်ဖြစ်နေပုံရပါတယ်။ သူ့မိသားစုကလည်း စပိန်လည်လည်သွားနေပါတယ်။ ဘာဖြစ်လို့လဲတော့မသိ..။ အဲ..ဝါသနာပါရင် မွေးနေ့ကဒ် လက်မှတ်ဝင်ထိုးပို ့နိုင်ကြောင်းပါ…တဲ့။ လက်မှတ်ထိုးပြီးရင် ရံပုံငွေကောက်မဲ့နေရာရောက်မှာမို ့..ငွေမထည့်ပဲ လစ်လာလဲဖြစ်တာပါပဲ။ အောက်က သူတို့ပို ့တဲ့စာပါ..။ မူရင်းအတိုင်းပဲ..။ စကားမစပ်..ဟိုလူကြီးက အသက်ဘယ်နှနှစ်ကို ဘယ်နေ့မှာ ပြည့်မှာပါလိမ့်..။ တိုင်းပြည်ခေါင်းဆောင်နေပါတယ်ဆိုသူကို မွေးနေ့တောင် တိတိကျကျမသိရတာ..တယ်မဟန်တာပဲနော…။ Friend — Today’s the President’s 49th birthday, and I just heard how many of you have signed his birthday card so far: 1,266,611 as of […]


DaveDecember 22, 20091min00
တတိယအနေနဲ့ပြောရရင် တရားမျှတတဲ့ငြိမ်းချမ်းရေးမှာ မြို့ပြနဲ့ နိုင်ငံရေးအခွင့်အရေးတွေ ပါဝင်နေကြ ပါတယ်။စီးပွားရေး၊လုံခြုံမှုနဲ့ အခွင့်အလန်းလည်းပါဝင်ပါတယ်။စစ်မှန်တဲ့ငြိမ်းချမ်းရေး အတွက်ဆိုတာ  ကြောက်ရွံ့ခြင်းက ကင်းလွတ်ရုံသက်သက်မဟုတ်ပါဘူး။ချို့တဲ့မှုကလည်း ကင်းလွတ်ဖို့လိုပါတယ်။ အကြွင်းမဲ့မှန်ကန်တာကတော့ ဖွံ့ဖြိုးမှုဟာ လုံခြုံမှုမရှိဘဲ အခြေတည်အမြစ်တွယ်ခဲပါတယ်။အလားတူပဲ လုံခြုံရေးဆိုတာ လူသားတွေမှာ လုံလောက်တဲ့အစားအစာ၊သန့်ရှင်းတဲ့ရေ၊သူတို့ရှင်သန်ဖို့လိုအပ်တဲ့ဆေးဝါး မရှိဘဲ ဖြစ်တည်နိုင်ခြင်းမရှိပါဘူး။ကလေးသူငယ်တွေ တူတူတန်တန်ပညာသင်ယူခွင့်မရှိတဲ့နေရာ၊ မိသားစုအတွက်ထောက်ပံ့နိုင်တဲ့အလုပ်မရှိတဲ့နေရာတွေမှာလည်း ဖြစ်တည်နိုင်မှာမဟုတ်ပါဘူး။ မျှော်လင့်ချက်မရှိခြင်းဟာလည်း လူ့အဖွဲ့အစည်းတစ်ရပ်ကို ဆွဲထုတ်ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။


DaveDecember 21, 20091min00
လတ်တလောပြစရာနမူနာကတော့ နျူကလီးယားလက်နက်တွေပြန့်ပွားမှုကို တားဆီးဖို့နဲ့ နျူကလီးယားလက်နက်မဲ့ကမ ္ဘာကြီးဖြစ်လာစေဖို့ ကြိုးပမ်းမှုပါပဲ။လွန်ခဲ့တဲ့ရာစုအလယ်မှာ နိုင်ငံတွေဟာ စာချုပ်တစ်ရပ်ချုပ် ဆိုဖို့ သဘောတူညီခဲ့ပြီး ဘယ်သူတွေအတွက်စာချုပ်ချုပ်ခဲ့သလဲဆိုတာ ထင်ရှားစေခဲ့ပါတယ်။အားလုံးဟာ ငြိမ်းချမ်းသောနျူကလီးယားအင်အားကိုတပ်ဆင်ထားမယ်။နျူကလီးယားလက်နက်မရှိသူတွေကရှိအောင် မလုပ်ကြတော့ဘူး။နျူကလီးယားလက်နက်တွေ ပို်င်ဆိုင်တဲ့နို်င်ငံတွေက လက်နက်ဖျက်သိမ်းရေးအတွက်ရှေ့  ရှုဆောင်ရွက်ကြမယ် စသည်ဖြင့်ပေါ့။ဒီစာချုပ်ကို ကျွန်တော်စွဲကိုင်ထားရမှာဖြစ်ပါတယ်။ဒါဟာ ကျွန်တော့် နိုင်ငံခြားရေးမူဝါဒရဲ့ ဗဟိုပြုချက်ပါပဲ။ပြီးတော့ အမေရိကန်နဲ့ရုရှားနျူကလီးယားလက်နက်တွေကို လျှော့ချပစ်ဖို့ ရုရှားသမ္မတ ဒီမီထရီမက်ဒ်ဗေဒက်နဲ့ ပူပေါင်းဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အီရန်၊မြောက်ကိုရီးယား အစရှိတဲ့နိုင်ငံတွေဟာ ဒီစနစ်ကိုရမ်းရမ်းကားကား မလုပ်မိစေဖို့ရာ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။နိုင်ငံတကာတရားဥပဒေကို လေးစားလိုက်နာဖို့ ကတိကဝတ်ပြု ထားကြသူတွေက အဲဒီဥပဒေတွေကို ထိပါးတဲ့သူတွေရှိလာတဲ့အခါ မျက်ကွယ်ပြုထားလို့ မရပါဘူး။မိမိတို့လုံခြုံရေးအတွက်အလေးထားသူတွေအနေနဲ့ အရှေ့ အလယ်ပိုင်နဲ့အရှေ့ အာရှက လက်နက်ယှဉ်ပြိုင်မှု       အန ္တရာယ်ကို လစ်လျူရှုလို့ မရပါဘူး။ငြိမ်းချမ်းရေးရှာဖွေသူတွေဟာ နျူကလီးယားစစ်ဖြစ်စေဖို့ လက်နက်တပ်ဆင်လာတဲ့အခါမှာ အသာတကြည်ရပ်ကြည့်နေလို့ မရပါဘူး။ ကိုယ့်ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်ခြင်းအားဖြင့် […]