ကားကုမ္ပဏီတွေမှာကားဝယ်မယ်ဆိုရင် ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေအပြည့်အစုံပါမှဝယ်သင့်ပါတယ် … ကျသင့်ကားဘိုးမှာ … 2000000/ကျပ်နှစ်ဆယ်သိန်းချန်ထားပြီး ဝှီးတက်နဲ့ လိုင်စင်ဘုတ်ထွက်လာရင် ချန်ထားတဲ့ 2000000/ကျပ်နှစ်ဆယ်သိန်းပေးရပါတယ် … ကားကုမ္ပဏီ တော်တော်များများက ဝှီးတက်ဓါတ်ပုံရယ်၊အုံနာဘုတ်ရယ် ပရီမီရံသွင်းထားတဲ့စာအုပ်ရယ် … ဒါဘဲပေးတတ်ကြပါတယ်။ ကားလည်းရပြီ၊ ဝှီးတက်၊အုံနာဘုတ်၊ပရီမီရံစာအုပ် … ဒါတွေရထားပြီဆိုရင် … ပြည့်စုံပြီလို့ထင်ကြပါတယ် … အမှန်တော့မပြည့်စုံသေးပါဘူး … မိမိဝယ်တဲ့ကားနဲ့ပတ်သက်တဲ့ (အခွန်စာရွက်စာတမ်း)တွေလိုအပ်ပါတယ် … ကားကုမ္ပဏီ တော်တော်များများက (အခွန်စာရွက်စာတမ်း)တွေ မပေးကြပါဘူး … ဥပမာ … ဝယ်ထားတဲ့ကားကိုရောင်းမှာတို့ … မိမိအမည်ပြောင်းမှာတို့ဆို … စာရွက်စာတမ်းအပြည့်အစုံရှိမှအဆင်ပြေမှာပါ .. စာရွက်စာတမ်းဆိုတာ … တချိန်မှာမိမိအတွက် အရေးကြီးနေတတ်ပါတယ် … ဘယ်ကိစ္စမဆို အားလုံးပြည့်စုံထားသင့်ပါတယ်။ အဆင်မပြေရင် ကျွန်တော်တို့ကိုလာပြောပါ အဆင်ပြေအောင်လုပ်ပေးပါ့မယ်ဆိုတဲ့စကားကိုယုံကြည်ပြီးအေးအေးဆေးဆေး မနေသင့်ပါဘူး … […]
