ပြည်တွင်းဂျာနယ်တွေမှာဖေါ်ပြလိုက်တဲ့ ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးက တော်တော် လေးစိတ်ဝင်စားရပါတယ်။ ဒါက ကျတ်ဖွတ်အဖွဲ့ရဲ့ အပေါ်ပိုင်းမှာ အက်ကြောင်းတွေရှိနေတာကို မီးမောင်းထိုးပြလိုက်တာပါ။ သူတို့ရဲ့အတွေးအခေါ်တူညီတာက ဘယ်အပေါက်အလမ်းက ဘာအခွင့်အရေးရမလဲ ဘာကိုယ့်အတွက် ဝင်ငွေတွေ တိုးပွားမလဲဆိုတာတွေပါဘဲ။ သမ္မတက နိူင်ငံတစ်ကာကို သံခင်းတမန်ခင်းနဲ့ပါးပါးနပ်နပ် ချဉ်းကပ်လုပ်ဆောင်ချိန်မှာ လူမိုက်ဆန်ဆန် အမေရိကန်နဲ့ U N ကိုဝေဖန်လိုက်တာတောမကောင်းပါ။ ကမ္ဘာမှာ အမေရိကန်နဲ့ အစည်းကပ်အောင် မနေတတ်တဲ့ တိုင်းပြည်တွေ ဟာ တိုးတက်မှုနည်းနေတာကို နိူင်ငံရေးအမြင်သိသိနဲ့ ဆင်ကြဉ်ရမဲ့အစား ဝေဖန်တိုက်ခိုက်တဲ့အပြောမျိုး ပြောလိုက်တာကတော့ သူ့ရဲ့ နိူင်ငံရေးမပါးနပ်မှုကို ပြလိုက်သလို သမ္မတကိုဆန့်ကျင်တဲ့စကားမျိုး ပြောလိုက်တာကလဲ ဘယ်လို အာဃာတကြောင့်လဲ စဉ်းစားစရာပါ။ သမ္မတကို မကြိုက်ရင် မာနရှိရှိနဲ့ ထွက်လိုက်ရင် မကောင်းပေဘူးလား။ ထွက်လိုက်တာဟာ ထုတ်ခံရတာ နဲ့စာရင် ဂုဏ်သိက္ခာရှိတာပေါ့။ သမ္မတရဲ့ ပြတ်သားမှု […]
