ခင္ခFebruary 23, 20181min08
အဖေကစက်ဘီးနင်း သမီးကလွယ်အိပ်လွယ် စတိတ်ဘဝကျောင်းသူအရွယ် နေ့တဒူဝပို့ရလည်း အဖေမောဘူးကွယ်။ အဖေကအိမ်ရှေ့ထိုင် ကျောင်းကားလာရင်ပြောပေးရန် တက္ကသိုလ်ဖယ်ရီရောက်လို့ရှိ ကားပေါ်တက်ပြီးသမီးကြည့် အဖေလက်ပြပြုံးစိစိ။ ဖေကြီးသမီးအလုပ်ရပြီ မနက်ဖြန်မနက်ဆင်းရမည် လုပ်ခရတော့အဖေ့ကျွေး စိတ်ကူးလေးနဲ့ပျော်လိုက်သေး သမီးပြောတော့အားရှိတယ် အဖေရင်ထဲအေးလှကွယ်။ လုပ်သက်လေးအတော်ရ လူပျိုရွယ်လေးအိမ်ခေါ်ပြ မိတ်ဆက်ပေးတဲ့သမီးမျက်နှာ ရှက်ကိုးရှက်ကန်းဖြစ်နေရှာ အလိုက်အထိုက်ဝင်စကားပြော အပြန်လိုက်ပို့သမီးရဲ့ကျော အဖေကြည့်ပြီးအလွမ်းတွေရော။ အခါတော်ပေးနတ်ရေးတဲ့ဖူးစာ သီချင်းသံတွေပျံလွင့်ကာ မိတ်သဟာတွေစုံလင်စွာ ပွဲပြီးအိမ်ရောက်ဇနီးမောင်နှံနှစ်ဖြာ လက်အုပ်ချီလို့ရှစ်ခိုးရှာ ဆုတွေပေးရင်းငိုချင်လာ အဖေကျေနပ်ပါတယ်ပြောဖြစ်တာ။ သမီးကျောင်းပို့ငယ်ကထဲက တူယှဉ်တွဲလို့ရှိခဲ့ရ ခုတော့တစ်ယောက်ထဲနင်းရပါ့ ဆည်းလည်းသံဆီဦးတည်လို့ တောင်ပေါ်ကထုံးဖြူဘုရားသို့ အဖေပုတီးစိတ်ဖို့သွားတာဗျို့။ ခင်ခ


ခင္ခFebruary 23, 20181min08
မိတ်ကပ်လေး လိမ်းလို့ချယ် နှုတ်ခမ်းနီလေး ဆိုးလို့ရယ် သိပ်လှတဲ့မေ့သမီး နတ်သမီးရှုံးလောက်တယ်။ ငယ်တုန်းကပါးကွက်ကြား သနပ်ခါးလိမ်း ဆိုလို့များ ပါးလေးကိုထိုးလို့ပေး ချစ်စရာလေးအပြုအမူ အလှကြိုက်တဲ့သူ မလိမ်းဘူးဟယ် စနောက်ပြောတော့ သူနှုတ်ခမ်းလေးကဆူ။ ရှိုးတွေထုတ်ပြီး အမေ့လာမေးတယ် သမီး လှ လား ကွယ် မလှဘူးပြောရင် စိတ်ကောက်တတ်လို့ ပြန်တောင်ချော့ရတယ် လှတယ်လို့ပြောတော့ သူကျေနပ်လို့ မေမေ့ပြေးနမ်းတယ်။ အရွယ်ကြီးလည်း မေမေ့စိတ်ထဲ ကလေးလေးပါကွယ် ကမ္ဘာပေါ်မှာအလှဆုံးက မေမေ့ သမီးချောပါ ဟ။ ခင်ခ


ခင္ခFebruary 21, 20181min04
  ကျောက်ပြင်ပေါ် ရေလေးစွတ်လို့ လက်ချောင်းကို အားပြုလို့သွေး မြန်မာ့သနပ်ခါးလေး။ ့ပါးပြင်ပေါ် ပါးကွက်လူးတော့ ယဉ်ယဉ်လေးနဲ့ သူ့အသွင်အပြင် သိပ်လှတယ်ထင် မေ့အလှကဗျာတင်။ ခင်ခ (မူရင်းဓာတ်ပုံရှင်ခရက်တစ်ပါ)


ko sixFebruary 17, 20181min03
။။။။။။။။။။။။ ပန်းတစ်ပွင့် ဖူးပွင့်လို့အားကုန် ပျိုးထောင်သူ ရင်မှာအေးအောင် ပွင့်ဖတ်တို့စုံ။ ကြည့်လှည့်ကြကုန် ရိုးတံက အသာစိမ်းနဲ့ ဒီခြံဝယ် အရင်ပွင့်တယ် ပျားပိတုန်းတို့ပြုံ။ ရနံ့ကမွှေးထုံ ပျော်လိုက်ပ ဤလူ့ဘုံလယ် ကြည့်မဝ ဖြစ်ရပုံ ပန်ချင်သူ သူအရွေးမှာ ခြွေပေးဖို့ ခြေလက်တုန်။ နှမြောလို့မကုန် ရောင်းဖို့ရန်အဖြေထက် ပင်ယံမှာ အမြင်တင့်ချေတော့ ဒီဘဝင် ကြည်ရွှင်အေးအောင် ငြင်းပယ်လိုက်ရုံ ။ ။ ကိုစစ်


aye.kkFebruary 17, 20181min06
တစ်ရက်မှာတော့ နေ ့လည်ခင်း၊ထမင်းစားချိန်လေးမှာ၊ကိုယ်နေတဲ့နေရာနဲ ့သူ နေတဲ့နေရာက သိတ်မဝေးလှလို ့၊ထမင်းသွားစားဖြစ်ခဲ့ပါတယ်။ သူကတော့၊တာလော့မှာလည်းနေထိုင်ပါတယ်။ တာလော့ဆိုတာ၊တာချီလိတ်မြို ့ပေါ်က၊အထင်ကရရှိလှတဲ့ရပ်ကွက်တစ်ခုပါ။ အရင်ရောက်ဖူးတဲ့နေအိမ်ကတော့၊ပါလျံမှာရှိတဲ့သူ ့နေအိမ်ခြံဝန်းကိုရောက်ဖူးတာပါ။ သူနေထိုင်တဲ့ပါလျံရပ်ကွက်လေးက၊ကျွန်မတာဝန်ဆောင်ရွက်နေတဲ့ရုံးနဲ ့လည်း အတော်လေးနီးပါတယ်။ အဲဒီအချိန်တုန်းကတည်းက၊ သူကတာလော့ရပ်ကွက်မှာရှိတဲ့ သူ ့ရဲ ့အိမ်ရှေ့မှာ၊ ကျောက်ဘီဒိုဆိုင်လေးဖွင့်ထားပြီးဈေးရောင်းပါတယ်။ ကျွန်မတာဝန်ကျတဲ့နေရာနဲ ့က၊နီးနီးလေးပါဘဲ။ တစ်ခါတစ်ရံမှာ၊ကျွန်မသူ ့ကိုသတိရတဲ့အခါ၊သူ ့အိမ်မှာထမင်းစားဖြစ်ပါတယ်။ ကျွန်မရောက်တဲ့အချိန်မှာ၊သူကဇောင်းလျားသီးတွေကိုသကြားရည်စိမ်ထားတာတွေကို ဆရာတော်ဘုရားဆီယူသွားဖို ့အတွက်ပြင်ဆင်နေတာတွေ ့ရပါတယ်။ ကျွန်မကမေးတော့၊ဆရာတော်ဘုရားရဲ ့ကျန်းမာရေးအတွက်၊လုပ်ပေးတာလို ့ပြောပြပါတယ်။ ကိုယ်တိုင်အပင်ပန်းခံပြီး၊စေတနာထားဆောင်ရွက်နေတာကို၊ကိုယ်တိုင်မြင်လိုက် ရပြန်တော့၊သူ ့စေတနာကို လေးစားမိရပြန်ပါတယ်။ တစ်ညနေခင်းမှာ ပါလျံမှာရှိတဲ့သူ ့အိမ်လေးကိုသွားဖို ့အတွက်၊ကျွန်မနဲ့အတူ အလုပ်လုပ်ဖော်သူငယ်ချင်းကခေါ်တာမို ့ ကျွန်မလိုက်သွားဖြစ်ပါတယ်။ သူ ့ခြံဝန်းလေးထဲရောက်တာနဲ ့၊လူအနည်းငယ်တွေ ့မြင်ရပြီး ခြံဝန်းနောက်ဖက်မှာ၊သူစိုက်ထားတဲ့၊ကန်ဇွန်းပျိုးခင်းထဲမှာအလုပ်ရှုတ်နေကြတာကို တွေ ့မြင်လိုက်ရပါတယ်။ ကျွန်မတို ့လာတာမြင်တော့၊သူကဝမ်းသာအားရစွာနဲ ့ လှမ်းအော်ခေါ်လိုက်ပါတယ်။ သူ ့စိုက်ခင်းထဲရှိရာလာဘို ့အတွက်နဲ ့၊ကန်ဇွန်းရွက်တွေဝိုင်းကူခူးပေးဘို ့ သူက၊အကူညီတောင်းပါတယ်။ ကျွန်မကို၊သူက ဝေယျာဝစ္စ ကုသိုလ်မှာပါဝင်ရစေချင်လို ့သာ၊ အကူညီတောင်းတယ်ဆိုတာကို၊ကျွန်မကသိလိုက်ပါတယ်။ ဘုန်းကြီးကျောင်းအတွက်၊သူ ့ရဲ ့ ခြံထွက် အသီးအနှံတွေနဲ ့ ဟင်းသီးဟင်းရွက်တွေကို သွားလှူဒါန်းပါတယ်။ သူ ့နေအိမ်ခြံဝန်းထဲမှာလည်း၊ စားပင်တွေ အတော်လေးစုံလင်အောင် စိုက်ပျိုးထားတာတွေ ့ရပါတယ်။ ကျွန်မစိတ်ထဲမှာတော့၊သူ […]


Mon LayFebruary 17, 20181min04
နိုင်ငံရေးမပြောချင်ပါဘူး..စိတ်မဝင်စားလို့..ဒါအမှန်တိုင်းပြောတာ။ ဒါပေမဲ့လည်း ပြောရဦးမယ်..ခုတော့။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာအရင်အစိုးရလက်ထက်ဦးသိန်းစိန်လက်ထက်ထဲကနေ ခုချိန်ထိပေါ့နော်။ ဒီမိုကရေစီရတော့ မြန်မာနိုင်ငံဟာ တော်တော်ပွင့်လင်းလာတာတွေ့ရပါတယ်။ လူတွေလက်ရဲဇက်ရဲရှိလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ဖို့ကို ဝန်မလေးကြတော့ဘူး။ယောကျာ်းတွေကလည်း ဆန္ဒကိုသိက္ခာနဲ့ မထိန်းနိုင်ကြတော့ဘူး။ သက်ငယ်မုဒိမ်းတွေလည်း ၁ နေ့ကို ၂မှုတဲ့။ မိန်းမတွေကလည်း ကုသိုလ်ရဖို့ အတိုလေးတွေဝတ်လာကြသလို ကြွားချင်လို့ အသက်အန္တရယ်နဲ့နီးတဲ့ ရွှေတွဲလွဲလေး တွေနဲ့ဖြစ်လာတယ်။ နာမည်အကြီးဆုံးကတော ့V day မှာ ဟိုတယ်ခန်းတွေပြည့်တယ်ဆိုပဲ။ တချို ့ဆို ဟိုတယ်တွေက ပူဖောင်းတွေနဲ့တောင် ကြိုဆိုတယ်ဆိုပဲ.. ဖေ့ဘွတ်မှာပုံနှင့်တကွတွေ့လိုက်ပါရဲ့။ အဲလောက် မတရားဒီမိုကရေစီကျင့်သုံးတာကို အီးယူ (EU – European Union) က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်နှေးကွေးတယ်ဆိုပဲ။..အကယ်လို့ မြန်မာနိုင်ငံရဲ ့ဒီမိုကရေစီ သာ မြန်သထက်မြန်လာမယ်ဆိုရင်ဖြင့်…ပြောကိုမပြောချင်တော့ပါဘူး..ပြောလည်းမပြောတော့ပါဘူး….ဗာျ…..မြန်မာဂဇက် ကရွာသူရွာသားတို့ရေ။


ဂျစ်ပစီတစ်ယောက်ရဲ့အိပ်မက်ထဲက အမှန်တရား ————————–   ဂျစ်ပစီတစ်ယောက်… နတ်သမီးပါတဲ့ အိပ်မက် မက်သလိုပဲ. . . ဆားနည်းနည်း ပေါ့တယ်။ – ဘယ်လိုပဲဖြစ်ဖြစ် . . . အိပ်မက်ထဲမှာ ကိုယ့်အသက်ရှုသံ ကိုယ်ပြန် ကြားခဲ့ရတာအတွက် ကျေနပ်ရတယ်။   – မောက်မာရင့်သီးပြီး ကိုယ့်မြင်းကိုကိုယ် အထီးအမ မသဲကွဲတဲ့ အဝါရင့်ရောင် တိမ်စိုင်တို့ရေ. . . မှတ်ထားစမ်း. . . ပစ်မှတ်ကို လွယ်လွယ်မှန်ရိုးထုံးစံ ရှိမှတော့. . . အမှန်တရားရုပ်တုဟာ . . . နတ်ဘုရားဆန်စွာ ကိန်းခန်းကြီးမနေဘူး။       သင့်အေးရိပ် 16/02/2018 (Photo credit=  internet)   […]


kaiFebruary 16, 20181min012
ဖေဖော်ဝါရီ ၂၁၀၈ ထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ..။ တိမ်မည်းရဲ့.. Bitcoin ဘာလဲ၊ဘယ်လဲ။ ဒုတိယမြန်မာ-အမေရိကန်မျိုးဆက်.. Myint ရဲ့ ခေတ်စမ်းလုလင် မောင်လူပေရေးတဲ့.. ချိုင်းနိစ်နှစ်သစ် ၂၀၁၈၊ ခွေးနှစ်အကြောင်း ဟောစာ..ပြောစာ ဖေဖော်ဝါရီအလှပန်းအဖြစ်.. မြန်မာပြည်က.. MieMie Ko မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့.. ပင်ပန်းခြင်းရောဂါများ ဂျေမောင်မောင်နဲ့..သူအမေရိကားရောက်တုံးအင်တာဗျူး ကေဇီရဲ့.. နှပ်ပြီးစားမည် ပီအိုင်ဂျီ မောင်စွမ်းရည်ရဲ့.. ရွှေမန်းသားစာရေးဆရာကြီး မြမျိုးလွင် ဖေဖော်ဝါရီလအတွက်.. ဗေဒင်..။ အမေရိကားက.. အာမခံအကြောင်းတွေ..၊ ဓာတ်ပုံအက်ဆေးတွေနဲ့.. မြန်မာ့ဂဇက်..ထွက်နေပါပြီ..။ မြန်မာစတိုးဆိုင်တွေမှာရယူပါ။


zaw winFebruary 16, 20181min02
ဘဝမှာ မပြည့်စုံခဲ့တာတွေ အဆင်မပြေခဲ့တာတွေ စိတ်ဆင်းရဲခဲ့တာတွေ ဖိအားတွေရဲ့ဒဏ်တွေ အောင်မြင်မှု လွဲချော် ရှုံးနိမ့်ခဲ့တာတွေ မပြေလည်တာတွေ တွေးတွေးပြီး မင်းရဲ့ ဖြစ်ချင်ခဲ့တဲ့စိတ်ချမ်းသာမှုတွေ ငါတတ်နိုင်သရွေ့ ဖြည့်ဆည်းပေးချင်ပါတယ်။ ငါ့မှာ မပြည့်စုံပေမဲ့ မင်းစိတ်ချမ်းသာမယ်ဆိုရင် ငါတတ်နိုင်သမျှ ကြိုးစားဖြည့်ဆည်းပေးမယ်။ မင်းသုတ 09:15 AM 11.2.2018


KyaemonFebruary 10, 201818min01
        ၊၊စိတ်ဝင်စားစရာကောင်းတဲ့ကမ႓ာကျော် Three Gorges Dam၊,ရေကာတာ ၊ရေကာတာလုပ်လို့မြစ်ကောတယ်မြစ်ခမ်းချောက်တယ်ဆိုတာမဟုတ်ရပါကြောင်းကို၎င်း၊ ၊ရေကာတာကိုကျောက်ခဲတုံးကြီးအစားစား၊အင်္ဂတေ၊အူတိုင်သံချောင်း၊ကျောက်စရစ်တို့နဲ့လုပ်လို့ရေကာတာမပြိုကျ ၊ရေမကြီးရေမလွှမ်းရပါကြောင်းကို၎င်း၊ ၊ဒိအပြင်မိုးရေကြီးချိန်မှာရေတွေမလွှမ်းမိုးရအောင်ဝိုင်းထိန်းပေးနိုင်လို့အသက်အိုးအိမ်ပစ္စည်းဥစ္စာတွေ မဆုံးရှုံးရပါကြောင်းကို၎င်း ဒီဗီဒီယိုကနေ၊မြင်တွေ့ရပါမယ်၊   ၊မြစ်မကော၊ရေကာတာမပြိုကြောင်းကိုသိနိုင်ဘို့ရာ၊ ၊ဒီခေတ်မှာဒီလောက်များ၊တဲ့ဓာတ်ပုံတွေ၊ဒီလောက်။များတဲ့ဆောင်းပါးတွေ ၊ဒီလောက်များတဲ့ဗီဒီယိုတွေ ၊ရှိနေတာကိုမမြင်ချင်ဟန်ဆောင်တာတို့ဝါယမ မစိုက်ထုတ်တာတို့ဆိုရင် ၊ပါရဂူဘွဲ့နှစ်ထပ်ကွမ်းသုံးထပ်ကွမ်းဘဲရရ၊ဘိလပ်ဘဲဆယ်ခါပြန်ပြန်အထင်မကြီးပါ၊   ၊သူများယောင်လို့လိုက်ယောင်တာ၊သူများအော်လို့လိုက်အော်တာကိုလဲ အထင်မကြီးပါ၊ မြတ်စွာဘုရားဟောတာရှိတယ်မိမိကိုယ်ပိုင်ဉာဏ်လေးနဲ့ချင့်ချိန်ပါအုန်း ၊ခုတခါတရုပ်နိုင်ငံ DunHuang၊ဒွန်ဟွန်အရပ်နဲ့ဝန်းကျင်မိုဂွါ Mogao Grottoesအရပ်ကရှေးဟောင်းဘုရားတွေကိုလိုက်ဖူးရအောင်၊         ၊မြေပုံကိုကြည့်လိုက်ပါ၊ ၊လက်ယာဘက်က Shanxi၊ရှန်စီပြည်နယ်မှာမြစ်ဝါကတောင်ဘက်သို့စီးဆင်းလာတာကို Wei၊ဝေ့မြစ်လက်တက်ကအရှေ့ဘက်ကိုစီးလာရင်းXianစီအံမြို့ကြီးအကျော်လေးမှာလာဆုံကြတယ်၊ Xianစီအံမြို့တော်ဟောင်းအကြောင်းကိုဆွေးနွေးပြီးပါပြီ၊သမတXiစီနဲ့မိဘတို့ကအဲဒီနားကဇာတိချက်ကြွေပါ၊ ၊အနောက်ဘက်ကိုဆက်ကြည့်ရင် Gansu၊ဂန်စူပြည်နယ်(အဖြူကွက်)ကိုတွေ့မယ်၊အဖြူကွက်ဂန်စူ ၊ရဲ့အပေါ်ပိုင်းလက်ဝဲဒေါင့်ကုန်းလမ်းအနီရောင်မျဉ်းပါးပါးမှာ Dunhuang၊ဒွန်ဟွန်ကိုတွေ့ပါမယ်၊ Mogao Grottoes၊မိုဂွါ ကဒွန်ဟွန်ရဲ့အရှေ့တောင်ဘက်၁၆မိုင်ဘဲ (၊ရန်ကုန်အောင်ဆန်းမြို့အင်းစိန်လောက်) Mogao Grottoes၊မိုဂွါ(၊ဗောဓိတထောင်)ရုပ်ပွါးတွေကို၃၆၆ခုနှစ်ကစတင်ပြီးတောင်တန်းမှထုထွင်းခဲ့တယ် Dunhuang၊ ဒွန်ဟွန်တောင်တန်းကဂူတွေမှာကျောင်း၄၉၂ကျောင်းထုထွင်းထားတယ်၊ ၊ဒီနှစ်နေရာကဗုဒ္ဓဘာသာပန်းချီပန်းပုလက်မှုပညာဟာအပြောင်မြောက်ဆုံးအနူပညာအသိမ်မွေ့ဆုံး ၊ဆိုပြီးကျော်ကြားခဲ့တယ်၊  ၊နှစ်ပေါင်း၁၀၀ဝ အချိန်ကာလအတောအတွင်း(၊နှစ်ရှည်လများ)ထုထွင်းတာကိုကြည့်ရင်ဘာသာရေးထွန်းကား ရာကြည်ညိုရာဒေသလို့ဆိုနိုင်တယ် […]


Mon LayFebruary 9, 20181min00
တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့လိုတယ်ဆိုတာ မွန်လေး အွန်လိုင်းရှော ့လုပ်တော့မှပဲ ပိုသိလာခဲ့ရတယ်။ ကြုံလို့ပြော လိုက်ပါမယ်။ မွန်လေးအွန်လိုင်းရှော့လည်းလုပ်ပါတယ်။ www.facebook.com/fashionlaprincesse ပါ။ တချို ့ပစ္စည်းတွေတော့ လက်ထဲထားပါတယ်။ တချို ့ပစ္စည်းတွေကိုတော့ အော်ဒါကောက်ပြီးမှပို့ပေးပါတယ်။ အဲ့နေရာမှာ ငွေကြေးအရမ်းများတဲ့ပစ္စည်းဆို ဖယ်ထားပေးတာကဟုတ်ပါပြီ။ သူကယူမယ်ပြောပြီးမှ မယူတော့ဘူးဆို..ကိုယ်ကပစ္စည်းကိုတကူးတကချန်ထားပေးထားရတာ လေ။ နောက်ထပ်ဖောက်သည်ရဖို့က ထပ်ကြိုးစားရမှာ။ အဲလိုဆိုတော့ ငွေကြိုကောက်တဲ့စနစ်သုံးပါတယ်။ အဲမှာလည်း ငွေလွှဲ တဲ့သူက ကိုယ့်ကိုယုံကြည်မှသာလွှဲမှာပေါ့။ ခုခေတ်က အွန်လိုင်းရှော့ပင်တွေလည်းလုပ်စားနေကြတာအများကြီး။ ပိုက်ဆံလွှဲပေး ပြီးတော့မှ ပိုက်ဆံတော့ယူတယ်။ ပစ္စည်းမပို့ဖြစ်တဲ့အွန်လိုင်းရှော ့ပင်တွေနည်းတာမဟုတ်ဘူး။ ကြားဖူးနေတာ။ သူတို့ကတော့ ပေါ်ပင်ပဲလေ။တခါပဲလုပ်စားရမှာပေါ့။ မွန်လေးဆို ဘာလိုလိုနဲ့ ၄နှစ်ထဲရောက်လာပြီ။ ၄နှစ်ပြည့်အတွက်လည်း လက်ဆောင်လေးတွေပြန်ပေး ဖို့လုပ်နေပါတယ်။(လမ်းကြုံလို့) ဖေ့ဘွတ်သုံးရင် ဝင်ကြည့်ပေးပါဦး။ ပြောချင်တာကတော့ ဘယ်အလုပ်ပဲလုပ်လုပ်ပါလေ..ယုံကြည်မှုရှိမှပဲအလုပ်ဖြစ်မှာပါ။ မိသားစုထဲမှာလည်း ဒီလိုပါပဲ။ တခါမယုံ မကြည်ဖြစ်သွားရင် […]


တဘောင်ရှိသည်မှာ “ကြောင်ကြီး၏စော် ပေါင်ကြီးပေါ်” ဟူရွေ့ဖြစ်သည်။ ထွက်သည်မှာ မကြာသေး သို့သော် လူတိုင်းပါးစပ်ဖျား ရောက်နေသည်။ မည်သူမှ ရေရေရာရာ မသိ.. သိုက်စာဟု ပြောသူကပြော လေတိုက်လို့ စကပ်လန်တာ ထင်သူထင်သည်။  ကြောင်ကြီး၏စော် မည်သူနည်း…. တွေ့လျင် ပေါင်သားတဝ ကြည့်မည်  အားခဲထားသူ ကာလသားများမှာ ထုနှင့်ဒေး။ ။။။။။။။ ကာလသမီးများကမူ တမျိုးဖြစ်သည်။ ကင်းကောင်ဘီလူးဆိုလျင် တဘောင်ထွက်သည့်နေ့မှစကာ မီနီစကပ်တို အကွဲဝတ် လမ်းသလား ပြသည်။ ။ ကေအိုင်အို လုမက စစ်တပ်နှင့်တိုက်နေရာမှ အမြန်ပြေးလာပြီး သရီးကွာတား ဘောင်းဘီတိုကို ချက်ဖော်ကာ ရွာရိုးကိုးပေါက်လျောက်သည်။ ဝါးတားဘွမ်းတွင် ဘီကီနီရေကူးဝတ်စုံနှင့် ခြစ်သျှားဓါတ်ပုံများ ဖဘတက်လာသည်။ ၇၈၆ ပန်းသေးမူဆင် ကြေးမုံဂျီးလည်း အားကျမခံ အထင်ခံရနဲလား ဆိုကာ ဂါဝန်ရှည်နှင့် ပုဝါခေါင်းမြီးခြုံရာမှ ပေါင်လည်အတို […]


aye.kkFebruary 6, 20182min04
လွယ်စီတုံတောင်တောင်ဆိုတာ-ကိုယ်မရောက်ဘူးတဲ့တောင်ပါ။ ထူးဆန်းတာတွေရှိနေတာသိရလို ့ ရောက်ဘူးချင်ပါဘိ။ ကိုယ့်ကျန်းမာရေး အခြေအနေအရ မတက်ရောက်နိုင်တာမို ့အဝေးကကြည့်ပြီးတော့ပဲ၊ လွမ်းမောမိရပါတယ်။ လွယ်စီတုံတောင်ခြေနားထိရောက်ခဲ့ရလို ့လည်း ၊အလွမ်းပြေပါတယ်။ လိုက်ပို ့သူကတော့၊ မိတ်ဆွေကျောင်းအစ်မ ဇဗ္ဗူတော်ဝင်လှပါ။ ရှုခင်းလေးတွေ ခံစားကြည့်ရှုတတ်တဲ့ ကျောင်းအစ်မနဲ ့အတွဲညီတာမို ့၊ဝမ်းသာမိရပါတယ်။ ကုသိုလ်ရေးအတွက်ဆို၊လက်မနှေးတတ်တဲ့ကျောင်းအစ်မနဲ ့ကုသိုလ်ရဖို ့အမြဲလက်တွဲခေါ်တတ်တဲ့ ကျောင်းအစ်မကို လေးစားချစ်ခင်ခဲ့ရပါတယ်။ လွယ်စီတုံတောင်ခြေမတက်ရောက်နိုင်ပေမယ့်လည်း၊ ပုံလို ့တောင်ပေါ်မှာတည်ထားတဲ့ ၊ပုံလို ့ဘုန်းကြီးကျောင်းကို ဘုရားဖူးရင်း၊ လွယ်စီတုံတောင်လေးကြည့်ပြီး အလွမ်းပြေခဲ့ရပါတယ်။