ကုန်လွန်ခဲ့ပြီးတဲ့ အဖြစ်သနစ်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ ပဋိပက္ခဆိုတာ ကလေးတွေ ဟစ်ဟော့သီချင်းထဲမှာဆိုကြတဲ့ ဘကြီးဖြိုး နဲ့ ဦးနေဝင်း ဆိုတာမျိုး နှစ်ဦးနှစ်ဘက် တစ်ဦးနဲ့တစ်ဦး မကျေနိုင်မချမ်းနိုင် ရန်စောင်တုန့်ပြန်နေကြတာမျိုးသက်သက်တော့ မဟုတ်ပါဘူး။ လူတော်တော်များများ မေ့နေတာက ထိပ်တိုက်ရင်ဆိုင်မိသူ နှစ်ဦးအကြားမှာ ကြားခံပြေလျော့စေသူ (Buffer) များနဲ့၊ တစ်ဘက်ဘက်ကို ပင်းပြီး ထိုးချသူ (Catalyst) များပါ ပါနေပါတယ်။ အဲဒါကတော့ ကျောင်းသားမိဘ၊ ဆရာ ဆရာမများ၊ အုပ်ချုပ်သူများပါ။ ကိုယ့်အိမ်ကကလေးတွေ ကျောင်းမှာ ဘာဖြစ်နေသလဲ မရိပ်မိတဲ့ ကျောင်းသားမိဘဆိုတာ တော်တော် ရှားပါလိမ့်မယ်။ နယ်ကျောင်းသား မဟုတ်သရွေ့တော့ ကိုယ့်သားလေး ကျောင်းသွားရင် အိမ်မှ ပြန်ရောက်ပါ့မလား စိတ်ပူနေရတဲ့ မိဘချည့်ပါပဲ။ အဲသလိုစိတ်ပူရတဲ့မိဘတွေထဲမှာ ကိုယ်ကိုယ်တိုင် အစိုးရအရာရှိ ဝန်ထမ်းပိုင်း လုပ်နေကြရတဲ့သူတွေလည်း ပါတာပေါ့။ မခံနိုင်လွန်းလို့ရှိရင် […]
