၂၀၀၆ ခုနှစ်မှစ၍ အယ်ဒီတာ့သင်ပုန်းရေးခဲ့သည်မှာ ယခုလအပါအဝင်တွင် သင်ပုန်းဝင်ပုဒ်ရေ ၁၀ဝ ပြည့်ပါသည်။ ယခုုဧပြီလသည် မြန်မာတို့၏နှစ်သစ် ၁၃၇၉သို့ ကူးပြောင်းသောလလည်းဖြစ်၏။ အမေရိကရောက်မြန်မာတို့အတွက်မူ ဇန်နဝါရီမှစ၍ ခရစ်နှစ်ကူး၊ ချိုင်းနီးနယူးရီးယားနှင့် ယခုမြန်မာနှစ်ကူး ဆင့်ဆက်လာခဲ့ပေရာ (တိုင်းရင်းသားတို့၏နှစ်ကူးများထည့်မတွက်ပါသေးငြား )ကူးလှချည့် မြန်မာဟုသာဆိုရပေမည်။ မှန်ပါသည်။ ကူးသည်များသလို ကုန်သည့်အချိန်တို့မြန်လှပါ၏။ မြန်သောအချိန်တို့ကို သုံးသတ်ချုံ့ခြုံရေးပါမည်။ စာနယ်ဇင်း ဤသူဦးဆောင်ထုတ်ခဲ့သော ဂဇက်တို့သည် မြန်မာပြည်ပ နိုင်ငံရပ်ခြားတွင် ပုံမှန်ထုတ်အကြာဆုံးနှင့် စောင်ရေအများဆုံးဖြန့်နိုင်ထုတ်နိုင်ခဲ့သည်ဟု ဂုဏ်အတင်းယူကာဆိုရမည်။ မြန်မာပြည်အထိပင် ခြေလှမ်းကျယ်၍ ထုတ်ဝေနိုင်ခဲ့သည်။ ဟံသာဝတီဦးဝင်းတင်သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် အကြံပေးအယ်ဒီတာအဖြစ်လုပ်ကိုင်စဉ် ၁၉၅၄ မှ ၁၉၅ရ ထိ “ဒို့ပြည် သတင်း” သတင်းစာ စောင်ရေ ၅ဝဝ ခန့် ထုတ်ခဲ့ဖူးသည်ဆိုပါသည်။ မြန်မာပြည်ပထုတ်အစောဆုံးတခု ဖြစ်နိုင်ကောင်း၏။ ထိုခေတ်က မြန်မာနိုင်ငံပြင်ပတွင် […]
