ကျွန်တော်ဒီပို့စ်ကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများပညာရေးဟု ခေါင်းစီးတပ်ချင်ပါသည် သို့သော် ထိုင်းနိုင်ငံသားတို့၏ ချစ်စရာကောင်းသောလူသားစိတ်ကို ကျွန်တော်အထူးပြောလိုသောကြောင့် ထိုင်းနိုင်ငံမှချစ်စရာ့အတွေးဟုခေါင်းစီးတတ်ခြင်းဖြစ်ပါသည်။ ကျွန်တော်အခုလိုပြောလိုက်တော့ နေရာဒေသတိုင်းမှာ လူတိုင်းကကောင်းနေတာလားဆိုတော့ မဟုတ်ပါ ကျွန်တော်တို့နေထိုင်ရာ ဤကမ္ဘာမြေသည် ဆန့်ကျင်ဘက်နှစ်ခုဖြင့်ရပ်တည်နေခြင်းဖြစ်သည်ကို လူတိုင်းအသိပင်ဖြစ်ပါသည်။ ကျွန်တော်ထိုင်းနိုင်ငံမဲဆောက်အပိုင်မှ taa ad ကျောင်းလေးသို့သွားရောက် လည်ပတ်ခဲ့ပါသည် ကျောင်းတွင် အာဆီယံ ဆယ်နိုင်ငံအလံကိုလွှင့်တင်ထားပြိး spirit of asean ဟုရေးသားထားပါသည်။ ကျောင်းဝန်းအတွင်းသို့ဝင်ရောက်လေ့လာသောအခါ ကျောင်းသားဦးရေ 1200 ကျော်ရှိပြီးမြန်မာကျောင်းသားကျောင်းသူ1100ကျော်ရှိသည်ကိုအံ့ဩစွာတွေ့ရပါသည်။ ကျောင်းမှာအစိုးကျောင်းဖြစ်နေသောကြောင့်ယခုကဲ့သို့မြန်မာကလေးငယ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ ဘယ်လိုမူ အပါ်အခြေခံသည်ကိုသိလိုသောကြောင့် ကျောင်းကော်မတီဥက္ကဌ ဦးကြာပွင့်(ထိုင်းလူမျိုး)အား လေးစားမေးမြန်းခဲ့ပါသည်။ “ဆရာတို့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်ဘူး ပြည်တွင်းစစ်ဒဏ်ကိုခံနေရတယ်မလား ဒါကြောင့်စီးပွားရေးအလုပ်အကိုင်မကောင်းဘူး ထိုင်းနိုင်ငံကိုဝင်လာကြတယ် ဒီမှာအလုပ်ဝင်လုပ်တာပေါ့ သူတို့မှာကလေးတွေပါလာတယ် ဒီရောက်မှမွေးတာတွေလဲရှိတယ် ဒီကလေးတွေကပညာမတတ်ဘာမတတ်ရင် လိမ္မာမှုမရှိတော့ဘူး ဥပဒေကိုမလေးစားတော့ဘူး အနီးဆုံးပတ်ဝန်းကျင်ကို ဒုက္ခပေးလာမယ် […]
