အိပ်သည်ဖြစ်စေ မအိပ်သည် ဖြစ်စေ ကိုယ်ပိုင်ကားဖြင့် ခရီးဝေးသွားတဲ့ အမျိုးသမီး တစ်ဦးဟာ ပင်ပန်းလို့ ဟိုတယ်တစ်ခုမှာ ဝင်တည်းပါတယ်။ သူမအနေနဲ့ လေးနာရီပဲ ခဏအိပ်ပြီး ခရီးဆက်သွားဖို့ ဖြစ်ပါတယ်။ လေးနာရီ အိပ်ပြီးနောက် အောက်ဆင်းလာ ပြီး ဟိုတယ်တည်းခိုခ ရှင်းပါတယ်။ တည်းခိုခရှင်းတော့ ဒေါ်လာ ၄ ထောင်တောင် ကုန်ကျပါတယ်။ ဒီတော့ ဒါကို မကျေနပ်တဲ့အတွက် မန်နေဂျာကို ကွန်းပလိန့်တက်ပါတယ်။ မန်နေဂျာ ကတော့ အောက်ပါအတိုင်းရှင်းပါတယ်။ “ကျနော်တို့ ဟိုတယ်က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ပါ။ ရေကူးကန်လည်း ရှိပါတယ်” အမျိုးသမီး – ဒါပေမယ့် ကျမ မသုံးဘူးလေ။ မန်နေဂျာ – ကမ္ဘာကျော်အဆိုတော်တွေလည်း လာရောက် ဖျော်ဖြေပါတယ်။ အမျိုးသမီး – ကျမ သွားမကြည့်ခဲ့ပါဘူး။ မန်နေဂျာ […]
