မိမိကိုယ်ကို မိရိုးဖလာ ဗုဒ္ဓဘာသာလို့လည်း မသိ မိရိုးဖလာ ဗုဒ္ဓဘာသာ အဖြစ်ထက် ကျော်လွန်ရကောင်းမှန်းလည်း မသိခဲ့ရိုးအမှန်ပါ။ အဖေတို့ အမေတို့က သီလ ဆောက် တည်တော့ ကိုယ်လည်းသီလဆောက်တည်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ဆိုပြီး ပုတီးစိပ်ရတယ် ကြားဖူးလို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုပြီး ပုတီးလည်းစိပ်ခဲ့ပါတယ်။ တစ်နေ့ကို အနည်းဆုံးသုံးကြိမ် သရဏဂုံ ဆောက်တည်လျှင် အစစအောင်မြင်နိုင်တယ်ဆိုလို့ ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံသရဏဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိကို နံနက်သုံးခေါက်၊ နေ့လယ်သုံး ခေါက်၊ ညနေသုံးခေါက် ရေသောက်တိုင်း ထမင်းစားတိုင်းမှာ သုံးခေါက် အမြဲမပြတ် ရွတ်ဆို ခဲ့ဘူးပါတယ်။ တစ်နေ့အနည်းဆုံး သုံးကြိမ် သံရဏဂုံဆောက်တည်လျှင် အစစ အောင်မြင် နိုင်တယ်ဆိုလို့ ဗုဒ္ဓံသံရဏံဂစ္ဆာမိ၊ ဓမ္မသံရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိကို နံနက်သုံးခေါက်၊ နေ့လယ်သုံးခေါက်၊ ညနေသုံးခေါက် […]
