“အသွားမတူ အပြန်လည်းမတူခဲ့တဲ့ တူညီသောခရီးတစ်ခု”(အပိုင်းနှစ်) (ရှမ်းတောင်ရဲ့မြို့တော် တောင်ကြီးမြို့မှအပြန်)
“အသွားမတူ အပြန်လည်းမတူခဲ့တဲ့ တူညီသောခရီးတစ်ခု”(အပိုင်းနှစ်) (ရှမ်းတောင်ရဲ့မြို့တော် တောင်ကြီးမြို့သို့) ဒီတစ်ခေါက်ကတော့ စလာကတည်းက တောင်ကြီးမှာတစ်ညဘဲအိပ်မယ်လို့ရည်ရွယ်ထားခဲ့ကြပါတယ်။ မလာမဖြစ်လို့သာလာခဲ့ကြရတယ် မန်းလေးမှာလုပ်စရာတွေကအများကြီးကိုး။ ရောက်တဲ့နေ့မှာဘဲတွေ့စရာရှိတဲ့လူတွေလိုက်တွေ့ရပါတယ်။ နောက်နေ့တွေ့စရာရှိတဲ့ရုံးကိစ္စတွေကို ကြိုတင်လို့ချိတ်။ အကွက်ကိုစေ့နေအောင်လုပ်ရပါတယ်။ ကျနော်တို့ လုပ်ရမယ့်အလုပ်ကိစ္စက မနက်ပိုင်းတင်ပြီးမယ်ဆိုတာသိလိုက်ရပါတယ်။ အဲဒီမှာကျနော်ဆရာက ကားစင်းလုံးငှားပြီး ပြန်ရအောင်လို့ပြောပါတော့တယ်။ ဟုတ်တော့လဲဟုတ်ပါတယ် အိပ်စ်ပရက်ကားက…
