အပူသွေးပျက်

yanayeJuly 29, 20121min06

အပူသွေးပျက်

မေရင်ခွင်မှာ
ရွာသားတစ်ယောက်
ရေတစ်ဖလားကြောင့်
နေပူထဲကအပြန်
ပူလှချည်ရဲ့ ကယောင်ကတမ်းညည်းနေတော့
အားလုံးက ဖာသိဖာသာပဲ
အသက်တော့ဆုံးသွားတယ်။ ။
ဘဝလွင်တီးခေါင်
နေပူပူဖြတ်နေသူ
ရုတ်တရက် ခလုပ်တိုက်မိရင်း
မစို့မပို့ရွာချခဲ့တဲ့မေတ္တာမိုး
အငြိုးတွေမရှိပေမယ့်
ငါ့အနာဂတ်တွေသေဆုံးသွားတာ
မိုးဘယ်သိမှာလဲ
“အပူသွေးပျက်”ဆိုတဲ့ ကန္တာရရောဂါဆိုး
မိုးမှ မကြားဘူးတာ။ ။

6 comments

  • သန်းထွဋ်ဦး

    July 29, 2012 at 10:01 pm

    ကောင်မလေး နာမည်က မိုးးးး
    အလွမ်းမိုးများ စဲပါစေ

    Reply

    • ဥဥ

      July 31, 2012 at 9:24 am

      ကိုသန်းထွဋ်ဦးကို ချစ်နေတဲ့သူတွေ ဘယ်လိုပြောမလဲ ကြိတ်ပီးရင်ခုန်နေတဲ့သူတွေရှိတယ်ဗျ
      သူ့ရဲ့ ကော်မန့်ဆိုရင် ကာလာလေးတွေအမြဲခြယ်ပေးနေတာ ဟိဟိ

      Reply

  • ဖိုးထောင်

    July 31, 2012 at 1:15 am

    အနော် နားလည်ဘူး မြင့်လွန်းအားကြီးနေတယ်

    Reply

  • yanaye

    August 1, 2012 at 11:21 am

    အပူသွေးပျက်ဆိုတာ အညာနွေမှာ အဖြစ်များပြီး အရမ်းသတိထားရတဲ့ရောဂါပါ။ ဖြစ်ပြီဆိုရင် များသောအားဖြင့် နာရီပိုင်းနဲ့ဘဲ အသက်ဆုံးရှုံးရပါတယ်။ အရမ်းပူတဲ့အချိန်မှာ ရေမထိမိဘို့အရမ်းသတိထားရပါတယ်။

    Reply

  • yanaye

    August 14, 2012 at 4:44 pm

    ဒီလိုပါဘဲ တခါတရံမှာ အထီးကျန်ဆန်နေတဲ့သူကို စပြီးမှ ငါကပါးစပ်က အဖြေမပေးရသေးဘူးလေ၊ စကြည့်တာပါဆိုပေမယ့် တဖက်လူက သေလုအောင် ခံရတာတွေကို သတိထားမိစေချင်လို့ပါ

    Reply

  • yanaye

    August 14, 2012 at 4:57 pm

    ဒီလိုပါဘဲ တခါတရံမှာ အထီးကျန်ဆန်နေတဲ့သူကို စပြီးမှ ငါကပျော်စေပျက်စေလောက်လုပ်တာကို သူ့ဘာသာ အသည်းအသန်ဖြစ်သွားတာ သူကျုက စိတ်ပျော့တာပါ ပြီးတော့ပါးစပ်က အဖြေမပေးရသေးဘူးလေ၊ စကြည့်တာပါဆိုပေမယ့် တဖက်လူက သေလုအောင် ခံရတာတွေကို သတိထားမိစေချင်လို့ပါ

    Reply

Leave a Reply

Your email address will not be published.