kaiAugust 14, 20191min016
၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား။မြောက်ဦးဆရာတော်၏သက်တော်၆ဝပြည့် မွေးနေ့အခမ်းအနား။မြန်မာ-အမေရိကန်တို့ရဲ့ Care Packages United စေတနာ့ဝန်ထမ်းကုသိုလ်။New York က MCA NY ရဲ့ Summer Water Festival မျက်နှာဖုံးသတင်းများ။မောင်စွမ်းရည်ရဲ့ ကဗျာဆရာကြီးများရဲ့အိမ်သို့ ဆောင်းပါး။Henry Kao ရဲ့ ချိုင်းနားကွေ့ဇိုးသို့ ခရီးသွားဆောင်းပါး။သန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ Scleroderma အရေပြားမာရောဂါစု။U.S. ပြည်နယ်များမှ ဝါဆိုသင်္ကန်းကပ်သတင်းများ။မောင်မိုးညိုရဲ့ Rebecca Zahau အကြွေစောလေသူ ဆောင်းပါး။လူငယ်တေးသံရှင်ဇွဲပြည့်နဲ့ အမေးအဖြေကဏ္ဍ။ုဩဂုတ်အလှပန်း Mia Violet Khin လစဉ်ဖော်ပြနေကျ ဆရာမျိုးကျော်မြင့်ရဲ့အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဗေဒင်ကဏ္ဍ သုတ၊ ရသစုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့်၂၀၁၉၊ ဩဂုတ်လထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ။ အမြို့မြို့ရှိ မြန်မာဆိုင်များမှာ အခမဲ့ရယူပါ။ Elon Musk just endorsed democrat Andrew […]


Mon LayAugust 14, 20191min00
ငယ်တုန်းရွယ်တုန်းမှာ ခရီးပိုသွားပါ။ သန်တန်းမြန်တုန်းမှာ ခရီးပိုသွားပါ။ လူတွေအကြောင်းသိချင်ရင် ခရီးပိုသွားပါ။ အပြင်လောကမှာ ဘာတွေဖြစ်ပျက်နေလဲသိချင်ရင် ခရီးပိုသွားပါ။ လူတွေနဲ့ကင်းချင်ရင် ခရီးပိုသွားပါ။ စိတ်ညစ်နေရင် ခရီးပိုသွားပါ။ အပေါင်းအသင်းတိုးချင်ရင် ခရီးပိုသွားပါ။ ပျော်ချင်ရင် ခရီးပိုသွားပါ။ အသုံးအဖြုန်းလျှော့ပြီး ခရီးပိုသွားပါ။ ကမ္ဘာလောကကြီးကို ချစ်တတ်အောင် ခရီးပိုသွားပါ။ အပင်လေးတွေကို ချစ်တတ်အောင် ခရီးပိုသွားပါ။ သဘာဝကို ချစ်တတ်အောင် ခရီးပိုသွားပါ။ သူများကို စေတနာနဲ့ မျှဝေတတ်အောင်လည်း ကြိုးစားပါ။


Mon LayAugust 13, 20192min00
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ် (၄၉/၂၀၁၉)အားထုတ်ပြန်ထား “၂၀၁၉ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်းရှိအများပြည်သူတို့၏ အလုပ်ပိတ်ရက် (သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ရုံးပိတ်ရက်များ) 🤩သီတင်းကျွတ်ရုံးပိတ်ရက်- ၁၁.၁၀.၂၀၁၉ မှ ၁၅.၁၀.၂၀၁၉(၅ ရက်) (သောကြာ,စနေ,တနင်္ဂနွေ,တနင်္လာ,အင်္ဂါ) 😍တန်ဆောင်မုန်းရုံးပိတ်ရက်- ၉.၁၁.၂၀၁၉ မှ ၁၂.၁၁.၂၀၁၉(၄ ရက်) (စနေ,တနင်္ဂနွေ,တနင်္လာ,အင်္ဂါ)တို့ကိုပြင်ဆင်သတ်မှတ်ခဲ့ကြောင်းပါတဲ့… ချစ်တို့ရေ… ပိုက်ပိုက်လေးတွေစုထားကြမယ်နော်….ခုကတည်းက.. အဲကျရင်အမုန်းခရီးထွက်ကြမယ်… #breakingnews #holidays


Mon LayAugust 13, 20195min00
အို.. ကိုရွှေမိုးရယ်.. ဘယ်လောက်တောင်ဝမ်းနည်းနေလို့ မရပ်နိုင်မစဲနိုင်..ဒီလောက်တောင်ရွာနေရတာလဲ🌧🌧🌧 နေရာလှလှလေးတွေတွေ့ရင် ဓါတ်ဖမ်းချင်စိတ်ကိုထိန်းမရတာဆောရီးပါ။ ထပ်ပြီးတင်ဖို့ ရှယ်ဖို့ စာတွေရှိပါသေးတယ်လို့..ဖတ်ပြီးဝေဖန်ပေးပါလို့.. Comment တစ်ခုက အသက်ပါပဲလို့။ #rainyday #raining #outside #yangon #international #airport #travelemperor


Mon LayAugust 9, 20191min00
Espearado Lake View Hotel ကမွန်လေးအတွက် လာပေးသွားတာပါ။ မွန်လေးကိုလည်း facebook မှာ follow လုပ်ထားနို်င်ပါတယ်။ www.facebook.com/travelemperor1 ကိုlike & see first လုပ်ထားနိုင်ပါတယ်


Mon LayAugust 9, 20191min02
မနေ့က ညဘက်သယ်ရင်းက ရှော့ပင် ထွက်ကြရအောင်ဆိုပြီး ခေါ်တော့ အိမ်နဲ့နီးတဲ့ မြန်မာပလာဇာကို မွန်လေးတို့သွားဖြစ်ခဲ့ပါတယ်။ ပစ္စည်းတွေဝယ်သင့်တာဝယ်ပြီး https://www.facebook.com/innwabooks/ စာအုပ်ဆိုင်လည်းတွေ့ရော..ဝင်ကြမယ်ကွာဆိုပြီး ဝင်ကြရော။ ဖွင့်ထားတာတော့ကြာပြီ။ သပ်သပ်ရပ်ရပ်လေးနဲ့ အဆင့်မီတဲ့ စာအုပ်ဆိုင်လေးလို့ မြင်မိတယ်။ အထဲမှာ သုတ၊ရသ၊စီးပွားရေး၊ပညာရေးစတဲ့ စာအုပ်အမျိုးပေါင်း (၅၀)ကျော်လောက်ရှိပါတယ်။ ကို်ယ်လိုချင်တဲ့စာအုပ်တွေရွေးချယ်ပြီး အေးအေးဖတ်လို့ရတဲ့ထိုင်ခုံလေးတွေရှိတယ်။ ကော်ဖီသောက်ချင်လည်း ရတယ်။ ရှော့ပင်းစင်တာမှာဖွင့်ထားတာဖြစ်ပေမဲ့ တိတ်ဆိတ်တယ်။ စာဖတ်ဝါသနာပါတဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေတယ်။ တနင်္လာနေ့ဆိုရင် drinks အားလုံး 15% discount နဲ့ပေးတဲ့အစီအစဉ်ရှိပါတယ်။ စာအုပ်ဆိုင်ဆိုတာထက် စာကြည့်တိုက်လေးနဲ့လည်း တူတယ်လို့ခံစားမိတယ်။ ပြီးတော့ စာအုပ်တွေကိုစာရေးဆရာတွေကိုယ်တိုင်လက်မှတ်ရေးထိုးရောင်းချပေးတဲ့ပွဲတွေကိုလည်းမကြာခဏလုပ်လေ့ရှိတယ်လို့လည်းသိရပါတယ်။ ဖွင့်ချိန်ကလည်း မနက် (၉)၊ ည(၉)ပါ။ ဒီတော့ ရှော့ပင်ထွက်ရင်း ဗဟုသုတတိုးအောင် သွးာစေချင်ပါတယ်။ နေရာလေးကတော့ အမှတ် 206D၊ ဒုတိယထပ် Myanmar Plaza၊ ကမာ္ဘအေးဘုရားလမ်းပါ။


Mon LayAugust 6, 20192min00
သက်တန့်(မေရီ) ရေးတဲ့ စစ်မှန်သော မိမိနှင့်တွေ့ဆုံခြင်း စာအုပ်ကိုဖတ်ပြီးနောက် မွန်လေးကိုယ်တွေ့ပါ တကယ်ခံစားပြီး ကျင့်သုံးလိုက်လို့ အဆင်ပြေသွားတာလေးကို မွန်လေးရဲ ့follower လေးတွေလည်း ဗဟုသုတရပြီး ဘဝတစ်လျှောက်လုံးကျင့်သုံးနို်င်စေဖို့ ပြန်ရှယ်ပေးလိုက်ပါတယ်။ အရင်ဦးဆုံး မေးခွန်းလေးကသိပ်လှတယ်။ ငါ..ဘယ်သူလဲတဲ့။ ခုစာဖတ်နေတဲ့သူလည်း ဖြေကြည့်ပါ..ငါဘယ်သူလဲ။ စစ်မှန်တဲ့ ငါကဘယ်သူလဲ။ စစ်မှန်တဲ့..ငါကို ဘယ်လိုရှာလို့ရသလဲဆိုရင် အပြင် ပရောဂကြောင့်ဖြစ်လာတဲ့ ကို်ယ့်အတွေး၊ စိတ်ခံစားမှု၊ ခန္ဓာကိုယ်ရဲ ့အတားအဆီးနဲ ့ ကန့်သတ်မှုတွေရ ဲ့အောက်မှာ မရှိတဲ့လူတွေဟာ စစ်မှန်တဲ့မိမိကိုရှာဖွေနိုင်တဲ့သူတွေပါတဲ့။ အဆုံးသတ်မှာ စစ်မှန်တဲ့မိမိရှိတဲ့သူဟာ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်မှု နှင့် ငြိမ်းချမ်းမှု တို့ရှိတဲ့သူပါပဲ။ ဟုတ်ပြီ။ မွန်လေးတို့ဘယ်လိုရှာမလဲ။ အရင်ဦးဆုံး စက်ဝိုင်းပုံဆွဲလိုက်ပါ။ ပုံလည်းပြထားပါတယ်။ အဲ့မှာ စစ်မှန်တဲ့မိမိဆီရောက်ဖို့ က Body လည်းကျန်းမာသန်စွမ်းနေဖို့လိုပါတယ်။ ဟုတ်ပါတယ်။ လူတွေက နေ့စဉ်အလုပ်နဲ့ […]


Mon LayAugust 1, 20191min02
ကိုယ့်နာမည်ကို ခေါ်ရင် ချစ်စရာကောင်းတယ်ဆိုတာလေးကို ပြန်ရှယ်ချင်လို့ပါ။ မွန်လေးဆို အရင်ကဆို..မွန်လေးလို့ ကိုယ့်ကိုယ်ကို နာမ်စားသုံးပြီး ခေါ်တတ်တဲ့အကျင့်မရှိခဲ့ပါဘူး။ မသိတဲ့သူတွေ၊ လူကြီးတွေတွေ့ပြီဆို သမီးကသမီးကနဲ့ ဆိုပြီးခေါ်ရာကနေ အဒေါ်က ကိုယ့်နာမည်ကို ခေါ်ပြီးပြောပါလားတဲ့..ချစ်ဖို့လည်းကောင်းသလို..ယဉ်လည်းယဉ်ကျေးတယ်တဲ့။ သူကပြောပေမဲ့ ကိုယ်မှ အဲလိုပြောပြီးမပြောတတ်တာ မခေါ်ဘူးဆိုပြီး ဒီလိုပဲနေခဲ့ရော။ တစ်ရက်လည်းကျရော မွန်လေးတို့အိမ်ကို အမျိုးအသိကလေးလေးတစ်ယောက်လာလည်ရော။ ပြီးတော့ မွန်လေးတို့အိမ်ရ ဲ့ဧည့်ခန်းမှာ ဆက်တီခုံတွေပြီးရင် ခြေထောက်တင်ဖို့ ခုံအပုလေးတစ်ခုံလေးလည်းထားထားသေးတာဆိုတော့ အဲ့ကလေးလေးက အဲ့ခုံအပုလေးလည်းမြင်ရော သူ့အမေကို မေမေ..ဒါဝိုင်းတို့မူကြိုကခုံလေးလိုပဲတဲ့..လို့ဆိုပြီး သူကယူထိုင်ရော..သူ့ကိုယ်သူ သူက ဝိုင်းတဲ့လေ။ သူ့အမေကို နာမည်ကဝို်င်းတဲ့လားလို့မေးတော့ မဟုတ်ရပါဘူးဟယ်တဲ့.. ဘယ်ကသူ့ကို်ယ်သူ ဝို်င်းလို့ခေါ်လာမှန်းမသိဘူးတဲ့..အဲ့မှာ..အဒေါ်ကဝင်ပြောပါလေရော..တွေ့လားတဲ့ နာမ်စားနာမည်နဲ့ ကို်ယ့်ကို်ယ်ကိုခေါ်တာ ဘယ်လောက်ချစ်ဖို့ကောင်းလဲတဲ့..ဆိုတော့မှ ကိုယ်လည်း သဘောတွေကျသွားပြီး..ကိုယ့်နာမည်တပ်ပြီး ခေါ်မယ်ပေါ့နော်.. နာမည်ရွေးတော့ ရှေ့နာမည်က အေးဆိုတော့ အေးကလေ အေးကလေ လို့လည်းခေါ်ရတာမကြိုက်..အလယ်စလုံးကျတော့ ခေါ်ရတာမကြိုက်ပြန်။ […]


kaiJuly 31, 20191min00
လူကြုံရသဖြင့် မြန်မာနိုင်ငံ၏အအောင်မြင်ဆုံး ပုံနှိပ်စာစောင်တအုပ်ဖတ်ရလေသည်။ ကွယ်လွန်ပြီး ရှေးခေတ်စာ‌ရေးသူများ၏စာများပြန်ပါသလို ဆောင်းပါးသစ်များ၏တဝက်ကျော်မှာ လွန်ခဲ့သောနှစ် ၅ဝကျော်သို့ ညွှန်းခြင်းများလှသည်။ ဆောင်းပါးတို့တွင် ၁၉၃၀, ၁၉၅၀, ၁၉၆ဝ စသဖြင့် ဘေဘီဘုမ်မာတို့၏ ဆယ်ကျော်သက်နှစ်တို့ကိုညွှန်းနေကြသည်။ ဗုဒ္ဓခေတ်နှင့် ရှေးမြေရှင်ပဒေသရာဇ်ခေတ်ထိသို့ ပတ်သက်ကိုးကားနေသည်လည်းရှိသည်။ အထည်ကြီးပျက်ခဲ့သည်မူ၍ တိုင်းပြည်ရွှေထီးဆောင်းသည်ထင်ကြသောခေတ်ကိုလွမ်းမောတမ်းတနေပုံတည်း။ စာတို့တွင် “ကျေးရှစ်မျိုး”ရှိသည်ဟူ၍လည်းပါသည်။ “ဆရာကောင်းအင်္ဂါခုနှစ်ပါး”လည်းဖတ်ရသည်။ “အပင်းစမ်းနည်း”ပင် အပိုတွေ့သေး၏။ ဘဝတသက်တာလောက်အချိန်သုံးမှ ယေဘုယျလောက်သိနားလည်နိုင်သောခေတ်တို့၏ အသိအတတ်ပညာတို့ကို ယနေ့ခေတ်တွင် အထူးထားကိုးကားဖို့လိုပါသေးသလော? ထိုစာစောင်တွင် ဘာသာပြန်စာအချို့လည်းပါ,ပါသည်။ အတွေးအခေါ်နှင့်မဆိုင် နည်းပညာနှင့် အချက်အလက်သုတေသနတို့နှင့်ဆိုင်သော ဆောင်းပါးတို့သာဖြစ်သည်။ စာပေမှ ခေတ်၏ပုံရိပ် စာဖတ်သူ/လွှမ်းမိုးနိုင်သူ တို့အခြေအနေ ဖမ်းမှန်းနိုင်သည်။ သို့ဆိုလျှင် မြန်မာတို့ ကွန်ဆာဗေးတစ်သမားများ၍ ရှေးရိုးစွဲနေသည်ဟုဆိုမည်။ ရှေးရိုးစွဲဟူသည် ရှေးအတွေးအခေါ် ဓလေ့၊ယဉ်ကျေးမှု၊ဘာသာရေးတို့ကို ဖက်တွယ်ထားသူများဖြစ်သည်။ တိုင်းပြည်တပြည်တည်ထောင်ထားရာတွင် လူ့တန်ဖိုးများအဖြစ်လိုပါအပ်ပါသည်။ သို့ပါငြား ကွန်ဆာချည်းဗေးတစ်လွန်းနေလျှင်ကား နိင်ငံရေးအလုပ်မဖြစ်ပေ။ […]


Mon LayJuly 31, 20192min02
Korea သွားစရာမလိုဘဲ Korea အကင်စားချင်ရင် Ko’s Food ကိုသွားပါ။ တကယ်ကိုရီးယားစားကိုကြိုက်တယ်..ခုံမင်တယ်.စမ်းပြီးစားကြည့်ချင်တယ်ဆို…Ko’s Food ဆိုတဲ့ဆိုင်လေးကိုသွားလိုက်ပါ။ ဆိုင်ပိုင်ရှင်ကိုယ်တိုင်က ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ခဲ့ဖူးတဲ့သူဖြစ်နေခဲ့တာရော.. အရသာကလည်း သူများဆိုင်တွေနဲ့ မတူ..တမူထူးခြားကောင်းလွန်းတာရောကြောင့်မို့ပါ။ ဆိုင်လေးက တိုးချဲ့ဆို်င်ခန်းလေးမှာဖြစ်ပေမဲ့ စားလို့သောက်လို့အရမ်းကောင်းတာကြောင့် နေရာအနေအထားလေးတောင် စားနေရင်း မေ့သွားနိုင်ပါတယ်။ ခရီးသွးတာလေး ခဏနားထားတော့ အစားအသောက်ဘက်ကို review ရေးချင်စိတ်ဖြစ်လာလို့၊ တကယ်လည်း စားကောင်းလို့..ပြန်ရှယ်ပေးတာပါ။ #တည်နေရာ တောင်ဥက္ကလာ၊ တကောင်းလမ်းမကြီး၊ တကောင်း (၈) လမ်းထိပ် မှာပါ။ ရှာမတွေ့ရင် ဖုန်း 09950789022၊ 09799802286 ကိုဆက်ပေးနော် #ဆိုင်ဖွင့်ချိန် Tue to Sun 02:00 pm – 09:30 pm ⏰ Closed on Monday !! […]


Mon LayJuly 30, 20191min00
ချစ်တို့ ရေ..ဒီစာလေးမ ရေးခင်မှာ မေးစရာလေးရှိလို့ပါ။ ခရီးကတော့ ပြည်တွင်းကော ပြည်ပပါသွားဖူးကြမယ်ထင်ပါတယ်နော်။ အဲတော့ အဲလိုသွားရင်းနဲ့ ပစ္စည်းပျောက်တာမျိုးကြုံဖူးပါလား။ သေချာပြန်စဥ်းစားပေးပါနော်။ ပြီးတော့ အဲလိုပျောက်တဲ့အခါဘယ်လိုမျိုးဖြေရှင်းခဲ့ပါလဲ။ မွန်လေးတို့စင်ကာပူကအပြန် ပစ္စည်းပျောက်လို့ ပြန်ရအောင်လုပ်ခဲ့ပုံလေးကိုဒီပို့စ်နဲ့ပြန်ရှယ်ပေးချင်ပါတယ်။ တကယ်တန်း ပျောက်တဲ့အခါ ဒီပို့စ်လေးဖတ်ထားမိရင် အသုံးဝင်ကောင်းဝင်နိုင်အောင်လို့ပါ။ မွန်လေးတို့စပျောက်တယ်လို့သိလိုက်တဲ့အချိန်က ရန်ကုန်ပြန်ရောက်တဲ့အချိန် လေယာဉ်ပျံပေါ်မှာပေါ့။ လေယာဉ်ကကွင်းထဲကိုဆိုက်နေပြီ။ ထိုင်ခုံပေါ်က အထုပ်ကိုယူမယ်အလုပ်မှာ အိတ်ကမရှိတော့ဘူး။ဒီတော့ ပစ္စည်းပျောက်တယ်လို့စသိလိုက်တာနဲ့ လေယာဉ်ထဲကထွက်ဖို့ပြင်ပါ။ ဧည့်သည်တွေ ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ တစ်ယောက်ချင်းကိုလိုက်စစ်နိုင်ဖို့ တာဝန်ရှိသူတွေကိုအ ကြောင်းကြားပါ။ Immigration officer ကိုအကျိုးအကြောင်းပြောပြီး passport ထားခဲ့ပြီး baggage claim နေရာမှာ ဧည့်သည်တွေကို တစ်ယောက်ချင်းစီစစ်ပါ။ ပစ္စည်းပျောက် lost & found ဌာနဘယ်မှာလဲမေးပြီး တိုင်ပါ။ အဲ့မှာ ကိုယ်ပျောက်တဲ့အိတ်ပုံစံရယ်၊ ဓါတ်ပုံရိုက်ထားရင်လည်းပုံ၊ အထဲမှာပါတဲ့ပစ္စည်းတွေ..စတဲ့ […]


kaiJuly 30, 20193min01
ယခင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် လေ့ကျင့်ခဲ့ကြတယ်နော်။ နမူနာအဖြစ် Winners and Loser နဲ့ Givers and Takers ဆိုတဲ့ Paragraph လေးနှစ်ပုဒ်တိတိ ရေးသားဖော်ပြခဲ့ပါတယ်။ Givers and Takers မှာ conclusion လေးကိုချန်ထားခဲ့ပြီး စာဖတ်သူများကိုယ်တိုင် ရေးကြည့်ကြဖို့ မှာကြားခဲ့ပါတယ်။ ယခုလမှာ ဖော်ပြပေးမဲ့ conclusion လေးနဲ့ ယှဉ်ကြည့်ကြပေါ့နော်။ ယခုလမှာတော့ narrative paragraph လေးတွေအကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးဖို့ ရည်ရွယ်ထားပါတယ်။ Narrative ဆိုတာကတော့ ဇာတ်လမ်းသဘောမျိုးပေါ့။ မိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သို့မဟုတ် ကြားဘူးတဲ့ အဖြစ်အပျက်လေးတွေအကြောင်း ရေးသားရတာပါ။ ဒီ narrative paragraph ရဲ့ထူးခြားချက်ကတော့ အခြား paragraph […]