ကမ္ဘာ့မြောက်ဖက်ခြမ်းက အလင်းရောင်တွေနဲ့ သန်းခေါင်ချိန်မှာ နေကိုမြင်နိုင်တဲ့ဒေသ၊ အံ့ဩဖွယ်ရေလက်ကြား၊ ရေခဲမြစ်တွေနဲ့ ချစ်စဖွယ် ကမ်းရိုးတန်း ရွာလေးတွေ၊ ခမ်းနားတဲ့ မြို့ပြတွေကြောင့် Norway နိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်မှာ ထူးခြားတောက်ပနေပါတယ်။ Norway နိုင်ငံကတော့ ဥရောပတိုက်ရဲ့ရင်သပ်ရှုမောဖွယ်အကောင်းဆုံး လည်စရာ နိုင်ငံလေးတစ်ခုပါ။ ဥရောပတိုက်မြောက်ဖက်စွန်းက ရှည်လျားကျဉ်းမြောင်းတဲ့ နိုင်ငံလေးဖြစ်ပါတယ်။အမြဲတမ်းအံ့ဩထူးဆန်းဖွယ်ရာတွေရှိနေတတ်ပါတယ်။ပင်လယ်ဓါးပြတွေရှိခဲ့တဲ့ နိုင်ငံလည်းဖြစ်လို့ဒဏ္ဏာရီဆန်ဆန်သူရဲကောင်းပုံပြင် တွေရှိတဲ့ နိုင်ငံဖြစ်သလိုကမ္ဘာ့အထူးခြားဆုံး မြေမျက်နှာသွင်ပြင်ကိုပိုင်ဆိုင်ထားရာ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ဒီလို ရေလက်ကြားတွေအများကြီးရှိတဲ့ နိုင်ငံမျိုး ဘယ်နေရာမှာမှ မရှိပါဘူး။ Norway ကမ်းရိုးတန်းဆိုတာလည်း ရှည်လျားပြီးတော့ နက်ရှိုင်းတဲ့ပင်လယ်အော်တွေ၊ကျွန်းတွေနဲ့ မြစ်လက်တက်တွေနဲ့ဖွဲ့စည်းထားပါတယ်။ကုန်းပေါ်မှာဆိုရင်လည်းဥရောပတိုက်ရဲ့အမြင့်ဆုံး တောင်တန်းကြီးတွေ၊အကြီးမားဆုံးရေခဲမြစ်တွေ၊အနိမ့်ဆုံးတောင်ကြားတွေနဲ့အနက်ဆုံးတောအုပ်ကြီးတွေကို တွေ့မြင်နိုင်ပါတယ်။ မြောက်အမေရိက သမင်ကြီးတွေ၊ မြေခွေးတွေနဲ့ မျောက်ဝံကြီးတွေ ကျက်စားရာဒေသဆိုလည်း မမှားပါဘူး။ Norway မြောက်ဖျား အာတိတ်ဒေသမှာဆိုရင်ဦးချိုအကြီးကြီးတွေနဲ့ ရေခဲပြင်သမင်တွေရှိပါတယ်။ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ထဲမှာတော့ ဝေလငါးတွေနဲ့ ဖျံတွေကိုတွေ့ရပါတယ်။ အံ့ဖွယ်သမိုင်းတွေနဲ့ သဘာဝရှုခင်းတွေက သွားလည်ဖို့အကြောင်းပြချက်အနေနဲ့ […]
