zaw winMay 28, 20161min03
လူတစ်ယောက် ဘဝတစ်ခု အတွေးအခေါ်တစ်ခု လုပ်ဆောင်ချက်တစ်ခု အဆင်ပြေမှု သို့မဟုတ် အောင်မြင်မှု။ မင်းသုတ 17း00 P.M 28.5.2016


garudaMay 28, 20161min013
မတွေ့တာကြာပီနော်……ဘာရယ်မဟုတ်ပါဘူး…သများးဒေပြောတာကြားလို့လိုက်ပြောကျိတာ။ခစ်ခစ်။ အမှားပါရင် ခွင့်လွှတ်ပါနော် 😉


Foolish GirlMay 27, 20161min07
ကျွန်မနှင့် ရပ်ကွက်ရုံးအလွဲများ – ၁ ကိုရွာသားတွေဖတ်ပြီးရင်တော့ Foolish Girl ဘယ်လိုတွေ ထပ်လွဲစရာရှိသေးလို့လဲ ၁ လို့တပ်ထားတာလဲ အဆက်တွေရှိဦးမယ်လို့ တွေးမိမယ်ထင်ပါတယ် ဟုတ်ပါတယ် ကျွန်မမှာ လွဲလွဲလေးတွေရှိပါသေးတယ်…. အစပျိုးတာနဲနဲများရှည်သွားပြီလားမသိ 😛 အပိုင်း – ၁ တုန်းက ကျွန်မဧည့်စာရင်းတိုင်တဲ့အဖြစ်အပျက်လေးကို ပဲထပ်ပြီးဆက်ချင်ပါတယ်။ ဧည့်စာရင်းရဲ့သဘောတရားအရ တပတ်ပဲခွင့်ပြုတာဆိုတော့ကာ နောက်အပတ်တွေမှာထပ်တိုင် ဖို့ လိုလာပြန်တာပေါ့ ။ ဒီနေရာမှာဝန်ခံစရာလေးတော့ရှိပါတယ် ကျွန်မပထမတစ်ကြိမ်ဧည့်စာရင်းတိုင်ပြီးနောက်ပိုင်း တော်တော်နှင့်ထပ်ပြီးမတိုင်ဖြစ်ပဲ သင်္ကြန်ပြီးမှ ရပ်ကွက်ရုံးကိုထပ်ရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့အရင်လိုမျိုး လိုအပ်တာတွေသေချာယူသွားတယ် ပြီးတော့ တစ်ထောင်တန်တစ်ရွက်ဆောင်လာပါတယ်။ ရက်ကွက်ရုံးရောက်တဲ့အချိန်မှာ ရုံးစာရေးဆီက ဧည့်စာရင်းတိုင်ဖို့စာရွက်တောင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီဇာတ်လမ်းစတင်ပါတော့တယ်…….. သူတို့နံရံမှာ ကပ်ထားသလို အိမ်ငှားစာချုပ် ပါသွားပါတယ်။ ဒါပေမယ့် သူထပ်တောင်းတာက လမ်းမှူးထောက်ခံစာပါပါသလားတဲ့။ ကျွန်မကလည်း မပါပါဘူး အရင်တုန်းကလည်းတိုင်ဖူးပါတယ် ဆိုတော့ […]


Foolish GirlMay 27, 20161min03
အိမ်အသစ်ကိုပြောင်းပြီး နောက်နေ့မှာဧည့်စာရင်းတိုင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ည၈နာရီလောက်မှထွက်ခဲ့ပါတယ်။ ရုံးကိုရောက်တဲ့အချိန်ဘယ်သူမှမတွေ့လို့ မေးကြည့်တော့ ရပ်ကွက်ရုံးက စနေတနင်္ဂနွေ ဆိုပိတ်တယ်တဲ့။ (အခုမှကြားဖူးတာ) ဒါလိုနဲ့ပဲ တနလာင်္နေ့ရောက်တော့နောက်တစ်ခေါက်ထပ်ထွက်လာခဲ့ရပြန်တာပေါ့။ ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်ဖို့အတွက် ဘာတွေလိုမလဲတွေးတဲ့အချိန်မှာ နံရံမှာကပ်ထားတဲ့ “အိမ်ငှားများဧည့်စာရင်းတိုင်မည်ဆိုပါက အိမ်ငှားစာချုပ်ယူလာပါ ” လို့ရေးထားတဲ့စာကိုဖတ်ရပါတယ်။ ကျွန်မလည်းပါသွားတယ်ဆိုတော့အဆင်ပြေပြေပဲ ဧည့်စာရင်းတိုင်တဲ့စာရွက်ယူဖို့ရုံးစာရေးဆီအရောက်မှာ နံရံမှာကပ်ထားတဲ့စာရွက်တစ်ရွက်ကိုထပ်ပြီးမြင်မိပါတယ်။ အဲဒီစာရွက်မှာ “မည်သည့်ကိစ္စနှင့်မှအခကြေးငွေပေးရန်မလိုပါ” (စာလုံးအပြည့်အစုံမမှတ်မိတော့ပါ) တဲ့။ ရင်ထဲမှာ တွေးမိတယ် ပြောင်းလဲချိန်တန်တာတွေတကယ်ပြောင်းလဲနေပြီပေါ့ ။ ဒီလိုနဲ့ပဲ ဧည့်စာရင်းစာရွက်မှာ လိုအပ်တဲ့အချက်တွေဖြည့်ပြီး စာရေးကိုသွားပြတဲ့အချိန်မှာ စာရေးကစာရင်းသွင်းပြီး တဲ့အချိန် ကိုယ်လည်း ကိစ္စပြီးပြီဆိုပြီးလှည့်ထွက်မယ်အလုပ် စာရေးပြောလိုက်တဲ့စကားကြောင့် ကျွန်မ အပြုံးယဲ့ယဲ့လေးပြုံးပြပြီး တစ်ထောင်တန်လေးတစ်ရွက်ထုတ်ပေးပြီးအိမ်ပြန်ခဲ့ပါတော့တယ်။ စာရေးပြောတဲ့စကားက “စာရွက်စာတမ်းဖိုးအလှူငွေထည့်သွားဦးလေ…………“


“၁၅၀ဝ   “   2   8         Vietnamခရီးစဉ်အမှတ်တရလေးပါ   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ    


“တစ်ခန်းရပ် ”   မင်းက ငါ့ဆီ မလာ။ ငါက မင်းဆီ မရောက်။   မင်းလာတော့ ငါမရှိ။ ငါရောက်တော့ မင်းမလာ။   ဒီလိုသာအခါခါလွဲ နှစ်ယောက်ဆုံနိုင့်ခွင့် မွဲနေမှတော့ ညောင်ညိုပင်စခန်းမှာ လမ်းခွဲ လိုက်ကြရအောင်အေ။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၅၅၁၆  


alinsettMay 25, 20164min015
          .ပြီးခဲ့တဲ့လ(ဧပြီ/၂၀၁၆)ကမှ  အသစ်ထွက်ထားတဲ့ စာအုပ် တစ်အုပ်ကို ဖတ်မိပါတယ်။ အဲဒီစာအုပ်ကို ဖတ်ရင်း… ဆင့်ပွါးပြောချင်လာတာလေးတွေ ရှိလို့… ဒီပိုစ့်ကို ရေးပါမယ်။ ပိုစ့်က အပိုင်းတွေ အဆက်တွေနဲ့ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့… ပိုစ့်တစ်ပုဒ်နဲ့တစ်ပုဒ် အချိတ်အဆက် မိစရာ သိပ်မလိုတဲ့အတွက်… အဆက်မပြတ် လိုက်မဖတ်နိုင်သူတွေအတွက်လည်း အကြောင်းတိုက်ဆိုင်ရာ ပိုစ့်ကို ဖတ်မိရုံနဲ့… တစ်စုံတစ်ခု တွေးစရာ ရသွားရင် ကျေနပ်ပါပြီလို့…။   စာအုပ်ကတော့ သုတစာပေအမျိုးအစားဖြစ်ပြီး ဘဝဒဿ      န/အဆိုအမိန့်တွေကို ကျစ်ကျစ်လျစ်လျစ် စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်များ ပြောဆိုရေးသားခဲ့တဲ့ အဆိုအမိန့်များမို့…. ကျနော့်ထက် အသက်အရွယ်/ဉာဏ်ပညာ ကြီးမားပြီး အတွေ့အကြုံရင့်ကျက် ခိုင်ကျည်နေတဲ့ လူကြီးသူမတွေဖတ်ဖို့လို့…မရည်ရွယ်ပါဘူး။   ကျနော်ကိုယ်တိုင်အတွက်ရယ်…. […]


KyaemonMay 25, 201628min03
အမှားနဲ့အမှန်ပြန်ကောက်ရအောင်၊ ပဌမ မေးခွန်း မြစ်ဆုံက စစ်ကိုင်းမြေငလျင်ကျောပေါ်မှာတည်ရှိနေတယ်၊ မမှန်ပါ ဒါမှမဟုတ်ရင် အနီးအနားမှာတည်ရှိနေတယ်၊ မမှန်ပါ၊ အလှမ်းခပ်ဝေးဝေး မှာပါ ဒုတိယမေးခွန်း မြစ်ဆုံနားမှာမြေငလျင်ကြီး ရံဖန်ရံခါဖြစ်စေ၊ ရံဖန်ရံဖန် မဟုတ်ပါအလွန့်အလွန်ဖြစ်ခဲတယ် နှစ်ပေါင်း ၂၁၆ အတွင်းမှာ  မိုင် ၆၂ မှ ၁၃၄ ထိ ခပ်ဝေး ဝေး  မှာ ၂ ကြိမ်ပါဘဲ အကြီးအကျယ်ဖြစ်စေ၊ ဖြစ်ခဲ့သလား သို့တည်းမဟုတ် ဖြစ်နိုင်မလားပါ အဲဒီ နှစ်ကြိမ် ကလဲ ရစ်တာ ၇.ဝ နဲ့ ၇.၆ ဆို တော့ အကြီးအကျယ် မဟုတ်ပါ၊ ရေကာတာကိုမထိခိုက်နိုင်ပါ —- တချိန်လုံး ဖြစ်၊ ငလျင်ကျောတလျှောက် လုံးဖြစ်၊ ရစ်တာ ၈.ဝ ရစ်တာ ၉ .ဝ […]


barnayMay 25, 20161min01
လူတိုင်းက ကိုယ့်ကိုယ်ကို ချစ်တတ်ကြသလို ကိုယ့်အကျိုးကိုပဲ လိုလားကြတာချည်းပါပဲ… ကိုယ့်အကျိုးလိုလားတာချင်းတူတူတောင် ကိုယ့်အတွက် မှန်ကန်တဲ့ ရလာဒ်လား မှားတဲ့ ရလာဒ်လားဆိုတော့ ခွဲခြားတတ်ဖို့လိုပါလိမ့်မယ် ။ ဒီဂေဇက်က စာရေးသူ စာဖတ်သူတွေမှာ .. ပီသတဲ့ ပင်ကိုအသိရှိကြသူချည်းပါပဲ … ။ စာတစ်ကြောင်း ကွန်းမန့် တစ်ခု ဖတ်ကြည့်ရုံမျှနဲ့ ခန့်မှန်းလို့ရပါတယ် ။ ကိုယ့်အတွက် ဘယ်လိုအရာမျိုးက မှန်ကန်တဲ့ ရလာဒ်လဲဆိုတာကိုတော့ အထူးပြောစရာလိုမည်မထင်ပါ .. တွေးခေါ်တတ်တဲ့ လူသားတွေမို့  အားလုံး သိသူချည်းပါပဲ ။ ကျွန်တော်ကိုယ်တိုင် သတိမထားဖြစ်ခဲ့တာလေးတွေကိုသာ ပြောပြချင်မိတာပါ။ ပုံမှန်အားဖြင့်တော့ ကိုယ့်ကိုယ်ကိုလည်း အတွေးများသူလို့ ယူဆမိပါတယ် ။ အမြဲလိုလို တစ်ယောက်ထဲ ရှိတဲ့အချိန် သို့မဟုတ် ကိုယ့်ဘဝကို ပြန်ဆန်းစစ်မိတဲ့ အချိန်မှာ .. စိတ်ထဲက […]


မယ်ဝါး တစ်ယောက် မြှောက်ပေးတာနဲ့ အလှ/Fancy အသုံးအဆောင်ပစ္စည်းလေးတွေ အကြောင်း ရေးပါမယ် ပိတ်သတ်ကြီးး။ :mrgreenn: Accessories ဆိုရာမှာ အမျိုးသမီး တစ်ယောက် ဖက်ရှင် အတွက် လိုအပ်တဲ့ ပစ္စည်းမှန်သမျှ အကြုံးဝင်ပါတယ်။ ဒီ ကြားထဲမှာမှ လက်ဝတ်လက်စားပိုင်းကို ဦးစားပေးပြီး ပြောချင်တာမို့ ဦးထုတ်တို့ ခါးပတ်တို့ နာရီတို့ မျက်မှန်တို့ ဖိနပ်တို့ (ဟောဟဲ) ပါမှာ မဟုတ်ပါဘူးး ဘာသာပြန်ဖို့ လိုက်ရှာတာ မတွေ့တာနဲ့ ကိုယ့် အတွေ့အကြုံကို အခြေခံပြီး ရေးမှာမို့ လိုတာရှိရင် ဖြည့်ပေး မှားတာရှိရင်လည်း ခွင့်လွှတ်ကြပါ။ ကျနော်နဲ့ ဖန်စီ ပစ္စည်းဆက်စပ်ပုံကို သိချင်ရင် ဒီ စတေးတပ် ၂ ခုဖတ်ကြည့်။ မပြန်ခင်က ရင်နာစွာနဲ့ ရေးထားတာ။   (1) […]


“ရန်ကုန်မြို့ပိတောက်ပွင့်တဲ့နေ့”   မိုး ဆိုတာ ရွာချင်ရင်ရွာမယ် မရွာချင်လဲမရွာဘူး။ ဘယ်သူတွေဘယ်လိုမျှော်မျှော် သူပေါ်ချင်မှာပေါ်လာတတ်ပါတယ်။   တစ်နှစ်မှာ တလ တစ်လမှာတစ်ရက်ထဲ ဆိုရိုးစွဲစကားနဲ့ မာန်ထည်သူ မရွှေပိတောက်ကတော့ ပွင့်ချိန်ဘယ်လိုရောက်ရောက် ကိုရွှေမိုးရောက်မလာသေးသမျှ ပွင့်လို့မရပြန်ဘူး။   ကဲ ဒီကနေ့မတော့ မျှော်ရသူနဲ့ပေါ်တော်မူ အဆင်ချောလေတော့ ”  ဟော ပိတောက်တွေပွင့်ပြန်ပါပြီကွယ် ”   ကိုပေါက်လက်ဆောင်အတွေးစဉ်        


ရေးသားသူ – ကိုဌေးနိုင် (2011+ publishing မှ) ဒီမိုကရေစီ အစိုးရတွေအဖို့ လူထုရဲ့ တစ်ခဲနက် ထောက်ခံမှုဆိုတာ အရေးပါတဲ့ နိုင်ငံရေး “မတည်ငွေ” ပဲ။ အရင်းများများရှိရင် ခြေလှမ်းကျယ်ကျယ် လှမ်းနိုင်မယ်။ ဒါပေမဲ့ တစ်ခဲနက်ထောက်ခံတဲ့ လူထုကြီးရဲ့ ဆန္ဒအတိုင်း နေရာတိုင်းမှာ ဦးဆောင်နိုင်ဖို့ကတော့ လွယ်မယောင်နဲ့ ခက်တဲ့ စိန်ခေါ်ချက်လို့ နိုင်ငံရေး သရုပ်မှန်ဝါဒီ မော်ဂန်သော (Morgenthau) ကဆိုတယ်။ နိုင်ငံ့ခေါင်းဆောင် (statesman) အရည်အသွေးရှိတဲ့ အစိုးရအကြီးအကဲတွေဟာ အမြှော်အမြင်နဲ့ ပြတ်သားတဲ့ ဦးဆောင်မှု ပေးနိုင်သူများဖြစ်ပြီး တဒင်္ဂဆူပွက်လာတဲ့ လူထုဆန္ဒထက် နိုင်ငံတော် တည်ဆောက်ရေးအတွက် ရေရှည်အကျိုးရှိတာတွေကို ဦးစားပေး ရွေးချယ်ကြတယ်လို့ ဆိုတယ်။ ဒီနေရာမှာ ဂျော့ဝါရှင်တန်ဟာ ထင်ရှားတဲ့ ဥပမာဖြစ်တယ်။ ၁၇၉၃ ခုနှစ် အမေရိကန် […]


alinsettMay 23, 20161min010
  .ကြာပြီ။   .ကြာပြီလို့ ခပ်လွယ်လွယ်ပြောလိုက်သဖြင့် အနည်းငယ်သော လိမ်လည်မှု မြောက်သွားပါလိမ့်မည်။   လွန်ခဲ့သော ငါးလလောက်ကတော့ ဤအခန်းထဲကို ကျွန်တော့်ရဲ့သူမ လာသွားပါသေးသည်။   အဲ့သည်နေ့က သူမ လာသည်ဆိုရုံမျှ။ တခြားဘာမှ ဖြစ်ပျက်မသွားသော လာသည်ဆိုရုံမျှမို့… ကျွန်တော့်အခန်းကလေးထဲသို့ ကျွန်တော်ချစ်သော မိန်းမတစ်ယောက် (ချစ်တေးသီကျူ း ယစ်မူးဖွယ်ရာအသံဖြင့်လည်းကောင်း/ ချစ်ရည်စိုလူး ညွတ်နူးဖွယ်ရာ အကြည့်ဖြင့်လည်းကောင်း/ချစ်ခွန်းချိ ု သာ ရင်ခုန်ဖွယ်ရာ စကားတို့ဖြင့်လည်းကောင်း) မလာရောက်ခဲ့သည်မှာ ကြာပြီ။   အဲ့သည်လို လေကြောရှည်စွာ ပြောလိုက်တော့မှ သူမတစ်ယောက် ကျွန်တော့်ထံ ရောက်မလာတာ ကြာပြီဆိုသည့်အဖြစ်က ပိုမိုဝမ်းနည်းစရာကောင်းသွားသည်။   .သေချာပြန်တွေးကြည့်တော့လည်း အနည်းငယ်မျှသော အဖုအထစ်ကလေးများကြောင့် ဤသို့ဤနှယ် ဝေးကွာဖွယ်ရာ အဆုံးသတ်ထိ ဖြစ်သွားသည်ဆိုသည်မှာ အံ့အားသင့်စရာ။ ထို့အပြင် […]