ဦးခိုင်ရေ….ကျွန်တော်ခရီးသွားအတွေ့ အကြုံလေးတစ်ခုကို ပြောချင်လို့ ကျွန်တော် စားရေးပို့လိုက်ပါတယ်။ ကျွန်တော် တစ်နေ့က မြို့တစ်မြို့ကို ခရီးသွားတော့ ကားပေါ်မှာ ခရီးသွား ဖော် အမျိုးသမီးငယ်လေး ၃-ယောက်နဲ့ခင်မင်သိကျွမ်းရတယ်ဗျ။ အသက် အားဖြင့်တော့ ၃-ယောက်လုံး ၂၀-နဲ့ ၃၀-ကြားတွေပါ။ သူတို့ဟာ တောရွာ လေး တရွာကဖြစ်ပြီး… မြို့ပေါ်က စာသင်တိုက်မှာ စာသင်နေတဲ့ မောင်ရဟန်း တစ်ပါးထံ အလည်သွားပြီး ပြန်လာတာတဲ့။ ထမင်းစားချိန်ကားနားလို့ ထမင်းစားဖို့ ထမင်းဆိုင်ထဲမှာ ကျွန်တော်တို့ အတူထိုင်ကြတယ်။ ထမင်းတွေ အတူမှာကြတယ်။ ထမင်းဟင်းတွေလာချလို့ ထမင်းစားတော့မယ့်လုပ်တော့…အမျိုးသမီးလေး တစ်ဦးက ထမင်းလုပ်လေးကို ပါးစပ်နားမှာကပ်ပြီး… တွတ်တွတ် .. တွတ် တွတ်..နဲ့ ထမင်းလုပ်ကို မန်းမှုတ်နေတာကို မထင်မှတ်ပဲ တွေ့မြင်လိုက် ရပါတယ်။ လျှာရှေတဲ့ ကျွန်တော်ကလဲ…“သမီး အဲဒါ ဘာလုပ်တာလဲ”လို့ […]
