” ငြိမ်းချမ်းခြင်း” မရှာတော့ မတွေ့ မကြည့်တော့ မမြင် နားမထောင်တော့ မကြား ဒီ ၃ ပါးနဲ့လွတ်ကင်း ဘာမှမသိခြင်းကလဲ ငြိမ်းချမ်းခြင်းပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


” မသိမသာ နေရာယူခြင်း” တစ်ခါ တစ်ခါ မိသားစုတွေ အကြား သူငယ်ချင်းတွေ အကြား မိတ်ဆွေတွေ အကြား ချစ်သူတွေ အကြား စကားစ တွေ ချပြရင်း မတူညီခြင်းတွေ ထွက်လာသောအခါ “အဟ” ဆိုတာလေး နေရာယူသွားတာ သတိတောင်မထားမိလိုက်ဘူး။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


#နွေ . . နွေဟာ တစ်ကိုယ်တော်အစွမ်းနဲ့ခတ်တင်းတင်းခေါင်းမော့နေချိန်မှာ ဖြုတ် ကနဲကြွေသွားတဲ့ရွက်ဝါတစ်တခုကတိုးတိုးလေးပြောသွားတယ် . . ” နောက်တစ်နွေအမီ ငါပြန်လာဦးမယ် . . တဲ့ ” မပွင့်တပွင့်ပြုံးနေတဲ့နွေရဲ့မျက်နှာမှာ ဂုဏ်ယူခြင်းတွေ ကျေနပ်ခြင်းတွေပြည့်နေချိန် … အားတင်းထိုးထွက်လာတဲ့ ငုဝါပန်းတွေကတော့ ” မိုး မလာနဲ့ဦးးးး ငါတို့ပွင့်ဦးမယ်ဆိုပဲ . . ” ရဲရဲတောက်နေတဲ့ သတိ္တခဲနွေရဲ့အရှိန်အဝါအောက်မှာ လမ်းပျောက်နေတဲ့ ပိတောက်တွေကတော့ ရှက်ရွံ့နေတဲ့ ပွင့်လွှာတွေကိုထိန်းသိမ်းလို့ . . . အတာသင်္ကြန်မိုးကို တိတ်တခိုးမျှော်လင့်နေလေရဲ့ . . . ။ ဈန်    


kaiApril 14, 20181min03
ဧပြီလ၁၅ရက် ကဆုန်လဆန်းတရက်နေ့ကစတဲ့… တထောင့်သုံးရာ့ရှစ်ဆယ် မြန်မာနှစ်သစ်ဝယ်… မြန်မာ့ဂဇက်စာဖတ်သူအပေါင်း၊ မိတ်ဆွေတသောင်း ရွှင်လန်းချမ်းမြေ့ကြစေကြောင်း ဆုမွန်မေတ္တာပို့သပါ၏။ ပြက္ခဒိန်မှာတော့.. ဧပြီ၁၇။ ကဆုန်လဆန်း ၃ရက်နေ့က နှစ်ဆန်းတရက်နေ့တဲ့..။ (ထုံးစံအတိုင်း)မတိမကျ ကောက်တွက်ထားကြတဲ့ မြန်မာပြက္ခဒိန်နဲ့ ဟိန္ဒူတွေရဲ့ ဝေဒကတွက်တဲ့မဟာသင်္ကြန်ရက်နဲ့ ထိပ်တိုက်တွေ့တာလား.. ကမ္ဘာမြေကမော့ကြည့်ပြီး နက္ခတ်အပြောင်းအရွေ့ကိုယူတဲ့ ဝေဒနက္ခတ်ပညာနဲ့ သိပ္ပံနည်းပညာအရ မှန်ပြောင်းနဲ့ကြည့်ချတွက်တဲ့ နာဆာပညာနဲ့ ပဋိပက္ခဖြစ်တာလား.. မြန်မာ့အုပ်ချုပ်သူအာဏာရှင်တွေကပဲ.. ဖြစ်ချင်တာဖြစ်.. လုပ်ချင်တာလုပ်မဟေ့ဆိုပြီး.. ခရစ်သက္ကရာဇ်အတည်ယူလို့.. ဧပြီ၁ရမှာ… နှစ်ဆန်းတရက်စေသတည်းလုပ်ထားတာလား..။ ပုဂံခေတ်ကစတဲ့ ဟိန္ဒူယဉ်ကျေးမှုသင်္ကြန်.. ကာလရွေ့လျောလို့.. မြန်မာမှုအပြုလွန်ပြီး.. ဖြစ်ချင်တာဖြစ်လို့..လုပ်ချင်တာလုပ်ကြတာလား..။ ဖြစ်ချင်တာဖြစ်ကြစေ… အဲဒီရက်ကနေစပြီး..မြန်မာတွေ.. မဖြစ်ချင်တာတွေ.. မဖြစ်စေတည်းလို့လည်း..ဆုတောင်းကို..ထပ်ဖြည့်ပေးလိုက်ပါတယ်..။ ကျန်းမာလို့ ချမ်းသာကာ လန်းဖြာခြင်းမှာ.. စွမ်းလို့သာပါစေ..။ 😛


Swal Taw YwetApril 14, 20184min04
ပျော်ရွှင်ချမ်းမြေ့ ့ျန်းမာကြပါစေ ခင်ဗျာ။ ၂၀၁၈ အေပြီလ ၁၃ ရက် သောကြာနေ့ မနက် ၈ မှ နေ့ လည် ၁၂ နာရီအထိ ပြုလုပ်ခဲ့တဲ့ ကာတာနိုင်ငံ ဒိုဟာ မြို့ ရောက် မြန်မာများ ရဲ့ သင်္ကြန် ပွဲ မှတ်တမ်းဓါတ်ပုံ လေးတွေ တင်ပေး လိုက်ပါတယ်။ လူ ၁၀ဝ တက်ရောက်တယ်လို့ တဦး ချင်းစီမှာ ကပ်ပေး လိုက်တဲ့ Counting Sticker လေးတွေ က ညွှန်းပါတယ်။ မုန့် ဟင်းငါး မုန့်လုံးရေပေါ် ကျောက်ကျော ရွှေရင်အေး အပြင် အချိုရည် ရေသန့် မုန့် ထုပ်လေးတွေပါ တပိုင် တစု လှူဒါန်း မျှဝေ အပျော်တွေ […]


Mon LayApril 11, 20181min03
သင်္ကြန်ရောက်တော့မယ်နော်….ဂဇက်ကလူတွေအပေါင်းမြန်မာ့နှစ်သစ်မှာ ပျော်ရွှင်မှုတွေအတိဖြစ်ပြီး ကံကောင်းခြင်းတွေနဲ့ကြုံကြပါစေလု့ိ မွန်လေး ဆုတောင်းပေးလိုက်ပါတယ်။


Foreign ResidentApril 11, 20182min010
လိုရင်းကို ဒဲ့ဘဲ ပြောရရင် ၊ ဖြစ်စဉ် အကျဉ်းချုပ်က ။ – ပြသာနာရဲ့ အစက ရဲစခန်းဝင်စီး အကြမ်းဖက်တာ မဟုတ်ဘူး ။ ပြသာနာရဲ့ အစက ကိုယ်တိုင်ကော မိဘရော ဒီမြေပေါ်မှာ မွေးလာပါလျှက်နှင့် ၊ လူမှန်သမျှရဲ့ အခြေခံ ရပိုင်ခွင့် ၊ နိုင်ငံသား ဖြစ်ခွင့်လေးတောင် မပေးချင်တဲ့ ၊ ဗမာ အစိုးရ အဆက်ဆက်ရဲ့ ရိုဟင်ဂျာတွေအပေါ် မတရား ဖိနှိပ်ချုပ်ချယ်မှုဘဲ ။ – အမေရိကန် နိုင်ငံကို စတင်ထူထောင်ခဲ့တဲ့ ၊ အမေရိကန် နိုင်ငံရဲ့ တတိယမြောက် သမ္မတ သောမတ်ဂျက်ဖာဆင်က ၊ ” မတရား ( ဖိနှိပ်ချုပ်ချယ်မှု ) တွေဟာ ဥပဒေ ဖြစ်လာရင် […]


manawphyulayApril 10, 20181min05
မင်္ဂလာပါ သဂျီးနှင့် ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့…. မကြာခင် ရက်အတွင်းမှာ အတာကူးလို့ နှစ်ကူး အခါသမယကို ရောက်ရှိလို့ လာပါပြီ။ မင်္ဂလာ နှစ်သစ်ချိန်ခါအတွက် မနောဖြူလေးမှ ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာစေကြောင်း ဆုတောင်း မေတ္တာ သတိတရ လာရောက်နှုတ်ခွန်းဆက်သလိုက်ရပါသည်ရှင့်။ ဒီရွာကို မရောက်ဖြစ်ခဲ့တာ ကြာပေမယ့် အဝေးက လွမ်းဆွတ်သတိရနေမိပါတယ်။ ရွာသို့ ရောက်ရှိနေခဲ့သည်မှာလည်း ဘာလိုလိုနဲ့ ၈ နှစ် တိုင်ခဲ့ပါပြီ။ ယခုချိန်ထိ အရင်စိတ်၊ အရင်အပြုံး၊ အရင်လိုပဲ မပျက်မကွက် မနောကိုလည်း ပြန်လည် သတိရပေးကြပါလို့ ပြောကြားလိုက်ရပါတော့တယ်……………


” သင်းကွဲ” သစ်ရွက်ခြောက် ဝါမွဲမွဲ တွေရဲ့အကြား မှာ နီစိုလွင်လွင် ပန်းပွင့်လေးရဲ့ ဖြစ်စဉ်က မြေခ ကြွေကျတာခြင်း အတူတူ သူကဘဲ တစ်သီးတစ်ခြား ဘဝမှားနေသလိုလို။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၉၄၁၈K


Mon LayApril 6, 20181min00
ရန်ကုန်နောက်ဖေးလမ်း ကြား ဥယျာဉ်စီမံချက်၏တစ်စိတ် တစ်ပိုင်းဖြစ်သော ပန်းဘဲတန်းမြို့ နယ် ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းကြား (အလယ်ဘလောက်) ရှေးဟောင်းဓာတ်ပုံလမ်းကို ရုပ် ရှင်သရုပ်ဆောင် အေးဝတ်ရည် သောင်းနှင့် ကလေးငယ်များက ကမ်ပိန်းတစ်ခုပြုလုပ်ရန် စီစဉ်ခဲ့တယ်လို့ သတင်းမှာသိလိုက်ရတော့ အတော်လေးဝမ်းသာသွားရပါတယ်။ မွန်လေးတို့ငယ်ငယ်တုန်းကဆို အိမ်ရှေ ့မှာ ကွင်းပြင်ကြီးရှိလို့ အစ်မတွေ အစ်ကိုတွေနဲ့ တစ်နေကုန် တစ်နေခမ်းဆော့လိုက်ကြရတဲ့ကစားနည်းတွေ၊ တချို ့ကစားနည်းတွေဆိုမှတ်တောင်မမှတ်မိတော့ဘူး။ နွေရာသီကျောင်းပိတ်ရက်ဆို နေ့လည်တည်းကကစားဖို့ထွက်သွားလိုက်တာ ညမိုးချုပ်တော့ မှအိမ်ပေါ်တက်တဲ့အထိ။ ပြီးတော့အဲ့ကွင်းပြင်ရှိလို့ အိမ်ကနေမြောင်းဟိုဘက်ခြမ်းက တိုက်တွေ၊လူသွားတာတွေတောင်လှမ်းမြင်လို့ရသေးတယ်။ ခုများကျတော့အဲ့အိမ်ရှေ ့မှာ ၅ထပ်တိုက်ကြီးဆောက်လို့၊ မြင်ကွင်းတွေလည်းပိတ်လို့၊ အရှေ ့တိုက်ကနေ ကိုယ့်အိမ်ထဲကိုချောင်းကြည့်မှာစိုးလို့ အပင် တွေစိုက်ရတာကတစ်မျိုး၊ လိုက်ကာတွေနဲ့ ကာရတာကအလုပ်တစ်ခု။ ခုခေတ်ကလေးတွေခမျာကြည့်ကြည့်နေတာ သူတို့အတွက် ဆော့စရာကွင်းပြင်မရှိတော့ ကားပါကင်လွတ်ရင်ဆော့ကြတယ်။ မလွတ်ရင်မဆော့ကြတော့ဘူး။ ရပ်ကွက်မှာ […]


သာယာလှပတဲ့ တနင်္ဂနွေနေ့လေး တစ်နေ့မှာ တိမ်စင်တဲ့ ကောင်းကင်ကြီးကလည်း နေရောင်လက်နေတဲ့ အ မိုးခုံး ကြီးတစ်ခုလို အုပ်မိုးလို့ပဲ။ ဟောဟို ရင်ပြင်ထဲမှာတော့ ရွက်ကြွေတွေ လေပြေထဲမှာ လွင့်ခနဲ ဝဲခနဲ။ ကြည့်ရတာ အကုန်လုံး အရောင်ဖျော့ဖျော့ လင်းလက်နေကြသလိုပဲ။ ရေခဲမုန့်ဆိုင်လေးရဲ့ ခေါင်မိုး၊ ရေသောက်စင်လေးရဲ့ မှန်ကူကွက်တွေ၊ လေလွင့် ကြောင်တစ်ကောင်ရဲ့ မျက်လုံးအစုံ..၊ နောက်ဆုံး ခိုတွေ တရုန်းရုန်းနဲ့ နာရီစင်ရဲ့ အောက်ခြေတောင် ခပ်ဖျော့ဖျော့ လင်းလက်နေကြတာ။ ပိတ်ရက်ဆိုတော့ လည်ကြပတ်ကြတဲ့ မိသားစုတွေ၊ ကမာ္ဘလှည့် ခရီးသွားတွေ ရင်ပြင်ထဲမှာ ဟိုသွား ဒီသွား။ ပျော်နေကြသပေါ့။ လမ်းထောင့် တစ်နေရာက လူတစ်ယောက်ကဖြင့် ပူပေါင်းတွေနဲ့ တိရိစာ္ဆန်ရုပ်ကလေးတွေ လုပ်ရောင်းလို့။ တကျွိကျွိမြည်သံတောင် ကြားနေရသေး။ ကလေးတစ်သိုက်ကတော့ သူ့ဘေးနား ဝိုင်းလို့ပေါ့လေ။ အဲ့ဒီဘေး […]


“ဟိတ်ကောင် ငကြောင်ကြီး။” ရွာလူရှုပ်လူပွေကြီး ဥငယ်လိမ္မာ၏ အသံဖြစ်သည်။ “ဂျာဂျ” ကြောင်ကြီးမှ ပြန်ထူးသံ ဖြစ်သည်။ “ဟိတ်ကောင် မင်းလိုကောင်ကို လူမထင်ဘူးကွ။ လူလို့လည်း မသတ်မှတ်ဘူး။” ဥငယ်လိမ္မာကား လွန်စွာ စိတ်ဆိုး ဒေါသထွက်နေပုံ ရသည်။ ခြစ်ဆရာ ကြောင်ကြီး အပြုံးမပျက် “ဟုတ်ကဲ့ အဖေ။” “ဘာကွ မင်းငါ့ကို အဲလို မခေါ်နက်။” ဥငယ်လိမ္မာ ပို၍ဒေါဖေါင်းလာသည်။ “ဟုတ်ကဲ့ မကြိုက် နောင်မခေါ်ပါဘူး။ အနော် ပြောချင်တာ အနော်ကလည်း ဥငယ်လိမ္မာကို လူလို့ မသတ်မှတ်တာကြာပြီ။ အခုမှ မုန့်ဗူး။” ရုပ်ရည် သနားကမားနှင့် ကြောင်ကြီးမှ အေးဆေးတည်ငြိမ်စွာ ရှင်းပြသည်။ “ဘာ…………………….စ်။ မင်းငါ့ကို ဘယ်လိုပြောတယ်။ ပြန်ပြောစမ်း။” သူများသားသမီးကို မှိုချိုးမျှစ်ချိုး ပြောပြီး သူ့အလှည့်ကျ မခံနိုင်သော […]