kaiMarch 15, 20101min00
အကြိမ် ၄ဝ မြောက် International Writing Program ကိုတက်ရောက်ခွင့်ရသဖြင့် အမေရိကန်နိုင်ငံ အိုင်အိုဝါ စီးတီးသို့ ဩဂုတ်လထဲက ရောက်နေကြသော ကျွန်မတို့ စာရေးဆရာတစ်သိုက်၏ ခရီးစဉ်က မကြာခင်ပြီးဆုံးတော့မည်။ နိုဝင်ဘာ ၁ဝ ရက်နောက်ပိုင်းကာလကို Travel Period ဟု သတ်မှတ်ပြီး ကျွန်မတို့တတွေကို အမေရိကား၏ ထင်ရှားသောမြို့ကြီးတချို့ကို ပို့ဆောင်လည်ပတ်စေသည်။ ကျွန်မတို့၏ နောက်ဆုံးခရီးစဉ်က နယူးယောက်ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှ စာရေးဆရာအားလုံး နယူးယောက်တွင်လမ်းခွဲ၍ ပြန်လည်ထွက်ခွာရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကွဲကွာနေပြီး ပြန်မဆုံဖြစ်သေးသော ကျွန်မသူငယ်ချင်းတွေက နယူးယောက်မှာရော ဝါရှင်တန်ဒီစီမှာပါ ရှိကြသည်။ သူတို့က ရောက်တုန်း ရောက်ခိုက် သူတို့နှင့်တွေ့ဆုံလည်ပတ်ဖို့ စီစဉ်လေတော့ ကျွန်မမှာ DC တွင် တစ်ပါတ်၊ နယူးယောက်တွှင် ၁၃ ရက် သောင်တင်သွားသည်။ မြန်မာပြည်တွင်းမှ […]