အဖြည့်ခံ သူချစ်ကိုမကြင်နာ ကိုယ်ချစ်သာရှာမက်ခဲ့လို့ မနူးမနပ်နဲ့ ရူးမတက်ခံစားရတယ် ဒါပေမယ့်လဲ ဘာပဲဖြစ်ဖြစ် ရင်တွင်းဖြစ်တဲ့ ငါ့ရဲ့ အချစ်တွေ အပေါစားလို့ သဘောထားတောင်မှ ဒေါသမပွားဘူး ဒီနှလုံးသား အပိုင်ပေးပြီးသားပဲ မင်းစိတ်တိုင်းကျ အသုံးချနိုင်တယ် ငါ့အချစ်ကိုပုန်ကန် ရင်ခွင်ကိုစုံကန်သွားလဲ အမုန်းမဖက် ပြုံးလျက်သာ ကျေနပ်စွာနဲ့ အဖြည့်ခံဘဝမှာသာ ရှိပါတော့မယ် … နေတက်ပါတယ်လေ
