တစ်ဦးနဲ ့တစ်ဦး အတွေးများမတူသလို ခံယူချက်များလည်းမတူညီကြပါ။ တစ်မိသားစု အရင်းအချာပင်ဖြစ်နေပါစေ အတွေးများမတူ,ခံယူချက်များမတူညီကြသဖြင့် နားလည်မှုတွေ လွဲမှားဖြစ်ပေါ်ကြရသည်။ စိတ်၌မှီတည်၍ဖြစ်ပေါ်လာသော မတူသောအတွေး,မတူသောခံယူချက်တို ့သည် ချစ်ခြင်းတရားမှအမုန်းတရားဘက်သို ့လည်းကောင်း အမုန်းတရားမှချစ်ခြင်းတရားဘက်သို ့လည်းကောင်း ဖော်ဆောင်ပြောင်းလဲတတ်သည့် ၊ အကျိုး,အပြစ်တို ့အား ခံစား,စံစားရသည်။ အမုန်းတရားရှိနေသော သူ၏စိတ်က သူ ့အတွေးမှာ တဖက်သားအပေါ်စာနာတတ်သည့်စိတ်မထားရှိနိုင်သဖြင့် ထိုအမုန်းတရားဖြစ်မိနေသူအပေါ်၌ ဝစီကံအရ,ကျူးလွန်မိကာ မခံသာသည့်စကားတို့ဖြင့် ပစ်မှားပြောဆိုကာ ဆက်ဆံသည်။ အပြောခံရသည့် တဖက်သား၏စိတ်၌ကား အမုန်းတရားများကင်းရှင်းနေသောကြောင့် ထိုသူ၏အမုန်းတရားအပေါ်၌ စိတ်ဆိုးခြင်းမဖြစ်ပေါ်ပါ။ သူ၏မေတ္တာစိတ်ဖြင့်သာ၊ထိုသူ၏အမုန်းတရားအား ချေဖျက်ပစ်နိုင်ရန်သာ၊ ကြိုးစားအားထုတ်သည်။ ကြိုးစားအားထုတ်မှုရလာဒ်အရလည်း အမုန်းတရားမှချစ်ခြင်းတရားဘက်သို ့ဖော်ဆောင်ပြောင်းလဲသွားကာ အကျိုးတရား ကြီးမားစွာရရှိ ခံစား,စံစားရသည်။ ဤအကြောင်းအရာကို စဉ်းစားဆင်ခြင်ကြည့်မိပါလျှင် စိတ်၌မှီတည်၍ ဖြစ်ပေါ်နေသော မတူသောအတွေး,မတူသောခံယူချက်တို ့ကြောင့်ဖြစ်ရသည်ကို တွက်ဆယူ၍ရပါသည်။ မောင်နှမအရင်းအချာများ၌လည်း တစ်ဦးနဲ ့တစ်ဦးသိတ်ချစ်နေကြပါလျှင် အပြစ်မမြင်နိုင်ကြပါဘဲ၊ မည်မျှပင်အဆိုးတရားအား အကြိမ်ကြိမ်ပင်ပြုလုပ်ထားမိခဲ့ပါစေ။ အဆိုးပြုလုပ်မိသူအပေါ်တွင်၊ အကောင်းကိုသာရှာကြံတွေးသည်။ အစဉ်ခွင့်လွတ်သည့်စိတ်၊ခံယူချက်ထားရှိနိုင်သည်။ တချို ့ကြပြန်တော့လည်း […]