မန်းဂေဇက်ချစ်သူများစာပေဆုအောက်တိုဘာအတွက်ကို မနေ့က တိုးတိုးတိတ်တိတ် ကြိတ်ရွေးပြီး စောစောစီးစီး ပဲ အဖြေထွက်လာတယ် ။ နောက် ပိုစ့်တွေကိုလဲမရွေးတော့ဘူးတဲ့ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ပိုစ့် က အရမ်းကောင်းနေလို့ ပြိုင်ဘက်မရှိဘဲစောစောစီးစီးကြိုပေးထားတာဆိုပြီး ဖုန်းဆက်အကြောင်းကြားလာပါတယ်။ နောက်ပြီးရွာထဲကနာမည်အလိုလိုကြီးပြီးသား ပုဂိုလ်ကြော် တွေလဲ သူ့ဘာသာသူတိုးတိုးတိတ်တိတ် အဲဒီပွဲကိုတက်ရောက်လာပါတယ်။ ပွဲကိုတော့ အမြင့်ဆုံးဖြစ်အောင်ပြုလုပ်မယ်ဆိုပြီး sakura tower အထပ်နှစ်ဆယ်က sky bristo မှာလုပ်ပါတယ် ရန်ကုန်မှာတော့ သူထက်မြင့်တဲ့ဆိုင်မရှိတော့လို့ အဲဒီမှာပဲလုပ်စေချင်တယ်ဆိုပြီး သူကြီးကိုတိုင်က လှမ်းပြီးတောင်းဆိုထားတာပါ။ ပွဲစပြီဆိုတာနဲ့ အကဲဖြတ်ဒိုင်အဖွဲများဖြစ်ကြတဲ့ ဦးဦး ပါလေရာ၊ ကိုဘလက်ချော၊ မပဒုမ္မာ၊ ကိုကြီးမိုက်၊ ကိုပေါက်(မန်း)၊ မမ၊ ဝေဝေ၊ ကိုထူးဆန်း၊ အရီးခင်လတ်၊ Fatty Cat နဲ့ Shwe Tike Soe တို့က ကျွန်တော်ရဲ့ […]
