kaiJune 25, 20171min05
“I was elected to represent the citizens of Pittsburgh, not Paris,” – President Trump ဆင်းရဲနိုင်ငံ ၄၈ နိုင်ငံ(လူသန်း၁၀၀၀) အကျိုးရှိပြီး ကာဗွန်အတွက်လျှော်ကြေးများလည်း ရနိုင်ချေရှိအောင်ချုပ်ဆိုထားတဲ့ ပါရီရာသီသဘောတူညီချက် Accord de Paris ကနေ အမေရိကားနှုတ်ထွက်တော့မယ်ဖြစ်ကြောင်း ဇွန်လ၁ရက်နေ့က သမ္မတထရမ့်ကြေညာပါတယ်။ သူဒီလိုလုပ်တာဟာ ရွေးကောက်ပွဲမဲဆွယ်ကတိအတိုင်းအကောင်အထည်ဖေါ်တာဖြစ်ပြီး အမေရိကန်တွေရဲ့ အကျိုးစီးပွားထိခိုက်လို့ပါလို့ဆိုပေမယ့် အရင်ကတဲက တောက်လျှောက်ပြောလာခဲ့တဲ့ ကမ္ဘာပူနွေးမှုဆိုတာဟာ လုပ်ကြုံ-လံကြုပ်ကြီးပါဆိုတာကိုတော့ ထပ်ပြောတာမတွေ့ရသလို မီဒီယာတွေဖိမေးကိုလည်း ရှောင်ဖြေနေတာပါ။ ဇွန်လ ၂၁ရက်နေ့မှာတော့ သူ့ဂတိအတိုင်းအကောင်အထည်ဖေါ်ခဲ့လို့ အမေရိကန်ကျောက်မီးသွေးတွင်းထွက်တူးအလုပ်သမားပေါင်း ၃၃၀၀ဝအလုပ်ပြန်ရပြီးကြပြီလို့ကြေညာပြန်ပါတယ်။ လောလောဆယ် အခြေအနေတွေအရ အမေရိကားစီးပွားရေးရဲ့ စံနှုန်းပြရေချိန်တိုင်လို့ဆိုရမယ့် စတော့ရှယ်ရာဈေးကွက်က အညွှန်းကိန်းတွေထိပ်မှာချည်းတက်ကပ်နေသမို့ သမ္မတထရမ့်ရဲ့ ပေါ်လစီတွေဟာ မှန်နေ(သေး)တယ်ဆိုရမယ်ဖြစ်ပါတယ်။ အမေရိက (တရားခံ) […]


black chawJune 25, 20171min043
မအေးသောင်း တဲ့။ ခုတလောဖေ့စ်ဘုတ်မှာ စတားဖြစ်နေသူလေး။ ဘယ်သူများလဲလို ့ စုံစမ်းလိုက်တော့ အော် အေးဝတ်ရည်သောင်း ကြီးပါလား ဟ။ ဘယ့်နှယ့် အနုပညာနယ်ထဲရောက်တာ ကြာ ကြာလှပေါ့။ ခင်ဗျာ အခုမှ ပေါက်ရရှာ။ အရွယ်တော်တဆိတ်ဟိုင်းကာမှ ဖေ့စ်ဘုတ်ပေါ်မှာ ဝုန်းဒိုင်းကိုကျဲလို ့ မအေးသောင်းမှ မအေးသောင်းဆိုသူတွေက မရှား။ ဒီနေ ့မအေးသောင်း ချစ်ခင်သူ လူပျိုကြီး တစ်ယောက်နဲ ့ဆွေးနွေးတော့ ဟိုတုန်းက မအေးသောင်းက ဟော့ရှော့တွေ ဝတ် ဆိုသကိုး။ ဒင်းရဲ ့အကြည်ဓါတ်ပါတဲ့ ဘော်ဒီလေးနဲ ့ အကြည်ဓါတ်ပါတဲ့ မျက်နာလေးက ဟော့ရှော့တွေနဲ ့မလိုက်ဖက်ဘူး ဆိုပဲ။ အခုမှ မြန်မာဆန်ဆန် အဝတ်အစားလေးတွေနဲ ့ မြန်မာဆန်ဆန်လေးလှနေပုံလေးတွေကိုတွေ ့ရတော့ လူပျိုကြီးရဲ ့နှလုံးသားကို အတင်းကြီးသိမ်းပိုက်သွားတာ ခံလိုက်ရ […]


( တောအကြောင်း တောင်အကြောင်း – 3 ) တောနက်တွင်းမှ လုပ်ကြံမှု ဒီလို စာသားခေါင်းစဉ်နဲ ့ စလိုက်တော ့နိုင်ငံရေးတွေ ဘာတွေ စိတ်ဝင်စားတတ်ကြတဲ ့ မိတ်ဆွေတွေ တချိန်က ABSDF ( မြောက်ပိုင်း ) ကျောင်းသားအဖွဲ ့တွေရဲ ့ ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် မသတီစရာ ပွဲစဉ်ကြီးကို မြင်ယောင်မိကြမှာပါ။ တကယ်က ဘာမှမဆိုင်ပါဘူး … ကိုယ် ့ Post လေးကို လူတွေစိတ်ဝင်စားအောင် စကားခင်းတာ ??? ၂၀၀ရ ဖေဖော်ဝါရီလနှောင်းပိုင်းလောက်မှာ Sungai Mas နယ်မြေကို ကျနော်အပါအဝင် လူ ၅ ယောက် စခန်းပြောင်း ရှေ ့ပြေးအနေနဲ ့ရောက်သွားခဲ […]


ကိုယ်ချင်းစာ တရားမရှိတဲ့သူတွေ.. နည်းနည်းပါးပါး ကိုယ်ချင်းစာ တရားလဲ ထားကြပါအုံး.. မညှာမတာ ကိုယ်ချင်းမစာ ပြောရက်လိုက်ကြတာ.. ကြည့်ပါအုံး အလုပ်ဆိုလဲ  ပြောရက်လိုက်ကြတာ.. တနေ့တနေ့ လုပ်လိုက်ရတဲ့ အလုပ် တဲ့.. ရတာနဲ့ လုပ်ရတာနဲ့ တန်မှတန်သေးရဲ့လားမသိဘူးတဲ့.. တခါတခါ မြို့တမြို့လုံး တနေကုန်သွားနေရတာ နေပူမိုးရွာ မရှောင် ..ဆိုဘဲ.. ကျုပ်ကို  ကိုယ်ချင်းမှမစာဘဲ ပြောနေကြတာ.. ကျုပ်ဆို သူတို့တွေ အဲလို လုပ်နိုင်ဖို့ တတွတ်တွတ် ညွှန်ကြားနေရတာ.. သူတို့တွေ ပိုပိုသာသာ ရဖို့ ပိုက်ဆံတွေပိုပေးနိုင်ဖို့ ကျုပ်က အိုဗာတိုင်ကြေးမယူဘဲ လုပ်ပေးနေတာ.. တခါတခါ မီးပျက် လို့ အဲယားကွန်း က မအေးဘူးဆိုရင် ချွေးတလုံးလုံးနဲ့ အခန်းထဲ ပန်ကာဖွင့်ပြီးနေရတာကို သူတို့တွေက ကိုယ်ချင်းမစာဘဲ ပြောရက်ကြတယ်ဗျာ.. ကြည့်အုံးလေ..အစားအသောက်နဲ့ ပါတ်သက်ရင်လဲ ပြောရက်လိုက်ကြတာ.. ကိုယ်ချင်းစာစိတ်ကိုမရှိကြဘူး.. အိမ်က ထည့်လာတဲ့ ထမင်းဘူးလေး လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ […]


padonmarJune 23, 20171min020
(၁)ဒီကနေ့ မနက် အလုပ်သွား၊ တူလေးမောင်းတဲ့ ကားနဲ့ လိုက်၊ မီးပွိုင့်တွေမှာ ဒစ်ဂျစ်တယ် နံပါတ်တွေ တော်တော်ပြောင်းပြီးနေတာ သတိထားမိ၊ အရင်က မီးဝါချိန် ကွေ့လိုင်းကို လုထွက်ရ၊ အခု ကွေ့လိုင်းပေးရင်ပေး၊မပေးတဲ့နေရာမှာ အသွားနဲ့ အပြန်ကို အချိန် နည်းနည်း ခွာလွှတ်အောင် ချိန်ထားတော့ လွယ်လွယ်ကူကူ ကွေ့လို့ရ ၊ CCTV Camera တွေလည်း ဒီရက်ထဲ အတော်များများ ပွိုင့်တွေမှာ တွေ့ရ။ Road Traffic Accident နည်းနည်းကျလာလောက်တယ် မှန်း။ (၂) Ambulance တွေ တီးတော်တီးတော်နဲ့ မောင်းလာကြ၊ ဆန့်ကျင်ဖက် ယာဉ်ကြောက တက်မောင်း၊မီးပွိုင့်ကျတော့ မီးနီကာစကို ခပ်ဆိုင်းဆိုင်းဖြတ်မောင်းသွား၊ တည့်ကားတွေ မမောင်းသေးဘဲ ရပ်စောင့်ပေးနေ၊ အရေးကြီး လူနာတွေ အသက်မီလောက်မယ်တွေးပြီး ဝမ်းသာ၊ […]


လိင်အင်္ဂံါပြောင်းလဲထားသူတွေဟာ နိုင်ငံသားမှတ်ပုံတင်ရောအပြောင်းအလဲရှိပါသလား သာမန်လူတွေမှာတောင် ထင်ရှားတဲ့အမှတ်အသားကိုထည့်ဖော်ပြရတဲ့အတွက် ဆန့်ကျင်ဘက်လိင်ပြောင်းလဲထားတဲ့ အကြီးမားဆုံးပြောင်းလဲသွားသူတွေရဲ့ နိုင်ငံသားစိစစ်ရေးကဒ် အခြေအနေက ဘယ်လိုရှိပါလဲ သိချင်လို့ပါ


SawAungJune 23, 20171min019
တစ်နေ့က မိုးရာသီထဲပို့စ်ထဲမှာ တီဒုံလာမန့်ထားတဲ့စာလေးမြင်မှ ငါးပေါင်းထုပ်အကြောင်းသတိရတယ်။ တီဒုံလည်း တော်တော်စုံစုံလင်လင် မန့်သွားတော့ မိုးရာသီမှာ ငါးပေါင်းထုပ်ပူပူနွေးနွေးလေး စားရတာလည်း အရမ်းကောင်းတာပါပဲ။ ငါးပေါင်းထုပ်ဆိုတာနဲ့ ကျွန်တော်သိတာလေးက နည်းနည်းပါ။ စားဖူးတာလည်း အမျိုးမျိုးထဲက အများကြီးမစားဖူးခဲ့ပါဘူး။ နှစ်မျိုး သုံးမျိုးစားဖူးတာလေး ရေးချင်နေတာနဲ့ ငါးပေါင်းထုပ်အကြောင်းလေး ပြောလိုက်ပါဦးမယ်။ ခဲပတ်ငါးပေါင်းထုပ် ဒါကတော့ ဘီယာဆိုင်မှာစားဖူးခဲ့တာ။ သူက ခဲပတ်ထဲမှာ လက်လေးလုံးစာလောက် ငါးဒန်ငါးကို တုံးပြီး ဂျင်း ၊ ကြက်သွန်ဖြူ ၊ စပါးလင် ၊ ပူစီနံ ၊ ငရုတ်သီးစိမ်းတို့ကို ကြိတ်ပြီးထည့်ပြီးပေါင်းထားတာ။ အရသာက မဆိုးဘူး။ စားဖူးတဲ့အသိတွေကတော့ ကြိုက်ကြတယ်။ ကျွန်တော်ကတော့ ခဲပတ်ကြီးနဲ့ပေါင်းတာကို သိပ်မကြိုက်ချင်တာပါ။ နောက် ငါးဒါန်ကို သုံးလို့လည်း သိပ်မကြိုက်တာ။ သူက ပူပူလေးဆိုတော့လည်း မဆိုးဘူးပေါ့။ ငှက်ပျောဖတ်ငါးပေါင်းထုပ် […]


“ကျနော်ကဗျာရွတ်သံများ”     ကျနော်ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး http://picosong.com/Wstq မေတ္တာအစစ် http://picosong.com/Wsz8 ကျန်နေခဲ့သူ၏အလွမ်း http://picosong.com/WsT3 ဆွံ့အသူ http://picosong.com/Wsay သိက္ခာနဲ့ငွေကြေး http://picosong.com/Wsat မေတ္တာ ဂရုဏာ မုဒိတာ http://picosong.com/WsH4   ကိုပေါက်လက်ဆောင် ကဗျာ ရွတ်သံ 22-6-2017


weiweiJune 22, 20171min021
စပ်စုခြင်း အနုပညာ   ရွာထဲမှာ စာရေးချင်တာနဲ့ စိတ်ထဲပေါ်လာတာ ကောက်ရေးလိုက်ပါတယ် …   စပ်စုခြင်းဆိုတာက သိချင်စိတ်တစ်ခုနဲ့ စူးစမ်းခြင်း လေ့လာခြင်းဖြစ်ပါတယ်။ တစ်ချို့တွေ သိချင်စိတ်က သူများအကြောင်း အတွင်းရေးကိစ္စများ မသိစေချင်တဲ့ကိုယ်ရေးကိုယ်တာများကို စပ်စပ်စုစုနဲ့သိချင်တာမျိုး ရှိပေမယ့် တစ်ချို့တွေကတော့ ကိုယ်စိတ်ဝင်စားရာအကြောင်းအရာကို သိချင်စိတ်နဲ့ ဗဟုသုတရအောင် စပ်စုခြင်းဖြစ်ပါတယ်။   ဒီနေရာမှာ ပြောချင်တာက အထွေထွေဗဟုသုတနဲ့သက်ဆိုင်တဲ့ စပ်စုခြင်းဖြစ်ပါတယ်။   ဗဟုသုတအများဆုံးရနိုင်တဲ့နေရာကို ပြောပါဆိုရင် ပထမဦးစားပေးက စာအုပ်များဖြစ်ပါတယ်။ စာဖတ်ခြင်းက အကောင်းဆုံးစပ်စုခြင်းဖြစ်ပါတယ်။ ဟိုးရှေးခေတ်က ဘယ်လိုနေထိုင်တယ် ဘယ်လိုစားသောက်တယ် ဘယ်လိုတွေးခေါ်တယ်ဆိုတာမျိုးက စာအုပ်တွေကတဆင့်တာ သိနိုင်တာမျိုးပါ။ ဘာသာရေး လူမှုရေး နည်းပညာဆိုင်ရာ စာအုပ်တွေဆိုတာ တိကျသေချာတဲ့မှတ်တမ်းတစ်ခုဖြစ်တာမို့လို့ အယုံကြည်ရဆုံးပါပဲ။ စာအုပ်ဖတ်ရတာပျင်းတယ်ဆိုရင် အခုခေတ်မှာ တီဗီကနေတဆင့် စပ်စုလို့ရပါသေးတယ်။ ချယ်နယ်အမျိုးမျိုးကနေ အကြောင်းအရာအမျိုးမျိုးကို […]


A mar nyoJune 22, 20171min012
အခုအလုပ်မှာလုပ်နေတာ ၁နှစ်ရှိပါပြီ။ Account ပိုင်းနဲ့လုပ်နေတာပါ ဆရာတွေကတော့ ကိုရီးယားတွေပါ Company တွေလည်းှဖွင့်ထားတာ ၃ခုရှိပါတယ်။ မြန်မာတစ်ခု နဲ့ နိုင်ငံခြားနှစ်ခုပါ။ မြန်မာcompanyက တကယ်အလုပ်မလုပ်ပါဘူး။ ဖွင့်ထားတာပဲရှိပါတယ်။နှစ်ကုန်ရင် အခွန်အတွက်လုပ်ပေးရပါတယ်။တကယ်မရှိတဲ့ အတွက် လုပ်ရတာလည်းအဆင်မပြေပါဘူး။အခွန်များရင်လည်းမဆောင်ချင်ပါဘူး။ အဲ့ဒါအပြင် နိုင်ငံခြား company ကလည်းလုပ်ပေးရပါတယ်။ E ဆိုတဲ့ companyကတော့ ဖွင့်ထားတာ၂နှစ်ရှိပါပြီ။ အဲ့ဒါအပြင် Bဆိုတဲ့ company ထပ်ဖွင့်ပါတယ်။ E company ကိုလည်း မပိတ်ပဲဆက်ဖွင့်ချင်ပါတယ်တဲ့။ အလုပ်မလုပ်ပဲပေါ့ ဒီသုံးခုကို အခု အခွန်လုပ်ပေးရမှာပါ။ အခွန်ပိုင်းမှာလည်း ကျျွမ်းကျင်မဟုတ်ပါဘူး အခုမှစလုပ်ဖူးတာပါ။ အဲ့ဒါ ဒီcompanyမှာပဲဆက်လုပ်ရမလား မလုပ်ရဘူးလားစဉ်းစားနေလို့ပါ။ ရွာထဲကကူစဉ်စားပေးကြပါဦး။


မင်္ဂလာပါရွာသူရွာသားအပေါင်းသူတော်ကောင်းတို့ ရွာထဲဒီနေ့မှအင်တာနက်လေးကောင်းလို့ဝင်ကြည့်မိတယ်… အတော်လေးပြန်လည်စီကားနေတာတွေ့လို့….အံ့ဩဝမ်းသာဖြစ်မိကြောင်းပါ တကယ်တော့ပို့စ်တွေကိုကွန်မန့်တွေပေးကြရာမှာ ဖွဘုတ်တော်ကြီးပေါ်မှာထက်ဒီဂဇက်ရွာမှာမန့်ရတာပိုလေးနက်သလိုခံစားရသဗျ…..အာ့လေးလာပြောရင်း… တင်ခဲ့ဖူးတဲ့..ရွာသူသားပြန်ခေါ်စာလေးရီနယူးပြန်လုပ်ချင်လာသဗျို့ ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့… ယနေ့သည်ကား မန္တလေးဂေဇက်ဝက်ဆိုက် ကြီးအတွက် အင်မတန်မှ မင်္ဂလာရှိလှသောနေ့ ကြီးတစ်နေ့ ဖြစ်ပေတော့သည် အဘယ့်ကြောင့်နည်းဟူမူကား… ရွာ၏လူကောင်း၊ လူဟောင်းများစွာ လူသစ်ပါဝင် ရွာထဲဝင်ကြ ရွာစည်လှ၍ သူကပို့စ်တင် ကိုယ်ကခင်နှင့် ကွန်မန့်တွေပေး ပျော်ကြသေးတော့ ဒီလိုမြင်ကွင်း မြင်ရခြင်းကြောင့် ကျုပ်၏ရင်ဝယ် ပီတိလှိုင်းခတ် ငတ်ခဲ့သည့် အချစ် ပြန်ရဘိသို့ ။   ဒီမှာသဂျီး  ဒီရွာကြီးဟာ သင်၏ရွာပါ  ဒါပေသော်ငြား ရွာဆိုသည်မှာ လူသူမရှိ တိတ်ဆိတ်ဘိငြား တစပြင်အလား ဖြစ်နေငြားက သင်၏ရွာသည် ရွာဟု မတွင် တစပြင်တည်း။   ယခုခါမူ ရွာမှမြို့တက် ရွာကိုမေ့လျှက် ရွာကိုမဝင် ရွာမခင်ဟန် မေ့ ခဲ့ […]


( တောအကြောင်း တောင်အကြောင်း – 2 ) Maran Road Camp မွန်းလွဲ ၂ နာရီထိုးလောက်ကျတော ့ ကျနော်တို ့နှစ်ယောက် ပင်မစခန်းကနေ စထွက်လာတယ်။ ကျနော်တို ့စခန်းနဲ ့အနီးဆုံးတောင်ကို မိနစ် ၂ဝ ကြာလောက်ဖြတ်ကျော်ပြီးတော ့ Sungai Mas ( ရွှေချောင်း ) နားကို ကပ်လာတယ်။ ချောင်းဘေးကားလမ်းမတစ်လျှောက်မှာ ဆင်ချေးပုံတွေ ဟိုနားတစ်ပုံ ဒီနားတစ်ပုံတွေ ့လာရတယ်။ ဆင်ခြေရာ အကြီးအသေးတွေကို ခန် ့မှန်းရေကြည် ့တော ့ ဒီအုပ်စုက အတော်များပုံရတယ်။ လမ်းဘေးနားတစ်လျှောက် ဝါးရုံပင်တွေကိုလည်း ဆွဲချိုးထားတာက အတော်များများ … တစ်ချို ့က ကားလမ်းပေါ်ကန် ့လန် ့ဖြတ်။ ဒီနားတဝိုက်မှာက […]