Mr. MarGaFebruary 25, 20171min010
သက်ရောက်မှု တိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ် ဆိုတဲ့ နယူတန်ရဲ့ နိယာမ ဟာ အချစ်မှာ ကျရှုံးခဲ့သူတွေအဖို့ အပြစ်တင်စရာချည်း ဖြစ်လို့နေတယ်။ နယူတန်သာ အသက်ရှင်နေတုန်း ဆိုရင် တုန့်ပြန် ဖြေရှင်းခွင့် မရှိဘဲ တဖက်သတ် အပြစ်တင်ခံခဲ့ရတာကို ဘယ်လောက်များ မချိတင်ကဲ ဖြစ်လိမ့်မယ် မသိ တကယ်တမ်း ပြန်တွေးကြည့်ရင် နယူတန် မမှားခဲ့ပါဘူး သက်ရောက်မှုတိုင်း တန်ပြန်သက်ရောက်မှု ရှိပေမယ့် သိသာတဲ့ ပမာဏ မဟုတ်ခဲ့ရင် တန်ပြန်သက်ရောက်မှုဟာ ဘယ်လိုလုပ် မြင်သာတော့မလဲလေ…. အချစ် ဆိုတာကလည်း ပေးသလောက် ပြန်ရတဲ့ အရာမှ မဟုတ်ခဲ့တာ….   မစ္စတာ မာဃ


ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကြီးအစပြုနိုင်ရန် တိုင်းရင်းသား အဖွဲ့အသီးသီးပြင်ဆင်နေကြလေပြီ။ နိုင်ငံတော်အတိုင်ပင်ခံ ရုံး၏ ရက်တစ်ရာစီမံချက်မှစတင်ခဲ့သော မြန်မာလူထုအစိုးရဟု ခေါ်တွင်းနိုင်သော NLD အစိုးရ လက်ထက်၏ ကြိုးစားပမ်းစား ဖေါ်ဆောင်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးဟူသည် ဗမာလူမျိုးစုကြီးနှင့် တောင်တန်း ဒေသတိုင်းရင်းသားတို့၏ အပေးအယူ မျှတနိုင်ပါမည်လောဟု.. ။ ဘာတောင်းပြီးဘာပြန်ပေးကြမည်နည်း? တောင်တန်းဒေသက ဘာတွေတောင်းကြမလဲ? ဗမာလူမျိုးစု အာဏာ ပိုင်များကရော ဘာပြန်ပေးနိုင်မလဲ? ဤသည်မှာ မရိုးနိုင်သော စိတ်ကူးယဉ်မေးခွန်းများသာ..။ အယူနဲ့အပေး၏ အလယ်၌ စာချုပ်ကြီးကိုချလျှက် မေးခွန်းတွေ ထုတ်ကြပါလိမ့်မည်။ တောင်တန်းဒေသ လူမျိုးစုများက စာချုပ် ကြီးကိုတွင်တွင်ကြီး လက်ညိုးထိုးလျက် ဗမာလူမျိုးများ၏ ကတိသိက္ခာကို မှတ်ကျောက်တင်လို ကြောင်း အနက်ကို ဖော်စေ လျက်……. ဗမာလူမျိုးစုကြီ ၏ အာဏာ ပိုင်များက အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုချက်များကိုးကားလျှက် […]


alinsettFebruary 24, 20171min06
  “ခြေရာ” ————————————————————- “ဒါ ကျားခြေရာဆိုတာ သေချာရဲ့လား” “သေချာပါတယ်၊ ဘာဖြစ်လို့လဲ” “ဪ… ဘာရယ်တော့ မဟုတ်ပါဘူး။ ကြောင်ခြေရာကို အကျယ်ချဲ့ပြီး ကြည့်လိုက်တာလားလို့ပါ၊ အင်း….. ဖြစ်တတ်လို့ပါ။” တာရာမင်းဝေ ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း ၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခြေရာ”အမည်ရှိ ဝတ္ထုတို။ ————————————————————- လွန်ခဲ့သော လေးငါးခြောက်ရက်တုန်းက ကျွန်တော် ကြောင်ခြေရာတစ်ခုကို အကျယ်ချဲ့ကြည့်မိပြီး ကျားခြေရာကြီး မြင်မိသလိုမျိုး ခံစားချက်တွေ အိုဗာ ဖြစ်မိခဲ့ပါသည်။ ပြဿနာ တစ်ခုနှင့် ကြုံရသည့်အခါတိုင်း သွေးဆူလွယ် ခံစားလွယ်တတ်သော ကျွန်တော့် ထုံးစံအတိုင်း တအုံ့နွေးနွေးဖြင့် မပြီးနိုင် မစီးနိုင် ခံစားမှုတွေ ပြင်းထန်ပြီး စိတ်ထင်ရာတွေ ပြောမိ၊ရေးမိ၊ လုပ်မိသည် ဆိုပါစို့။ အမှန်တော့ ကြုံရသည့် ပြဿနာသည် […]


ဦးေက်ာက္ခဲFebruary 23, 20171min014
ဖွဘုတ်မှာ ရေကျော်မောင်အေးကဖီးက စမူဆာအကြောင်းပြောရင်းနဲ့ “မိကျော်” ကို သွားသတိရမိတယ်…   ဒီလိုခင်ည … မောင်ကျောက် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်စဉ်းစားမိရင် အတော် တုန်လှုပ်မိပါတယ် ။ ဖြတ်သန်းခဲ့ရတာ တကယ့် “ခရောင်းလမ်း” မို့ပါ ။ မိဘအိမ်ပေါ်က ကန်ချခံထားရချိန်မို့ ကိုယ့်ဝမ်းကိုယ်ကျောင်း ၊ အဆောင်လခ ၊ ကျောင်းလခ ကိုယ့်ဟာကိုယ်ရှာပြီး ဘူမိဘွဲ့ကို ရအောင်ယူခဲ့ရတာပါ ။ အဲသည့်ခေတ် အစိုးရ အဆောင်လခ ၄၄၀-ကျပ် ၊ ကျောင်းလခ ၇၅-ကျပ် … အဲသည့်တော့ လဘက်ရည်ဖိုးနဲ့ဘာနဲ့ စားရိတ်ရအောင် ကျောင်းဆင်းချိန်မှာ အလုပ် လုပ်ရပါတယ် ။ မီးကြိုးရိုက် ၊ အောက်ဆိုက်ကားမောင်း ၊ ခရီးဝေး ဘုရားဖူးကားမောင်း ၊ ကားရေဆေး ပေါ်လစ်တိုက် […]


kaiFebruary 23, 20171min03
လိုချင် ပေးလိမ့် လောကတွင်ပေးသူ/ယူသူများရှိသည်။ နှောင်ကြိုးပါသည်/မပါသည်လည်းရှိ၏။ အကျိုးလို၍ညောင်ရေလောင်းကြသလို “ငါ့လက်ကလွတြ်ဗွတ်” အလှူလက်ခံသူဘာဖြစ်ဖြစ်လှည့်မကြည့် ပြီးပြီးရော ပစ်လှူများလည်းရှိသည်။ သို့သော် လူ၏မူလအတွင်းစိတ်အရ “လိုချင်သောသူသည် ပေးချင်နေသည်”ဟုသာ ဆိုချင်သည်။ အတွေးနက်နက်ချ စစ်ဆေးကြည့်ပါလေ။ 1st amendment Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to […]


Mr. MarGaFebruary 23, 20171min06
မြောက်ပြန်လေ တစ်ခန်းရပ် တောင်လေရူး တစ်လှည့်ဝင် မြင်လေရာ ရော်ရွက်ဝါနဲ့ ရွက်ဟောင်းကြွေ ရွက်သစ်နှော ရာသီတွေ ရွေ့လျောခဲ့ပေါ့… ဥဩက အကြိုထောက် အချမ်းကလည်း မပျောက်သေး ညဆောင်း မနက်နွေ စိတ်တွေလည်း လေလို့ကောင်း စာသင်ကျောင်းတို့ လက်စသိမ်းတဲ့အချိန်…. ပြက္ခဒိန်က ဆောင်းလို့ညွှန်း ဥဩက နွေကိုကြို သူတို့ရဲ့ တိုက်ပွဲကြား မြောက်ပြန်လေခမျာ နှုတ်ဆက်ချိန်တောင် မရလိုက်ရှာဘူး… ဪ.. ကွန်ကရစ်မြို့တော်ရဲ့ လမ်းတွေကြား နိစ္စဓူဝ ပြေးလွှားနေရင်း ခဏလေး အပြေးရပ် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတော့ မြင်ကွင်းမှာ အလွမ်းတွေ တပုံတပင် စာဖွဲ့လို့ပင် မကုန်နိုင်ပါလား…   (အသစ်မထွက်နိုင်သေးလို့ ဖွဘုတ်က ကဗျာ ပြန်လာသိမ်းပါသည်   :k:  :k: :k: )


SawAungFebruary 22, 20171min08
ကိုယ်ဘဝချီပြီးအားကျခဲ့ရတဲ့သူတစ်ယောက် ကိုယ်အမုန်းဆုံးလုပ်ရက်ကို လုပ်ခဲ့တယ်ဆိုရင် အဲသည်လူကို သင်သတ်မိမှာလား??? အရက်စွဲပြီး တစ်နေ့လုံး မူးနေတတ် ယောက်ျားက ပစ်သွားတဲ့ ရေချယ်ဟာ သူနေတဲ့နေအိမ်ကနေ နယူးယောက်မြို့ကိုသွားတဲ့ ရထားပေါ်မှာ အသွားအပြန် အချိန်ကုန်နေသူပါ။ သူဟာ အသွားအပြန်ရထားပေါ်မှာတင် ရထားလမ်းဘေး ကပ်ရပ်မှာရှိတဲ့ သူနေခဲ့တဲ့ အိမ်နားဝန်းကျင်ကို အမြဲတမ်း ကြည့်နေတတ်သူပါ။ ရထားပေါ်ကနေ သူမြင်ရတဲ့ မြင်ကွင်းတွေက သူ့ယောက်ျားဟာ နောက်မိန်းမနဲ့ကလေးရနေပြီး ညစာစားနေတဲ့မြင်ကွင်း။ အဲသည့်အိမ်ဘေးက မီဂန်ဆိုတဲ့ ကောင်မလေးဟာ သူ့အမျိုးသားနဲ့ အတူတူနေထိုင်တဲ့ မြင်ကွင်းတွေဟာ အမြဲတမ်းတွေ့နေရတာပါ။ သူမဟာ ကလေးမရနိုင်တော့တဲ့ နောက်ပိုင်းမှာ စိတ်ဓာတ်တွေကျလာရပြီး အရက်ပါစွဲမလိုဖြစ်ခဲ့ရပါတော့တယ်။ အဲ့သည်နောက် ပြသနာတွေတက်ခါ သူမခင်ပွန်းဟာ သူမကို ပစ်သွားပြီး နောက်အိမ်ထောင်ထူပါတော့တယ်။ သူမဟာ နေ့တိုင်းအရက်သောက်ကာ အရက်စွဲလာပြီး နေ့တိုင်းရထားစီးကာ ရထားပေါ်ကနေ သူမအရင်နေအိမ်ဘေးက မီဂန်ဆိုတဲ့ […]


Kaung Kin PyarFebruary 21, 20171min020
ဒီကိစ္စလဲ ပြောချင်နေတာ ကြာပြီ… ကိုယ်တိုင်က အတိုဝတ်နေလို့ ချဲလန့်ဂျ်ချင်တာတော့ မဟုတ်…၊ မဝတ်တာကလဲ သိပ်လိမ္မာယဉ်ကျေး မြန်မာမှုချစ်မြတ်နိုးလှလို့ရယ်တော့ မဟုတ်ဘူးရယ်…။ ကိုယ့်ခြေထောက်မလှတာ ကိုယ်သိနေလို့ ဝတ်ချင်သော်လဲ အောင့်နေတာမျိုး… :k: ဒါပေမယ့်လဲ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဒီကိစ္စကို မျက်စိစပါးမွှေးစူးနေတာ ကြာပြီ…   Website တစ်ခုမယ် ဒီကိစ္စနဲ့ပတ်သက်ပြီး ရေးထားတာဖတ်ရင်း… ကိုယ့်ခံစားချက်နဲ့လဲ တိုက်ဆိုင်တာမို့…ရင်လာဖွင့်တာပါ… သူ့ပိုစ့်ကိုဖတ်ရင်း ဖဘက ပုံတစ်ခုကိုမြင်ယောင်ပြီး ပြုံးမိသေးတယ်…။ မျက်လုံးသာဖော်ပြီး (ဒူကာခေါ်မလား..မပြုံးတော့ ပိုသိလိမ့်မယ်) ခြုံထားတဲ့ ကုလားမကို ဆိုင်ကယ်ပေါ်ကနေ အဲ့အမျိုးသမီးရဲ့ အနောက်အလယ်ပိုင်းကို စူးစိုက်ကြည့်နေတဲ့ ယောကျာင်္း၃ယောက်ပုံရယ်… ပေါင်ရင်းလောက်အတို စကဒ်နဲ့ လည်ဟိုက်အကျင်္ီဝတ်ထားပေမယ့်လဲ ကိုယ့်လမ်းကိုယ်သွားနေကြတဲ့ အနောက်နိုင်ငံက ပုံတစ်ခုရယ်.. ယှဉ်ပြထားတာ..   ဟုတ်ပါတယ်… ခုမှ ဒီမှာကိုရီးယားယဉ်ကျေးမှု ဖွံ့ဖြိုးလာလေတော့ […]


moonpoemFebruary 21, 20171min013
မိသားစု၂စုခန့်နေလို့ရသော အိမ်ကျယ်ကျယ်တစ်လုံးရှိရာ ဌာနေသို ့ရုံးပြောင်းပြီး သကာလ ပထမဆုံး ရင်ဆိုင်ရသည်ကအိမ်သာပြဿနာဖြစ်သည်။ အိမ်အတွင်းတွင် အိမ်သာ၄လုံးရှိပြီး အပြင်တွင် အိမ်သာတစ်လုံးရှိသော်ငြား ကျွန်မတို ့ရုံးပြောင်းပြီး လူသစ်များ ထပ်ခန့်သောအခါ ရုံးဝန်ထမ်းအားလုံးပေါင်း အယောက်၆ဝကျော်သွားလေသည်။လူ၁ဝယောက်နေစဉ်က သာသာယာယာရှိဟန်တူသော အိမ်သာတို့သည် နေ့စဉ်နှင့်အမျှ လူ၆ဝကျော်ဝုန်းသော ဒဏ်ကို ခံနိုင်ရည်မရှိတော့ပဲ ဆန္ဒပြကြသည်။တခါတရံ ရေမကျတော့ခြင်း၊ ရေဆွဲလည်း မြစ်ထဲရှိရေဝဲပမာ ကလည်ကလည်ဖြစ်နေခြင်း၊အိမ်သာအသုံးကြမ်းသူအချို့ကြောင့် မောင်းတံမကျတော့ခြင်း စသည်တို ့ဖြစ်လာသည်။ဖြစ်စက မသိသာသော်ငြား တဖြည်းဖြည်း အိမ်သာဒုက္ခကအတော်သိသာလာလေသည်။ အိမ်သာက ၂ခါ၊၃ခါ ဆွဲလည်း မကျသဖြင့် စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ဖြင့် အသုံးပြုသူများရှိသလို၊ တချိ ု့ကျ စိတ်မရှည် ကိုယ့်ကိစ္စကိုယ်ပြီးအောင် မရှင်းကြ။ထို့ကြောင့် မကြာခဏဆိုသလိုတော်ကြာ အမလေး… ငါတော့ ဗုံးမိပြန်ပြီ ဟူသော အသံများကြားရလေ့ရှိသည်။နောက်တော့လည်း ဆန္ဒပြမှုများလာပြီး အိမ်သာရေးရာ လှုပ်ရှားမှုများ၊ […]


၂၁ရာစု ပင်လုံညီလာခံ မကြာခင် က ျင်းပမည်၊ မတ်လထဲ ဖြစ်ရန်ရှိပြီး ရက်အတိအက ျကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဒီချပ်အစိုးရ ဆွေးနွေးနေကြောင်း သိရတယ်။ တဆက်ထဲမှာ အင်အားကြီး ကေအန်ယူ ကရင်အဖွဲ့က မတ်လ ၁၅ရက်မှာ သူတို့ညီလာခံရှိလို့ ရက်တိုက်ဆိုင်က ညီလာခံတက်ရန် မသေချာကြောင်း အရိပ်အမြွက် ထုတ်ဖေါ်ပြောလိုက်တယ်။ သူတို့ညီလာခံကလဲ တလ ကိိုးသီတင်းကြာတတ်တာမို့ တတ်နိုင်သမ ျှ စောက ျင်းပချင်နေတဲ့ ဘွားဒေါ်ဂ ျီးအဖို့ ဘေးက ျပ်နံက ျပ်ပါပဲ။ ဝဒေသမှာတော့ အပစ်ရပ်၊မရပ်အဖွဲ့အချို့ တွေ့ဆုံနေပြီး မကြာခင် ၎င်းတို့ သဘောထား သိရဖွယ်ရှိသည်။ ညီလာခံတက်ရန် ကြိုတင်စည်းကမ်းချက်များ ထုတ်ပြန်လိမ့်မည်ဟု ယူဆရသည်။ စစ်တပ်နဲ့ သိပ်ကီးမကိုက်တဲ့ ရှမ်းသူပုန်များနဲ့ တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ပါလ ျင် ညီလာခံ […]


SawAungFebruary 21, 20171min05
ဟယ်လို တက်စတင် ဟယ်လို အဟမ်း အဟမ်း အဟမ်း ပြောချင်တာက ရွာထဲလည်း မရောက်ဖြစ် အလုပ်တွေနဲ့ရှုပ် ။ နှစ်တွေလည်း ကြာပေမယ့် ကိုယ့်ရဲ့ ပွိုင့်ကလည်း တစ်သိန်း ဘယ်တော့ပြည့်မလည်း မသိ အဟိ။ အခုတော့ ရွာထဲကို ကျတော်မောင်လူချော မောင်အောင်မိုးသူ ပြန်လာပါပြီလို့ အဟိ ပလိုဂျိ   #AungMoeThu


alinsettFebruary 20, 20171min02
”ထောင့်ချိုး” __________ | | | | | ”ဒါ ဘာလဲ” ထိုမေးခွန်းကို တစ်ယောက်က ဖြေ၏။ ”အဲဒါ မျဉ်းကွေး၊ မျဉ်းကောက်တစ်ကြောင်းပေါ့” နောက်တစ်ယောက်က ထပ်ဖြေသည်။ ”အဲဒါ နိုင်းမြစ်ပဲ၊ သူ့နောက်ခံကားက ကမ႓ာ့မြေပုံ မဟုတ်လား” ဖြေဆိုသူ နှစ်ဦးစလုံး သူ့ထောင့်မှသူ မှန်ကြပါသည်။ သို့သော်. . . | | | | | | | | |___________________ တာရာမင်းဝေ *ကျွန်တော် တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ စာအုပ် (၁၉၉၇၊နိုဝင်ဘာ)မှ * | | | | | | | | | | […]


KyaemonFebruary 20, 201714min05
    ယန်ဇီမြစ်အကြောင်းကိုပုံတစ်ပံတလေလေးနဲ့ ယတိပြတ် မပြောပြနိုင်ပါ၊အလားတူစွာ မြစ်ခုနှစ်စင်းကိုပုံသုံး လေးပုံနဲ့မဝေဖန်နိုင်ပါ အကဲလဲ မဖြတ်နိုင်ပါ၊ ပုံများလေ ပိုပြည့်ဆုံလေ၊   ယန်ဇီမြစ်အကြောင်း ဆက်လေ့လာရaအောင်၊ ယန်ဇီက တရုပ်ပြည် Qinghai ကင်ဟိုင် ပည်နယ်တောင်တန်းရေခဲပြင်ကြီးတွေ  ကနေ ရေခဲရေတွေရေပျော ပြီး စီးဆင်းလာတယ်၊ စီးဆင်းရင်းနဲ့ Yushu ယူရှူမြို့ကိုဖြတ်ဆင်းလာကာ, နောက်တပြည်နယ၊ဖြစ်တဲ့ Yunnan ယူနန်ပြည်နယ်ရှိ Kunming ကွန်မင်းမြိုး အနီးအနား သို့ရောက်လာတယ်၊ ရှုခင်းအလှ နဲ့လူမျိုးစုတို့ရဲ့အလှတွေကိုမြင်တွေ့ခံစားရမှာပါ         Yushu, Qinghai Kunming, Yunnan Dai/Thai ထိုင်းလူမျိုးစု White Pagoda အဖြူရောင် စေတီတော်    ရှေးရိုးရာမပျက်   သင်္ကြန်ပွဲက ပိုယဉ်ကျေးမလား?                  Han ဟန်လူမျိုးကလွဲလို့  […]