နှစ်ရောင်စပ်ပုံပြင် (2) အခန်း-၃ အစားထိုး ပရယ်တီကယ် Major -9 နှစ်ချိန်စာ အတွက် လုပ်ပြီးတာနဲ့ ဌာနထဲမှ ထွက်လာခဲ့သည်။ဒီနေ့ ကျောင်းနောက်ဆုံးတက်ရသော နေ့လည်းဖြစ်သည်။ ရှေ့တစ်ပတ်ဆိုရင် ပထမပညာသင်ကာလ စာမေးပွဲကြီး ဖြေဆိုရတော့မည် ဖြစ်သည်။ အဆောင်ပြန်ပြီး စာကျက်ဖို့သာ ရှိတော့သည်။ မမနုတို့ ကန်တင်းဆိုင်မှ စာကျက်ရင်း အပျင်းပြေစားဖို့ မုန့်ဝယ်လိုက်ဦးမယ်လို့ တွေမိပြီး မမနုတို့ဆိုင်ဘက် သွားလိုက်မိသည်။ မမနုကိုတော့ မတွေ့ရ။ မမနုတို့အမေကိုသာ ဈေးရောင်းနေသည်ကို တွေ့ရသည်။ အမေကြီးက ကိုယ့်ကိုမြင်မြင်ချင်း…… “အတော်ပဲကွယ်…ဒီသမီးလေးကို အဝေးသင်ဌာနဘက် ပို့ပေးလိုက်ပါဦး။ ဒီမှာ မုန့်ရောင်းနေရတာ မအားသေးလို့ကွယ်။မင်း မမနုကလည်း ဈေးကုန် သွားဝယ်နေလို့ ” မမနုတို့ အမေကြီးတို့ဆိုတာ ကိုယ်နဲ့ ပထမနှစ် ကျောင်းသားဘဝကတည်းက မိသားစုတွေလို နေခဲ့ကြတာပါ။ ကိုယ့်မှာ […]
