kaiJanuary 20, 20242min00
လာမယ့်.. အင်္ဂါနေ့မှာ.. နယူးဟမ့်ရှားပြည်နယ်.. ရီပါ့ဗလစ်ကန်တွေရဲ့.. သမ္မတလောင်းရွေးပွဲပါ…။ အိုင်အိုဝါပြီးတော့.. အခု.. နယူးဟမ့်ရှား..။ အိုင်အိုဝါမှာ.. ထရမ့်က.. နစ်ကီဟေလီကို.. ပွိုင့်၃၀လောက်ပြတ်နိုင်ပြီးသကာလ… အခု.. နယူးဟမ့်ရှားအလှည့်ဆိုပါစို့..။ ဟိုးရှေးကထဲက… ထရမ့်နောက်က ဒုတိယဖြစ်နေတဲ့.. ဖလော်ရီဒါဂါဗနာ.. ဒီဆန်းတစ်က… နယူးဟမ့်ရှားမှာ.. အခြေအနေမကောင်း..။ နစ်ကီဟေလီက.. သူ့ရှေ့ကို.. ဖြည်းဖြည်းချင်းရောက်လာ..။ ဒီဆန်းတစ်က…. နစ်ကီဟေလီရဲ့.. ဇာတိ.. ဟုမ်းစတိတ်.. တောင်ကယ်ရိုလိုင်းနားမှာ.. သွားမဲဆွယ်နေ..။ အဲဒါပြီးလို့မှ… မနိုင်ရင်.. ထွက်မယ်ထင်ရတာပဲ..။ ထရမ့်ကိုယ်ပိုင်ချာနယ်.. ထရုတို့.. သူ့ထောက်ခံတဲ့.. နယူးမက်စ်တို့မှာ.. ထရမ့် … ကန်ပိန်းက.. ပြနေတာတွေများ.. သွားနားထောင်/ကြည့်လိုက်ရင်..”ဟာ.. ဟုတ်ပေသား…” ဖြစ်ကုန်တယ်လို့.. တချို့ကဆိုကြ..သမို့.. ဤသူလည်း.. သွားကြည့်/နားထောင်လိုက်တာ.. ထရမ့်ကို.. မဲပေးချင်စိတ်ပေါက်သွား… သွား.. ။ သို့သော်.. ဒါပေမယ့်… သမ္မတဘိုင်ဒင်ကို.. သက်ကြီး၈၀ကျော်မို့.. […]


kaiJanuary 20, 20244min00
Karen Organization of San Diego က ကျင်းပတဲ့ ၂၇၆၃ ကရင်နှစ်သစ်ကူးပွဲ။ California ပြည်နယ်၊ San Diego မြို့မှာရှိတဲ့ Karen Organization of San Diego (KOSD) ကကြီးမှူးကျင်းပတဲ့ ၂၇၆၃နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ၁၃က City Heights Performace Annex မှာ မနက်၁၁နာရီကစပြီး ကျင်းပခဲ့ပါတယ်။ အခမ်းအနားအတွက် KOSD နဲ့အတူ City of San Diego Commission for Arts and Culture က ကူညီပံ့ပိုးပေးပြီး ကွန်မြူနတီက ပံ့ပိုးမှုများလည်း ပါဝင်ခဲ့ပါတယ်။ အဖွင့်အမှာစကားကို KOSD Board of directors အဖွဲ့ဝင် […]


kaiJanuary 16, 20242min00
ဒီတပါတ်… အရောင်ရင့်မှတ်တမ်းများ – Bold News မှာ… ၁) ထိုင်ဝမ်ရွေးကောက်ပွဲပြီးသွားပါပြီ..။ သက်တမ်း၂ခုဆက်တိုက် သမ္မတနေရာရထားတဲ့.. DPP ပါတီက.. တတိယသက်တမ်းဆက်ရလိုက်ပါတယ်..။ ထိုင်ဝမ်ခွဲရေးနဲ့တွဲရေးမှာ.. ခွဲရေးဖက်က… နိုင်တယ်.. ဆိုပါစို့…။ အမေရိကားကတော့.. ပြောရှာပါတယ်..။ ထိုင်ဝမ်လွတ်လပ်ရေးကို.. ထောက်ခံအားပေးမှာ.. မဟုတ်ပါဘူး… တဲ့…။ ချိုင်းနားတနိုင်ငံထဲပါ.. ဆိုတဲ့.. ပေါ်လစီကို.. ကိုင်စွဲထားပေးမယ့်သဘော..။ ကွန်မြူနစ်ချိုင်းနားဖက်ကနေ.. စစ်ရေးပြ.. ဖိအားပေးသော်လည်း… ထိုင်ဝမ်နီစ်းတွေက.. ခွဲရေးရွေးတာမို့.. ပြောထားတဲ့.. ချိုင်းနားလည်း.. အခုထိတော့.. အူလည်လည်လုပ်နေ..။ အမေရိကားက… သမ္မတသစ်ကို.. ဂုဏ်ပြုစကားပြောတာကိုပါ… ဒေါသတွေထွက်ပြနေ.. ၊ နောနေမှ.. ဘာထကြမ်းမလဲမသိ..။ သူ့တပည့်.. မြောက်ကကြီးကတော့… တာလတ်ပစ်ဒုံးတွေ.. ၂၀၂၄ စျေးဦးဖေါက်ပစ်ပြပြီး.. ဘယ်သူ့ကိုမှန်းမသိ.. ခြိမ်းခြောက်လိုက်ကြောင်း..။ ၂) မနက်ဖြန်.. အိုင်အိုဝါပြည်နယ်ရဲ့… သမ္မတလောင်းရွေးပေးပွဲပါ..။ ဂျီအိုပီပါတီ(ရီပါ့ဗလစ်ကန်) […]


kaiJanuary 11, 20247min00
“San Francisco Bay Area မှာရှိတဲ့ မြန်မာအပါအဝင် အာရှသားအများစုအတွက် ဆေးကုသမှုငွေကြေးပူပန်စရာမလိုဘဲဖွင့်လှစ်ထားတဲ့ Asian Health Services” – By SweSwe Aye San Francisco Bay Area မှာရှိတဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ သွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ကျောင်းကျန်းမာရေးကိစ္စတွေကို လူမျိုး၊ ဘာသာမခွဲခြားဘဲ ဝန်ဆောင်မှုပေးနေတဲ့ လူထုအခြေစိုက်အဖွဲ့အစည်းတခုဖြစ်တဲ့ Asian Health Services (AHS)နဲ့ မြန်မာလူမှုအသိုင်းအဝိုင်းကို မိတ်ဆက်ပေးချင်ပါတယ်။ အမေရိကားမှာ နှစ်ပေါင်းများစွာအခြေချနေထိုင်သူတွေရော၊ ရွှေ့ပြောင်းရောက်ရှိလာတာမကြာသေးတဲ့သူတွေရောအတွက် San Francisco Bay Area မှာ Asian Health Services ဟာ လူမှုအဖွဲ့အစည်းရဲ့လိုအပ်ချက်တွေကို တထောင့်တနေရာကနေ ဖြည့်ပေးနေပါတယ်။ မြန်မာဂဇက်ဟာ ဇန်နဝါရီ၂ရက်နေ့မှာ Asian Health Services ရဲ့ […]


kaiJanuary 10, 20242min01
ဆိတ် ကိုဂျိုဖြုတ်လိုက်ရင်.. ခွေး‌နဲ့တူတာမို့… ဆိတ်ဂတုံးဆိုတာ.. ခွေးကို.. အမည်ဝှက်ပေးခေါ်တာလို့… သိကြမှာပါ..။ “ခွေး”ကို.. ခွေးလို့ခေါ်ပြီး.. စားရင်… ခွေးက.. သိတာမို့… အမည်ဝှက်ပေးခေါ်ပြီး..မြန်မာတွေ… ဝါးတီးဆွဲကြတာမို့ပါ..။ ခွေးသားရဲ့… နောက်အမည်ဝှက်ကတော့… “ဆတ်သားခြောက်”.. တဲ့..။ အဝတ်မှာဆိုးတဲ့.. ဆေးနီဖြန်း/စိမ်ဆိုးထားတဲ့.. ဆတ်သားခြောက်ဆို… မြန်မာတွေ.. ကြိုက်မှကြိုက်..။ ‌ မြန်မာတိုင်းရင်းသားတချို့… ခွေးသားစားကြပြီး.. ချိုင်းနား.. ဗီယက်နာမ်… ထိုင်ဝမ်… တောင်ကိုရီးယားတို့မှာလည်း..ခွေးသားဟင်းလျှာတွေ… ခေတ်စားပါတယ်..။ ခွေးသားမှာ… အပူဓာတ်ရှိတာမို့.. သက်လုံကောင်းအောင်… စားကြသတဲ့..။ အခုတော့.. တောင်ကိုရီးယားလွှတ်တော်က.. ‌”ဆိတ်ဂတုံးသားကို.. မွေးမြူ..သတ်ဖြတ်ပြီး.. စားသောက်ဆိုင်တွေသွင်းနေတဲ့.. လုပ်ငန်းစဉ်ကို.. ရပ်တန့်ဖို့.. ကြိုးစားတဲ့အနေနဲ့… ဥပဒေပြုလိုက်ပါသတဲ့..။ မွေးမြူ..သတ်ဖြတ်ရင်.. ထောင်၃နှစ်နဲ့.. ဒဏ်ကြေး ဝမ်ငွေ.. သန်း၃၀ ဆောင်ရမတဲ့..။ ဝမ်ငွေ.. သန်း၃၀ ဆိုလို့.. လန့်ဖြန့်တက်မသွားပါနဲ့.. ၁ဒေါ်လာ […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Dec 20 ။ စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ဒေသတွေမှာ လေကြောင်းသုံး တိုက်ခိုက်တာတွေ ရှိနေပေမဲ့၊အရပ်သားတွေအားထားနေရတဲ့ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေကတော့ ၃ပုံ ၁ပုံလောက် လျော့နည်းသွားတဲ့အပြင် တချို့မြို့ ပြေးဆွဲမှုတွေ ရပ်နားနေပြီး၊ လေယာဉ်လက်မှတ်ခတွေလည်း စျေးတက်သွားကြောင်း သိရပါတယ်။ ချိုင်းနား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ကို မြန်မာ့ပြောင်းဆန် တန်ချိန် ၇ သိန်း တင်ပို့သွားဖို့အတွက် MOU(နားလည်မှုစာချွန်လွှာ) လက်မှတ်ရေးထိုးထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း(MICA)ထံမှ သိရပါတယ်။ မြန်မာပြည်မှာ ပြောင်းစိုက်ပျိုးမှု ဧက ၂ သန်းကျော်၊ အထွက်နှုန်း တန်ချိန် ၃ သန်းကျော်ရှိပြီး ပြည်တွင်းသုံးစွဲမှု တန်ချိန် ၁ သန်းနီးပါးရှိကာ ပြည်ပတင်ပို့မှု တန်ချိန် ၂ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။ Dec 19 ။ လျှပ်စစ်မီး […]


kaiDecember 25, 20231min00
၂၀၂၃ကိုနှုတ်ဆက်ပါသည်။ ၂၀၂၄သည် လှုပ်ရှားခုန်ဆွခြင်းများဖြင့်စောင့်၏။ ဖြစ်နေသော စစ်ပွဲကြီးများ ရပ်တန့်သွားမည့်အခြေအနေမမြင်ရသလောက် ပို၍တိုးလာမည့် စစ်နှင့်ပဋိပက္ခအခြေအနေများကိုမြင်ရနေသဖြင့် ၂၀၂၄သည် တနင်္ဂနွေဂြိုလ်မင်း တဖက်ကသံလျက် တဖက်က ခွက်ကိုင်လျှက်ဆင်းလာမည်ဟု ဆိုရပေမည်။ ကမ္ဘာ့လူဦးရေ၏တဝက်ကျော်ရှိသော အမေရိကား၊ ရုရှား၊ ထိုင်ဝမ်၊ အိန္ဒိယ နှင့် အင်ဒိုနီးရှား စသည့်နိုင်ငံတို့တွင် ကမ္ဘာအခြေအနေပြောင်းလှန်သွားနိုင်သည့် အထွေထွေရွေးကောက်ပွဲကြီးများရှိကြ၏။ “အမေရိကအင်ပါယာ”၂၀၂၄ နိုဝင်ဘာ ၅ရက်နေ့တွင် သမ္မတအပါအဝင်ကွန်ဂရက်၏အထွေထွေရွေးကောက်ပွဲကြီးရှိရာ ဆိုင်ရာပါတီများ၏သမ္မတလောင်းများ အမတ်များ ကန်င်ပိန်းဆင်း စည်းရုံးနေကြပါသည်။ အထူးသဖြင့် အထိန်းမထပ် ယိမ်းတတ်သော အဆုံးအဖြတ်ပေးပြည်နယ်များဖြစ်သည့် မြောက်ကယ်ရိုလိုင်းနား၊ ဂျော့ဂျီယာ၊ အာရီဇိုးနား၊ မီချီဂန်၊ ဝစ္စကိုဆန် ပန်ဆန်ဗေးနီးယား တို့တွင် အလုအယက်တည်း။အကယ်၍ သမ္မတထရမ့်သာပြန်လည်ရွေးကောက်ခံရလျှင် ပြည်တွင်းစစ်ကြီးဖြစ်နိုင်သည်ဟု ခန့်မှန်းထားချက်များရှိသည်။ ဒီဇင်ဘာလဆန်းပိုင်းက NETFLIXမှမျှောလွှင့်လိုက်သော သမ္မတဟောင်းအိုဘားမားတို့ထုတ်လုပ်သူဖြစ်သည့် “Leave the World Behind” ရုပ်ရှင်တွင် […]


kaiDecember 23, 20232min00
Ethnic Media Services, CAIR San Diego နှင့် Catalyst တို့ပူးပေါင်းကျင်းပသည့် လူထုအခြေပြု အဖွဲ့ခေါင်းဆောင်များနှင့် မီဒီယာများတွေ့ဆုံပြီး လူမျိုးအသီးသီး၏လူမှုနယ်ပယ်များတွင်ဖြစ်ပွားနေသည့် ရန်လိုရွံမုန်းခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးအဖြေရှာသည့် ” Foster အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ၉ က El Cajon, California တွင် ကျင်းပခဲ့သည်။ Ethnic Media Services Co-Director Julian Do က ” ရန်လိုရွံမုန်းခြင်းကို တိုက်ဖျက်ဖို့အတွက် လူမျိုးစုတွေအားလုံး အတူပူးပေါင်းကြဖို့လိုပါတယ်။ ဒီဆွေးနွေးပွဲဟာ သြဂုတ်၃၊ ၂၀၂၃ ကျင်းပခဲ့တဲ့ အစည်းအဝေးရဲ့ လေးလပတ် အစည်းအဝေးဖြစ်ပြီး နောက်မှာလဲ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်” ဟု ပြောကြားခဲ့သည်။ Tazheen Nizami, executive director of […]


kaiDecember 22, 20231min00
Technology နှင့် အင်္ဂလိပ်စာ သင်ကြားခြင်းအကြောင်း ပြောကြမည်ဆိုလျှင် Technology နှင့် ခလေးငယ်များအကြောင်းကို ချန်ထား၍ မရပါ။ အထူးသဖြင့် ယခုအချိန်မှာ Christmas နှင့် နီးနေပြီဖြစ်၍ ခလေးများအတွက် လက်ဆောင်များ ဝယ်ယူရန် စဉ်းစားနေချိန်လည်း ဖြစ်ပါသည်။ ဒီတော့ ယခု ခေတ်စားနေသော electronic toys များ၊ အထူးသဖြင့် စကားပြောနိုင်သော အရုပ်လေးများ၊ စာဖတ်ပြနိုင်သော စာအုပ်လေးများကို မြန်မာခလေးများအတွက် ဝယ်ယူပေးသင့်၊ မပေးသင့် ယခုဆောင်းပါးတွင် ဖော်ပြလိုပါသည်။အချို့မိဘများက မိမိကိုယ်တိုင် အင်္ဂလိပ်စကား မကျွမ်းကျင်လှပါ။ အသံထွက်လည်း မမှန်လှပါ။ ဒီတော့ ဒီလိုစကားပြောတတ်သော အရုပ်လေးများ၊ စာဖတ်ပြနိုင်သော စာအုပ်လေးများကို အားကိုးခြင်ကြပါသည်။ သို့သော် ထို စကားပြောနိုင်သော အရုပ်လေးများ၊ စာဖတ်ပြနိုင်သော စာအုပ်လေးများမှာ ခလေးငယ်များနှင့် မသင့်တော်သည့်အတွက် […]


kaiDecember 21, 20238min00
Japan-ASEAN summit aims to advance ‘security cooperation’Dec 16 | http://tinyurl.com/2zhumdntSoutheast Asian and Japanese leaders on Saturday will commit to strengthening “maritime security cooperation,” according to a draft statement, at a summit in Tokyo focused on boosting economic ties but also guarding against China’s growing regional assertiveness. Hungary blocks $54bn EU financial aid for UkraineDec 15 […]


kaiDecember 21, 20231min00
Dec 21 ။ ဇန်နဝါရီ ၇ ရက်မှာကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကို အတိုက်အခံဘက်က ကန့်ကွက်ဆန့်ကျင်မှုတွေကြားမှာပဲ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ သူ့ရဲ့အာဏာရ အဝါမီလိဂ် ပါတီ မဲဆွယ်စည်းရုံပွဲတွေကို တရားဝင် စတင်လိုက်ပါတယ်။ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ ၂၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဟားမက်စ်အဖွဲ့ပိုင် အစိုးရမီဒီယာရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ဆူဒန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြီးဖြစ်လာနေတာကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို တချို့နေရာတွေမှာ ယာယီရပ်ဆိုင်းလိုက်ရပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာနေတာကြောင့် ကလေးတွေ သန်းနဲ့ချီပြီး အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့အပေါ် စိုးရိမ်ကြောင့် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ပြောပါတယ်။Dec 20 ။ စီးပွားကျဆင်းမှုတွေနဲ့ မနှစ်က ရင်ဆိုင်ခဲ့ရပြီး ဒေဝါလီခံထားရတဲ့ […]


kaiDecember 21, 20233min00
” ရန်လိုရွံမုန်းခြင်းတွေကို လူမျိုးစုတွေအားလုံးပူးပေါင်းပြီး တွန်းလှန်ကြဖို့” – SweSwe Aye Ethnic Media Services, CAIR San Diego နှင့် Catalyst တို့ပူးပေါင်းကျင်းပသည့် လူထုအခြေပြု အဖွဲ့ခေါင်းဆောင်များနှင့် မီဒီယာများတွေ့ဆုံပြီး လူမျိုးအသီးသီး၏လူမှုနယ်ပယ်များတွင်ဖြစ်ပွားနေသည့် ရန်လိုရွံမုန်းခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးအဖြေရှာသည့် ” Foster အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ၉ က El Cajon, California တွင် ကျင်းပခဲ့သည်။ Ethnic Media Services Co-Director Julian Do က ” ရန်လိုရွံမုန်းခြင်းကို တိုက်ဖျက်ဖို့အတွက် လူမျိုးစုတွေအားလုံး အတူပူးပေါင်းကြဖို့လိုပါတယ်။ ဒီဆွေးနွေးပွဲဟာ သြဂုတ်၃၊ ၂၀၂၃ ကျင်းပခဲ့တဲ့ အစည်းအဝေးရဲ့ လေးလပတ် အစည်းအဝေးဖြစ်ပြီး နောက်မှာလဲ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်” […]