ခင္ခJuly 30, 20121min07
အပေါ်ကခေါင်းစဉ်က နားလည်မှု့   လို့ရေးချင်တာပါ။ အခုလိုဖြစ်နေလို့ပါ ။ ဘာလုပ်ရမလဲလို့ ညွှန်ပေးကြပါအုံး၊ ပိုစ့်ရေးချင်ပေမယ့်ခေါင်းစဉ်တောင်ထိုးမရလို့ ဆက်မရေးရဘူးဖြစ်နေတယ်။ သူကြီးရေ။ ဒီဟာကပိုစ့်မဟုတ်ပါ ။ ငွေမပေါင်းပါနဲ့။ ကူညီကြပါအုံးနော်။


phone_kyawJuly 30, 20121min018
တစ်မြို  ့လုံးက တိတ်ဆိတ်လို ့။ လမ်းသွားလမ်းလာလည်းမရှိဘူး။ အကုန်လုံးသူ ့အလုပ်နဲ ့သူဆိုတော့ ကျနော်နေတဲ့ မြို  ့လေးဟာ အရမ်းကို တိတ်ဆိတ်လှပါတယ်။ စကားပြောဖော်တောင်မရှိလို ့အင်တာနက်ပေါ်ကနေပဲ အပျင်းဖြေရပါတယ်။ အိမ်ရှေ  ့မှာလည်း တောတောင်ထူထပ်တဲ့မြင်ကွင်းတော့ မဟုတ်ဘူး။ ဩစီတွေခေါ်တဲ့ Bush ဆိုတဲ့ ခြုံပုပ်တွေနဲ ့ပြည့်နေတယ်။ မြေသားရောင်ကလည်း နီကြောင်ကြောင် သဲမြေတွေ။ တစ်ခါတလေ အိမ်ခေါင်မိုးပေါ်မှာ ကြက်တူရွေးတွေ ဆော့ကစားနေတာကို မြင်ရပါတယ်။ လူတိုင်းသူ ့အလုပ်နဲ ့သူဆိုတော့ တခါတလေလည်း အလုပ်မရှိတဲ့လူတွေအတွက် အရမ်းပျင်းစရာကောင်းတယ်။ အလုပ်နားတဲ့ရက်တွေဆိုရင် ကျနော်တို ့တစ်တွေ သားပိုက်ကောင်နဲ ့သစ်ကုလားအုပ်တွေကို ပစ်ဖို ့အမဲလိုက်ထွက်ကြတယ်။ တချို  ့ကြတော့ Metal Detector လို ့ခေါ်တဲ့ မိုင်းရှာစက် (သို ့) […]


အညာလေသံနဲ့အိမ်ခြံမြေကို ဝိုင်းလို့ခေါ်လိုက်တာပါ ကမ္ဘာမြေကြီးရယ် လူသားတွေရယ်ရှိနေသမျှ ကမ္ဘာမြေကြီး ရဲ့အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ အိမ်ယာမြေကွက်တွေ အပေါ်မှာ လူသားတွေ ရဲ့ပိုင်ဆိုင်မှုက မုချရှိနေမှာပါ ထိုထိုကမ္ဘာအစိတ်အပိုင်းကလေးဖြစ်သည့် အိမ်ယာမြေကွက်လေး(ဝိုင်းကလေး) ကိုဘယ်လို ပိုင်ကြမလဲ??? မြန်မာနိုင်ငံမှာ မြေတစ်ကွက် ပိုင်ဆိုင်ဖို့အတွက် ဆွေးနွေးကြရအောင် ၊ ပိုက်ဆံပေးဝယ်ရုံနဲ့ ပိုင်ရှင်မဖြစ်ဘူးနော် ဥပဒေနဲ့ အညီ ပိုင်ဆိုင်ဖို့ ဆိုလိုတာပါ ။ အပျင်းလည်းပြေ ပညာလည်းရ မသိသေးတဲ့သူတွေက လေ့လာ သိပြီးသားသူတွေက ပါဝင် ဆွေးနွေး အသိခြင်း ဖလှယ်ရအောင် ယောဆရာကြီးကဥပဒေဘွဲ့မရပါ ၊ဥပဒေ ပညာရှင်လည်း မဟုတ်ပါ ၊ ငွေရတု တစ်ခေတ်လောက် နိုင်ငဲ့ဝန်ထမ်းလုပ်ခဲ့တဲ့ အတွေ့အကြုံ ကို တင်ပြတာမို့ မှားရင် မှားတယ်လို့ ထောက်ပြ နိုင်ပါတယ်။ ဥပဒေ တွေဟာ ခေတ်စနစ်အလျှောက် လိုအပ်လို့ဥပဒေ […]


ယောဆရာကြီးကဓာတ်ပုံဆရာမဟုုတ်ပါ ဓာတ်ပုံအကြောင်းနားမလည်ပါ ဓာတ်ပုံပြပွဲလေး အောင်မြင်တာကို ကြည်နှုးနေသူပါ ။ ဥပဒေကိုစိတ်ဝင်စားတယ် စာပေကိုမြတ်နိုးတယ် ပြီးခဲ့တဲ့ပိုစ့်မှာ မှော်ဆရာရဲ့ Commend ကနောက်မှတက်လာတာ ဆိုတော့ဖြေရှင်းပေးဖို့ပါမသွားဘူး ဒီမိုကရေစီ စနစ်ကို ရှေးရှုချီတက်နေတဲ့ ရွာကြီးတစ်ရွာဆိုတော့ လွပ်လပ်စွာရေးသားခွင့်ရှိတာပေါ့ ဒါယောဆရာကြီး ရဲ့ကိုယ်ပိုင် အခွင့်အရေးပါ ချစ်ခြင်း မုန်းခြင်း ချီးမွှမ်းခြင်း ကဲ့ရဲ့ခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း အောင်မြင်ခြျင်း ကျရှုံးခြင်း ဒါဟာ လောကဓံပါ ။ ယောဆရာကြီးက ရာဇဝတ်မှုကျူးလွန်နေသူမဟုတ်ပါ၍ နောက်ကြောင်း လိုက်လိုက် မလိုက်လိုက် အရေးမကြီးပါ တတိယအကြိမ်မြောက် ဓာတ်ပုံပြပွဲမှာ ကုလားထိုင်လွဲနေလို့ စာပေလေ့လာလိုက်စားသူ ပီပီ ရသစာပေနဲ့ ထောက်ပြလိုက်ခြင်း ဖြစ်ပါသည် ။ ကျေနပ်ခြင်း မကျေနပ်ခြင်း နကမ္ပတိပါ ။ ရသစာပေဆိုတာ အတွေးနယ်ချဲ့ရခြင်းပါ နှလုံးသားထဲကို စိမ့်ဝင်တဲ့အထိတွေးရတာပါ […]


yanayeJuly 29, 20121min00
သို့ ဦးသိန်းစိန်(သမ္မတကြီး) ပြည်ထောင်စုမြန်မာနိုင်ငံသမ္မတရုံး နေပြည်တော် နေ့စွဲ။ ၂၀၁၂ခုနှစ်၊ ဇူလှိုင်လ ၁ဝ ရက် အကြောင်းအရာ။ ။သိမ်းဆည်းသွားသော လယ်ယာမြေများပေါ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ သကြားစက်ရုံနှင့် အရက်ချက်စက်ရုံ တည်ဆောက်ခဲ့ပြီးလစ်လစ်၍ ကျန်ရှိနေသော လယ်ယာမြေများအား ပြန်လည်ရရှိရေးအတွက် တိုင်ကြားခြင်း။ ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာ၊ ပုပ်္ပါးကျေးရွာအုပ်စု၊ ပုပ်္ပါးကျေးရွာ၊ ပျဉ်းတော်ကျေးရွာ၊ ချောင်းကန်ကျေးရွာအုပ်စု၊ ချောင်းကန်ကျေးရွာ၊ သလဲဦးကျေးရွာ အုပ်စု၊ သလဲဦးကျေးရွာ၊ ထနောင်းကိုင်းကျေးရွာအုပ်စု၊ ထနောင်းကိုင်းကျေးရွာနှင့် ဂွေးကုန်းကျေးရွာများရှိ ကွင်းအမှတ် (၉၄၄/၉၄၅- ၉၄၆/၉၇၁)ကွင်းအတွင်းရှိ လယ်ယာမြေဧက (၁၀၀၀)ကျော်အား ဘိုးဘွားစဉ်ဆက်မှစ၍ လယ်ယာမြေ များကို မိသားစုဘဝရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးလုပ်ကိုင်စားသောက်ခဲ့ကြပါသည်။ ကျွန်တော်တို့ လယ်သမားများမှ မိမိတို့ပိုင် လယ်ယာမြေများကို […]


yanayeJuly 29, 20121min06
အပူသွေးပျက် မေရင်ခွင်မှာ ရွာသားတစ်ယောက် ရေတစ်ဖလားကြောင့် နေပူထဲကအပြန် ပူလှချည်ရဲ့ ကယောင်ကတမ်းညည်းနေတော့ အားလုံးက ဖာသိဖာသာပဲ အသက်တော့ဆုံးသွားတယ်။ ။ ဘဝလွင်တီးခေါင် နေပူပူဖြတ်နေသူ ရုတ်တရက် ခလုပ်တိုက်မိရင်း မစို့မပို့ရွာချခဲ့တဲ့မေတ္တာမိုး အငြိုးတွေမရှိပေမယ့် ငါ့အနာဂတ်တွေသေဆုံးသွားတာ မိုးဘယ်သိမှာလဲ “အပူသွေးပျက်”ဆိုတဲ့ ကန္တာရရောဂါဆိုး မိုးမှ မကြားဘူးတာ။ ။


တရုတ်တန်းဈေးက အဖြစ်ပျက်လေး ကျွန်တော် ငယ်ငယ်က ကြားခဲ့ဖူးတဲ့သီချင်းလေး ယုံချင်ယုံ မယုံချင်နေ တရုတ်တန်းဈေးက ဖြစ်ပျက်လေး ဆိုတဲ့သီချင်းလေးကို ဟာသ လိုလို သရော်ထားသလို ပဲထင်ထားမိခဲ့တာပါ အင်း ခုတော့ လဲ ………….တင်ပြစရာလို့ပြောရလေမလား ………ဆိုရေးရှိက ဆိုရမည်ဟု ဆိုရမည်လား………… လာလာလာ လာလာလာလာ လာလာလာ လာလာလာလာ………………………………………………………………………………………. ဂဏန်းခြောက်လုံးချီပြီးတော့ ချမ်းသာလှတဲ့ ပွဲရုံတစ်ခု ပွဲကတော်ဆိုလား တရုတ်တန်းဈေးကို ကားကြီးစီးကာလာ . စိန်တွေရွှေတွေတဖျတ်ဖျတ် ကိုယ်နေဟန်က မတ်မတ် လေသံက မာဆတ်ဆတ် ဖဲ ဘယ်လောက်ရှုံးကြောင်း ဂုဏ်ယူ ဝံ့ကြွားနေ……………..ယုံချင်ယုံမယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူးစေ့…..ယုံချင်ယုံ မယုံချင်နေ တရုတ်တန်း ဈေးက အဖြစ်ပျက်လေး……. ခုတ်ဖို့ထစ်ဖို့ ပါးပါးလှီးဖို့ အကွက်ကောင်းစောင့်တဲ့ မုဆိုးတစ်ပိုင်းမှောင်ခိုသည်(သယ်) တစ်ယောက်က တစ်ယောက်ကို မျက်စိမှိတ်အချက်ပေး ဘယ်အဆင်က […]


uzinJuly 29, 20121min09
“ဘုန်းတော်ကြီး ကြွလာတာ နေပူလိုက်တာ” “သည်မှာ ခဏနားပါဦးဘုရား၊ ဘယ်ကိုကြွမလို့လဲဘုရား” “ကောင်းတယ်ဗျာ၊ သည့်အနောက်ဘက်ကရွာကို ကြွမလို့ပါ” “ဘယ်လိုအဆက်ရှိလို့လဲ”    “အဲသည်ရွာက ကျောင်းထိုင်ဘုန်းကြီးလေးတို့ အကြီးတန်းမှာ ပဋ္ဌာန်း ချပေးခဲ့ရတယ်” “ဘုန်းကြီးက တောင်မြို့မှာ ပဋ္ဌာန်းစာချပေးသူလား”       “ဟုတ်တယ် စာချတစ်လျှောက်လုံး ပဋ္ဌာန်းစာ ချပေးခဲ့တာပဲ” “တောင်မြို့မှာ စာမချတော့တာ ကြာပြီလား”     “သိပ်မကြာသေးပါဘူး” “ဘုန်းကြီး အသက် ငါးဆယ်လောက်ရှိရော့မယ်နော်”      “ဟုတ်ပါတယ် အခုတော့ ပဋ္ဌာန်းသင်ယူ နိုင်သူလည်း သိပ်မရှိကြတော့ပါဘူး” “ပဋ္ဌာန်းက သင်သူမရှိလျင် သိပ်ကြီးသုံးနိုင်မှာ မဟုတ်ဘူးပဲ”          “ဟုတ်တယ်” “ဘုန်းကြီးကို လျှောက်ကြည့်ရဦးမယ်” “လျှောက်ပါ” “ပဋ္ဌာန်းက တကယ်အသုံးချကြည့်တော့လည်း မရှင်းမလင်းကြီးနော် ဘုရား” “ရှင်းပါတယ်” “တကယ်ရှင်းတာလားဘုရား”           “ဟုတ်ပါတယ်” “ဘုန်းကြီးက ရှင်းတယ်ထင်တာလဲ ဖြစ်နေပါဦးမယ်ဘုရား”           “မဟုတ်ပါဘူး” “ဒါဆို […]


uzinJuly 29, 20121min016
“ဦးဇင်း ဆဋ္ဌသံဂါယနာတင်ပွဲကို ဘယ်လိုမြင်လဲ” “အရင်သံဂါယနာငါးတန်ထက် လုပ်တာသာတယ် ပြောရမယ်”     “ဘာဖြစ်လို့” “သံဂါယနာတင်ချိန်လည်း အကြာဆုံး၊ သံဃာအရေအတွက်လည်း အများဆုံးပဲ” “အချိန်က သုံးနှစ်၊ သံဃာအရေအတွက်ကလည်း နှစ်ထောင့်ငါးရာ မဟုတ်လား” “ဟုတ်တယ်” “ငွေကြေးကုန်ကျမှုလည်း သာမှာပဲ”        “ဟုတ်တယ်”    “ဘယ်လောက်ကုန်သတဲ့လဲ” “ငွေနဲ့ပြောရင် တန်ဖိုးအပြောင်းအလဲရှိတော့၊ ပြောလို့ မကောင်းဘူး” “ရွှေနဲ့ပြောရင်၊ ရွှေပိဿာ တစ်ထောင်လောက် ကုန်တယ်လို့ သိရတယ်” “ဒီလောက်အကုန်ခံပြီး လုပ်တော့၊ ရလဒ်ကော သာရဲ့လားလို့ စဉ်းစားသင့်တယ်” “အကျိုးရလဒ်ကတော့ သိပ်ပြီး ထင်သာမြင်သာပြစရာ မတွေ့မိပါဘူး” “ဘာဖြစ်လို့လဲ” “စဉ်းစားကြည့်လေ”      “ရှေ့ကသာသနာမှာ ရှိပြီးသားထက် ဘာမှ ပိုမိုမထူးခြားလို့ပဲ” “ဘယ်လိုမထူးခြားတာလဲ” “ရှေ့ကသာသနာမှာ မရှိသေးတာကိုလည်း ရှိအောင်နဲ့ ရှိပြီးသားကိုလည်း ဆန်းစစ်ပြီး ရှိသင့်/မသင့် မလုပ်ဘူး။ ရှိပြီးသားကို […]


Knowledge SeekerJuly 29, 20121min09
ဆုရဘို.မရည်ရွယ်ပါဘူး ဖတ်စေချင်လို.ကူးတင်ပေးလိုက်ပါတယ် င်္facebook ကပါ Credit to Green Moon on FB ” အရှက်တရားကို အောင်နိုင်ခဲ့တဲ့ မေတ္တာ ” အီတလီမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ သတင်းတစ်ပုဒ်လို့ ဖတ်ရပါတယ်။ အီတလီရှိ မြို့နာမည်နဲ့ လူနာမည်ကို တရုတ်ကနေ မြန်မာ(အင်္ဂလိပ်) ပြန်ဆိုတဲ့အတွက် အသံထွက်နဲ့ စာလုံးပေါင်းတွေ မှားကောင်းမှားနိုင်ပါတယ်။ နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ မှုရင်းတရုတ်လို ရေးထားတဲ့စာကိုက တော် တော်ရှည်ပါတယ်။ မြန်မာစာကို ကျစ်လစ်အောင် မသုံးတတ်တဲ့ ကျွန်မရဲ့ ဝါကျတွေကြောင့် မြန်မာပြန်က ပိုရှည်နေပါ တယ်။ ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့ရင် ဘယ်လောက်ပဲရှည်ရှည် ဘာသာပြန်ရကျိုးနပ်ကြောင်း.. အားလုံး ကျေးဇူး း) “အရှက်တရားကို အောင်နိုင်ခဲ့တဲ့ မေတ္တာ” ၂၀၀၂ နှစ်ကုန်ပိုင်းလောက်က […]


ကျွန်တော်က အတွေးသမားဆိုတော့(နည်းနည်းတော့ခွင့်လွှတ်ပါ) သူများပြောတော့မှသိရပြီး ကိုယ့်တာဝန် ဆိုတဲ့ပိုစ့်ကို ဖတ်မိပါတယ် .. ကိုကြောင်ဝတုတ်ပြောသလို ၃ ကြိမ်လောက်ဖတ်တာလည်း နားမလည်နှိုင်ပါဘူး ။ ဆက်တွေးကြည့်ပါတယ် ။ ပြပွဲဆိုတာ ကိုယ်နဲ့လည်း ပတ်သက်တာကိုး .. ပြပွဲဟာ ကျွန်တော့်ရဲ့စိတ်ကူးပါ ၊ ကျွန်တော့်ရဲ့ကိုယ်ပိုင်စိတ်ကူးဖြစ်ပြီးတော့ သူကြီးနဲ့ ကိုဂီက အားဖြည့်ပါတယ် ။ နောက်တော့ ကိုလုလင် အားဖြည့်ပါတယ် ။အဲဒီလိုကနေ အလုပ်နည်းနည်းများတာက တစ်ကြောင်း ၊ နောက်တစ်ခုကတော့ ကိုမှော်က ကျွန်တော့်ကို ခေါင်းစဉ်မပေးတာပါ ။ ကျွန်တော့်ရင်ထဲမှာ ရှိနေပါတယ် ။ ဖတ်ရင်းဖတ်ရင်းနဲ့ နည်းနည်း သိသယောင်ယောင်ဖြစ် (သေချာတွေးမှ ကျွန်တော်က ခွေးဖြစ်နေပြီး မှော်ဆရာက မြင်းဖြစ်နေမှန်း ဇာတ်ရေလည် ပါတော့တယ် )နေတဲ့အချိန်မှာ ရွာထဲက ရွာသူအသစ်လေး shwe […]


U Thein BoJuly 29, 20121min04
ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ မေ(၈)ရက်က စတင်ခွင့်ပြုခဲ့သည့် လူတိုင်းမော်တော်ယာဉ် တင် သွင်းခွင့်အစီအစဉ်အရ ခွင့်ပြုချက်ရရှိမှုနှင့်အတူ မြန်မာနိုင်ငံ သို့ဂျပန်နိုင်ငံမှ ခရီးသည်တင် ဘတ်(စ်)ကား အသစ်များဝင်ရောက်လာတော့မည်ဟု ကြားသိရသည့်အတွက် လွန်စွာပင် မင်္ဂလာရှိလှသည့် သတင်းဖြစ် ပေသည်။ သည်သတင်းက မြန်မာနိုင်ငံသားများအားလုံးအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။ အဘယ်ကြောင့်ဆိုသော ကျွန်တော်တို့သာမန်အခြေခံ လူတန်းစား ခရီးသွားပြည် သူတွေ အနေနဲ့ ဘတ်(စ်)ကားတွေကိုသာ အားကိုးနေရခြင်းဖြစ်သည့်အတွက် အများပြည်သူ နေ့စဉ် သွားလာနေကြ ရသော မော်တော်ယာဉ်လိုင်းများမှာလည်း အဆင့်မီ သင့်သည်မှာ ကြာပါပြီ။ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာ သည်ဟုဆိုသော်လည်း ခရီးသည်တင်ကားများအနေဖြင့် ကားကောင်းများအဖြစ်သို့ ပြောင်းလဲမလာ။ ဟိုင်းလတ်၊ ဒိုင်နာစသော လုပ်ငန်းခွင်သုံး မော်တော်ယာဉ်များကိုပင်ခရီးသည်တင်လိုင်းကားအဖြစ် မြင်တွေ့နေရသည်မှာ ခေတ်မှီတိုးတက်နေသည့်ဒီမိုကရေစီဆိုသော နိုင်ငံတော်ကြီးကို   လှောင်ပြောင် နေသလိုခံစားမိပါသည်။ ဒီလို ကားတွေနေရာမှာ […]


ကမ္ဘာ့လူသားများအနေနှင့် လူနဲ့လူခြင်း ဆက်ဆံရာတွင် ငြိမ်းချမ်း အေးမြသော လူမှု ဆက်ဆံရေးကိုသာလိုလားကြသည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ထိုသို့ ငြိမ်းချမ်းမှုအတွက်ရည်ရွယ်ပြီး လူနဲ့လူခြင်းဆက်ဆံရာတွင် ဘာသာတရားများမှပို့ ပို့ချသော အဆုံးအမများကိုသာ ခံယူကျင့်သုံးနေကြသည်မှာလည်း လက်ရှိနိုင်ငံတိုင်းမှာ ပင်တွေ့နေရသည်။ ဤနေရာတွင် ဘာသာတရားများ၏ အဆုံးအမသွန်သင်မှုများ၏ အကျိုးအာနိသင်သည် လက်ရှိလူသားတို့ မမြင်နိုင်၊ မတွေ့နိုင်၊ မကြားနိုင်၊ မသိနိုင်သော နေရာဌာနများကို ညွှန် ပြလျက်ရှိသည်မှာ ဘာသာတိုင်းလိုလိုပင်ဖြစ်နေပါသည်။ ဥပမာ…….ယခုပြုလုပ်သော အမှုကြောင့်….တမန်တော်၏ ချီးမြှောက်မှုကို ရရှိ၍၊ တမန် တော်မကြိုက်တာကိုလုပ်၍ ငရဲသို့သွားရခြင်း။ ဤသို့သောအမှုကို ပြုမိခြင်းကြောင့် သခင်ယေရှုက ကောင်းချီးပေး၍၊ ထိုမကောင်းမှုကြောင့် နောက်ဘဝတွင် ဘာမျှမဖြစ် တော့သော တွင်းနက်ကြီးထဲသို့ ကျရောက်မည်ဟု ဆိုကြခြင်း။ ကောင်းမှုပြုပါက ဤဘ ဝတွင် ကောင်းကျိုးမခံစားရစေကာမူ၊ နောင်ဘဝအဆက်ဆက်တွင် သေခြာပေါက် ကောင်းကျိုးကို […]