မုေယာSeptember 28, 20121min014
နတ်မိမယ်   မိုးကျမိမယ်၊     နတ်မိမယ်တည်း။ ရွှန်း လဲ့ ဝါ စို  တင့်သည့်ပျိုငယ်…. ရွယ်ရွယ်နုနု     ဖူးဖူးငုံငုံ …………. နှုတ်ခမ်းလှလှ   ပြုံးပြုံးဝေဝေ…….။   မိုးကျမိမယ်၊      နတ်မိမယ်တည်း။ ကျော့ကျော့မူယာ ရှင်းရှင်းသန့်သန့် အိန္ဒြေရှိရှိ  တင့်တင့်တယ်တယ်…… ငြိမ့်ငြိမ့်စကား၊  သာသာတိုးတိုး….. ကြားရသူဖို့ စွဲစွဲထင်ထင်………….။   မိုးကျမိမယ်၊      နတ်မိမယ်တည်း။ ကောင်းကင်ဘုံမှာ နတ်သူဇာလော.. မိုးပေါ်မှာကြီး… နတ်သမီးလော…..     နတ်တို့ဆင်ခြယ် သူယောင်မယ်လော။                                            ချစ်ခြင်း ဖွဲ့သီ……………ကိန္နရီလော။   သုရှင်


lynn lynnSeptember 28, 20121min09
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ( ၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ( ၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း နိုင်ငံတော်သမ္မရုံး website မှ ကူးယူပါသည်။ ( နယူးယောက်မြို့၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂ရ ရက်) (23:44) အထွေထွေ ညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား- အဆွေတော်အား (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး သဘာပတိ အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း […]


uncle gyiSeptember 27, 20121min025
သူကြီးနဲ့တကွရွာသူရွာသားအပေါင်းအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ပါတယ် အရင်တခေတ်ရုပ်ရှင်မင်းသမင်းကြီးချိုပြုံးကသူဆိုတဲ့သီးချင်းတပုဒ်မှာနာမည်ဒီလိုခေါ်ပါမချိုဆိုပြီး သီချင်းဆိုသွားတာအတော်အောင်မြင်မှုရသွားပါတယ် အခုစာကိုရေးနေရင်းအဲဒီသီချင်းလေးကိုသတိရပြီးဒီအမည်လေးပေးလိုက်တာပါ အန်ကယ်ကအန်ကယ်ကြီးတဖြစ်လဲအန်ကယ်ကြီး၁၉၇၄ပါ သူကြီးနဲ့တကွရွာသူရွာသားအားလုံးအန်ကယ်ကြီး၁၉၇၄ကို အန်ကယ်ကြီးအဖြစ်ပြောင်းလဲအသိအမှတ်ပြုဖို့တင်ပြလိုက်ပါတယ်   ဘယ်လိုလုပ်ပြီးအမည်ကပြောင်းသွားသလဲဆို အရင်အသုံးပြုနေတဲ့တိုရှီဘာနက်ဘုတ်ကလေးကစက်ကြောင်သွားလို့နောက်ထပ်စက်တလုံးပြောင်းသုံးလိုက်လို့ပါစက်ပြောင်းသုံးတာနဲ့အမည်ပြောင်းတာ ဘာမှမဆိုင်ဖူးလို့တော့မပြောကြပါနဲ့ကိုယ့်အခက်အခဲနဲ့ကိုယ်ဖြစ်နေလို့ပါ အရင်သုံးနေတဲ့တိုရှီဘာနက်ဘုတ်ကလေးကသူ့ထဲရိုက်ထားတဲ့ဝှက်စာကိုအခြားစက်မှာပြန်သုံးလို့မရပါဖူး ဒါကြောင့်အခုစက်အသစ်သုံးတော့အကောင့်အသစ်ပြန်လုပ်ရတဲ့အတွက်အမည်အသစ်ပြန်ဖြစ်သွားတာပါ နောက်ပြီးအရင်ယူထားတဲ့အနီရောင်အင်တာနက်လိုင်းကလဲမတန်တော့ဖူးထင်လို့အရှုံခံပြီးရောင်းပလိုက်တာ နဲ့ဆုံပြီးအန်ကယ်လဲရွာနဲ့အဆက်အသွယ်ပြတ်သွားတာပါ ဒါနဲ့သူကြီးကိုခိုင်ကိုအကုူအညီတခုတောင်းချင်ပါတယ် ကျွန်တော့အရင်အကောင့်ကငွေတွေကိုမန်းဂေဇက်လိုရာသုံးဖို့လှူတဲ့အကြောင်းကြားပါတယ် အရင်လိုဂိုကလေးကိုတော့စသုံးကတည်းကသုံးလာတဲ့အမှတ်အသားဖြစ်လို့ အခုသုံးနေတဲ့လိုဂိုနဲ့လဲလို့ရရင်လဲပေးစေချင်ပါတယ် ရွာနဲ့အဆက်ပြတ်သွားစဉ်ကာလအတွင်းရွာမှာလူဦးရေတိုးပွားလာတာကိုလည်းသတိပြုမိပါတယ် အသစ်ရောက်လာတဲ့ရွာသူရွာသားအပေါင်းကိုလည်းအန်ကယ်ကနှုတ်ခွန်းဆက်လိုက်ပါတယ်ကွယ် အားလုံးပဲမင်္ဂလာပါ အန်ကယ်ကြီး  


ဇောက် ထိုးSeptember 26, 20121min054
အားကျမိတယ်…ဦးခိုင်ရယ်.. ကျွန်တော်မှာလဲ ဒီနာမည်လေးတစ်လုံးနဲ့ ဒီရွာကိုဝင်ရဖို့ သော့လေးတစ် ချောင်းကို.. မိတ်ဆွေလေး တစ်ဦးကလုပ်ပေးထားလို့ ဒီသော့ .. ဒီနာမည်နဲ့ ဝင်တတ်တာကလွဲလို့ နောက် သော့တစ်ချောင်းကလဲ မလုပ်တတ်တော့ မျက်နှာပူပူနဲ့ပဲ ဝင်မိပြန်ပါပေ့ါ။ ရွာထဲမဝင်ခဲ့ပေမယ့်လဲ ရွာပြင်စည်းရိုးမှာတော့ တမော့မော့နဲ့ပါပဲ။ ဟိုတလောက ရွာမှာပိုးမွှားတွေ ဗိုင်းရစ်တွေဝင်တော့ ရွာပြင်မှာအတော်ဒုက္ခ ရောက်ခဲ့ပါသေးတယ်။ ခုဟာကတော့… သူကြီးကို လွန်စွာအားကျမိတာလေးကို ပြောချင်လို့ပါ။ မှန်တာကိုကျွန်တော်ပြောရရင်… ကျွန်တော်ဟာ စီးပွားဥစ္စာတွေပြည့်စုံနေသူတွေကိုလဲ ခုလိုမျိုးလိုအားမကျပါဘူး။ ကျွန်တော့်အသိက လူမှာငွေတွေ ပစ္စည်းဥစ္စာတွေဘယ်လောက်ပေါပေါ ကိုယ့်ရဲ့လောဘက အလိုမသပ်နိုင်ရင် လူမှာဆင်းရဲနေတာပါပဲ။ ဓမ္မော သုစိဏ္ဏော သုခ မာဟဝတိ။ ကိုယ်လေ့ကျက်ထားတဲ့ အသိတရားကမှ ကိုယ့်ရဲ့ချမ်းသာကိုဆောင်ပေးနိုင်တယ်တဲ့။ ကိုယ့်မှာရွှေတွေ ငွေတွေ ပစ္စည်းတွေဘယ်လောက်ပေါပေါ.. ကိုယ့်မှာ အသိတရား မရှိဘူးဆိုရင် အမှန်တကယ် မချမ်းသာပါဘူး။ စာသိနဲ့ပြောတာ […]


Kaung Say ChinSeptember 26, 20121min06
ငပလီကမ်းခြေ သည် မြန်မာ ပြည် ရှိ တစ်ခု ထဲ သော ထူးခြား ထင်ရှားပြီး သာယာလှပ သော အပန်းဖြေ ကမ်းခြေတစ်ခုဖြစ်သည်. ပြင် ကမ္ဘာ ပေါ် တွင် ထင် ရှားလှ ပါသည်။ ယ္ခု အခါ ဟိုတယ် များစွာ ဖွင်.လှစ် လုပ် ကိုင် လျက်ရှိ ပြီး နှစ်စဉ် နိုင်ငံခြားသား ခရီး များစွာ လာရောက်လည်ပါတ်နေပြီး နိုင်ငံ တော် အတွက်လည်း ဝင်ငွေရ၊ ဒေသခံ များအတွက် လည်း အလုပ် အကိုင် အခွင်. အလမ်း များ ရ ရှိ နေ သော အဓိက ကမ်းခြေဒေသ ကြီး တစ်ခုဖြစ်ပါသည်။ […]


Ko out of...September 26, 20121min01
လူတို့ကမ္ဘာ လူဖြစ်လာ ချမ်းသာလိုကြသည်… ချမ်းသာလိုငြား ပြေးကာလွှား တရားရှာကြသည်… တရားတရား မကွဲပြား လွဲမှားကြလေသည်… မတရားကိုပင် တရားထင် အမြင်မှားကြသည်… ကုသိုလ်ကာမ ပြုလိုကြ စိတ်က ထက်အောက်ရည်… ရူပကုသလံ ဖြစ်ပျက်ဟန် ရုပ်နာမ်ရှု့ကြည့်သည်… အရူပမှာ ဖြစ်ပျက်ခွာ ငြိမ်းရာရှာကြသည်… ရုပါရုပ ပြုကာမ သုံးဝဝဋ်လည်မည်… ကိလေသဝဋ် ကမ္မဝဋ် မချွတ်ဝိပါက်လည်… တခု-တခု အကြောင်းပြု ပေါင်းစုလည်းအားညီ… တဆယ့်နှစ်တန် လည်အားမြန် သဏ္ဍာန်ပေါ်လိမ့်မည်… သုံးဆယ့်တစ်ဘုံ ပုံရိပ်စုံ လွမ်းခြုံလူပေါ်တည်… ဗြဟ္မာ လူ နတ် အပါယ်ဇာတ် မပြတ်လည်တော့သည်… ဝဋ်လည်မစဲ လွန်ဆင်းရဲ နှစ်မွဲခံရမည်… ချမ်းသာလိုလှ ရှာကာမှ ဒုက္ခရကြသည်… တရားရှာမှ မတရားရ များလှလူတွေဆီ… ပစ္စုပန္န ကံဝါဒ ညွှန်ပြဝိဟာရီ… ချမ်းသာလိုလျှင် […]


အေတြးေလးSeptember 26, 20121min08
ကျွန်မလေ…ကျွန်မ  ရင်ကွဲရတော့မယ်ထင်ပါရဲ့ ကျွန်မရဲ့ကလေးတွေလေ  ကျွန်မရှာလိုု့မတွေ့တော့ဘူး။ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ကျွန်မရင်ကိုမီးစနဲ့အထိုးခံရသလိုပါပဲရှင်။ကျွန်မသတိထားမိတဲ့နေရာမှန်သမျှကျွန်မ ရှာနေပေမယ့် မတွေ့ဘူး ရှင်အိတ်ကြိုအိတ်ကြား  ချောင်ကလောင်တွေမကျန် အကုန်ရှာတာကိုမတွေ့ဘူးရှင်  တွေ့သမျှအပေါင်းအသင်းအကုန်အကူအညီတောင်း ကြည့်နေတာမတွေ့ရသေးဘူးတဲ့။ဟော  တွေ့ပြီတွေ့ပြီ ကျွန်မကလေးတွေတော့မဟုတ်ဘူး။ကောင်လေးတစ်ယောက်လေ  ကောင်လေးတစ်ယောက်ပေါ့ သူ သေတ္တာလေးဘေးငုတ်တုတ်လေးထိုင်လို့လေ  ပါးစပ်ကလည်းဘာတွေပြောနေသည်မသိ ဘူး။ကျွန်မအနီးကပ်သွားကြည့်လိူုက်တယ်  သူ့လက်ထဲမှာအိတ်လေးတစ်လုံးတော့  ကျွန်မသေသေချာချာကြည့်လိုက်တယ်။ဟယ်ဝမ်းသာလိုက်တာအိတ်ထဲမှာကျွန်မကလေးတွေလေ။ ဒါပေမဲ့….. ဒါပေမဲ့ရှင်သူကကျွန်မကလေးတွေကိုဘာလုပ်မလို့ပါလိမ့်။ကျွန်မလဲစိုးတထိတ်ထိတ်နဲ့ချောင်လေးထဲကပဲကြည့်နေလိုက်တယ်။ “ကြွက်မကြီးရေ” ဟော ကောင်လေးကျွန်မကိုခေါ်နေတယ်ထင်တယ်။ဘာပြောဦးမလဲမသိဘူး စောင့်ကြည့်ဦးမှဘဲ။ “နင့်ရဲ့ကလေးတွေကို ငါဒီထဲမှာရွှေ့ထားလိုက်တယ် နော် နင့်ကလေးတွေကိုငါမသတ်ပါဘူး  ငါ့ပစ္စည်းတွေက်ိုတော့ဘာမှမလုပ်ပါနဲ့နော်” ကောင်လေးကမျက်နှာငယ်လေးနဲ့တိုင်တည်နေရှာတာပါ။ဟုတ်ပါရဲ့   ဟိုတုန်းကဆိုရင်ဒီအဆောင်ကြီးပေါ်မှာ ဒီကောင်လေးအပါအဝင် လူပေါင်း13ယောက်နေကြတာလေ။ကျွန်မမှတ်မိတာပေါ့  ။ဒီကောင်လေးနာမည်တောင် ကြားဖူးပါရဲ့ ဘာတဲ့ အတွေးလေး ဆိုလား ဘာလား ကောင်လေးကတော့ခပ်နွဲ့နွဲ့ခပ်ငယ်ငယ်ပါ။အဆောင်ပေါကလူတွေထဲမှာသူကငယ်တယ်လို့ထင်ရတာပဲလေ။ ဒီအဆောင်ပေါ်မှာနေရတာကကျျွန်မအတွက်အရမ်းဇိမ်ကျတာရှင့်  ကျွန်မကလေကျွန်မအဖော်တွေလိုမျိုး မြေကျင်းတူးပြီးနေရတာဆိုပေမဲ့ အစားအသောက်အတွက်ကျတော့ပူစရာမလိုဘူးရှင့်  ။ဘာလို့လဲလို့မေးမလို့လား ပြောမှာပေါ့ရှင်  ဒီအဆောင်မှာက တချိုု့ကောင်လေးတွေကညနေပိုင်းဆို ရင် အရက်ဝိုင်းဖွဲ့ကြတယ်လေ။အမြည်း အစုံအလင်ပေါ့ရှင် ။အဲသူတို့ကသောက်ပြီးပြီဆိုရင်ဘယ်တော့မှ […]


ariyathitsaSeptember 26, 20121min0
(ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ 27 – 9 – 1999 တွင် ဟောကြားသည့် ” တရားဂုဏ်ရည် ၆-ပါး” တရား downloadမှ ကောက်နှုက်ချက် www.ariyathitsa.org) အဲဒီတော့ တရားရှာဖို့ရန် အတွက်ဟာ ဘာနဲ့ရှာကြမတုန်း။ တကယ်တော့ တရားရှာဖို့ အတွက် မှတ်ကလေးတစ်ခုလိုတယ်။ အဲဒါဘာလဲ။ တရားရဲ့ အရည်အချင်းတော်ဟာ တရားရှာဖို့အတွက် ပစ္စည်း ကလေးပဲ။ ဒါကလေးကို ကျုပ်တို့တွေ ပါးစပ်ထဲ ထည့်ပေးလိုက်ပါတယ်။ ဘုရားရှာဖို့အရည်အချင်းတွေ…‘ သွက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပါနေယျိကော၊ ပစ္စတံ ဝေဒိတဗ္ဗော၊ ဝိညူဟိ’ နဲ့ ထည့်ပေးလိုက်တယ်။ ဆရာသမား၊ လူကြီး၊ မိဘတွေကနေ ပြီးတော့။ ဒါကို တရားရှာဖို့ ပေတံလေးလို့ မမှတ်ဘူး…ကျုပ်တို့က။ […]


spyhacker satanSeptember 25, 20121min0
ဖွဲစည်းပုုံအခြေခံဥပဒေခုံရုံးကို စွတ်စွဲဖြစ်တင်တဲ့ကိစ္စကို အဓိကကြိုးကိုင် ဦးဆောင်ခဲ့သူဟာ သူရရွှေမန်းပဲဖြစ်တယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။ ဥပဒေကိုမျက်ကွယ်ပြုသူ၊ လွှတ်တော်အထက်မှာ ဘာမှမရှိလို့ ကြုံးဝါးနေသူ ဦးရွှေမန်းရဲ့ ထင်ရှားတဲ့လုပ်ရပ်တွေကတော့…… (၁) လွှတ်တော်အမတ်တွေ ပစ္စည်းစာရင်းတင်ရေး အဆိုကို ပြာပြာသလဲကန့်ကွက်ခဲ့ပါတယ်။ အဂတိလိုက်စားပြီး မတရားသဖြင့်ရရှိထားတဲ့ ပစ္စည်းတွေဟာ လူသိမခံဝန့်လောက်အောင် များပြားနေတယ်ဆိုတာ သိသာလှပါတယ်။ (၂) အင်းယားမြိုင်လူသတ်မှုမှာ ဦးရွှေမန်းရဲ့ သားတွေပါဝင်ပတ်သက်မှုရှိနေပေမဲ့လည်း သူ့ရဲ့ဩဇာအာဏာကို အသုံးပြုပြီ အမှုအပေါ်အောင် ဖုံးဖိထားခဲ့ပါတယ်။ အဲ့ဒါကြောင့် ယနေ့အချိန်ထိ လူသတ်တရားခံ အစစ်အမှန်ကို ရဲက မဖေါ်ထုတ်ရဲပါဘူး။( ဆက်စပ်မှုကို ပြောရရင် ဦးရွှေမန်းသားတွေနဲ့ ယခုအမွေတွေအကုန်ရသွားတဲ့ သားမက်ဖြစ်သူ သုဇော်ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ ကောင်မလေးရဲ့မိဘတွေက ပေးစားလို့ယူထားတာပါ။ ကောင်မလေးရဲ့ မိဘတွေက ဘာလို့ပေးစားလဲဆိုရင် ကောင်မလေးဟာ နာမည်ကျော်ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ ဇင်ယော်မောင်မောင်နဲ့ဖြစ်နေလို့ပါ။ ဘယ်လိုမှတားလို့မရတဲ့အဆုံး မိဘတွေက […]


ရံဖန်ရံခါ၌ ကျွန်ုပ်တို့ လူသားများသည် မိမိကိုယ်ကိုသော်လည်းကောင်း ၊ မိမိချစ်ခင်နှစ်သက်သော မိတ်ဆွေ အပေါင်းအသင်းများကိုသော်လည်းကောင်း ဝေဖန်ဆန်းစစ်မှု အပိုင်းတွင် လွန်စွာအားနည်းတက်ကြလေသည်။ အမှန်စင်စစ် ဝေဖန်မှုကို မပြတ်တမ်းပြုသင့်လှပေ၏ ။ သို့မှသာ ကောင်းမွန်သည့်အရာများမြင်လာလျှင်လည်း ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သလို  ဆိုးသည့်အရာများတွေ့လာလျှင်လည်း အချိန်မှီ ပြုပြင်နိုင်မည်ဖြစ်ပေ၏…….. စာရှုသူအပေါင်းတို့ခင်ဗျား  ……… ယခုဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲပြီး၍ NLDမှ အမတ်များ လွှတ်တော်တွင်းသို့ရောက်ခဲ့သည်မှာ လအနည်းငယ်ကြာခဲ့ပေပြီ… NLD ၏ရွေးကောက်ပွဲဝင်ရခြင်း ရည်ရွယ်ချက် သုံးရပ် ဖြစ်သော – (၁)တရားဥပဒေစိုးမိုးရေး (၂)ပြည်တွင်းငြိမ်းချမ်းရေး (၃)အခြေခံဥပဒေ ပြင်ဆင်ရေး ဟူသော အချက်များ မည်မျှထိအောင်မြင် အထမြောက်ခဲ့ပြီလဲ …………….စသည့်အချက်များကို ကျွန်ုပ်ဉာဏ်မီသလောက် အကျဉ်းချုပ်တင်ပြပါမည်။ လက်ရှိကြုံတွေ့နေရသော တရားစီရင်ရေး အပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ ဥက္ကဋ္ဌ ဖြစ်လာသည်မှလွဲ၍ […]


LightTruck တစ်စီးဝယ်ထားပြီးတဲ့နောက်မှာ ကားအော်ဒါလိုက်တစ်ခု ရလိုက်သည် ။ 20.9.2012 မနက် 4.00 သွားခေါ်ရမည်။ အိပ်ယာက မနက်အစောကြီး မထသဖူး ထ ၊ အင်ဂျင်ဝိုင် တိုင်း ၊လေပေါင်ချိန် ပြီး သွားခေါ်ခဲ့ပါတယ်။ ကားနှစ်စီးအတူတူသွားဖို့ချိန်းထားပေမယ့် နေ့ဆွမ်းကပ်ချိန် အမှီသွားမယ်ဆိုပြီး သူတို့ကားက အစောကြီးထွက်သွားပါတယ်။ ချိန်းတဲ့နေရာကို 6.00 အရောက်သွားခဲ့ပါတယ်။ ကား ဒီဇယ်ဖြည့်ပြီး တစ်ခါတည်း နောက်က အမှီလိုက်ခဲ့ပါတယ်။ လမ်းမှာ မပျင်းရအောင် အေသင်ချိုဆွေက သီချင်းဆိုပြပါတယ်။ မနက်အစောပိုင်း ကားမမောင်းဖူးလို့ ခေါ်ထားတဲ့ ဒရိုင်ဘာက မောင်းပါတယ်။ အင်္ဂပူ မြို့ကို ရောက်တော့8.00 လောက်ဖြစ်နေပါပြီ ။ ရှေ့ခရီးကို ကျွန်တော်က တလှည့် မောင်းပါတယ် ။ မြို့ကွင်းလမ်းက အရမ်းဆိုးပါတယ်။ Butterfly နဲ့လမ်းနဲ့ […]


ဦးသုSeptember 24, 20121min013
နှစ်ရက်သုံးရက်လောက်ရှိပြီ Home Page က Post တွေကိုပဲ ဖတ်လို့ရတယ် 1234567…….. ဆိုပြီးအောက်မှာ ရှိတဲ့ အရင်အဟောင်းတွေ မဖတ်လိုက်ရတဲ့ ပိုစ့် တွေကို သွားလို့ မရဘူးဖြစ်နေတယ် ကျွန်တော့်စက်တစ်လုံးထဲ ဖြစ်တာထင်လို့ သူငယ်ချင်းစက်ကိုယူသုံးကြည့်တာလဲမရဘူး။ comment မှာဝင်ရေးလိုက်ရင် reply လုပ်ပေးမယ့်သူကိုခဏ ခဏ ဝင်ကြည့် နေရမှာစိုးလို့  ပိုစ့် တင်လိုက်တာပါ။ ဝင်ဖတ်ပြီးမှ  စိတ် အချိုးကြနဲ့နော်


myohtatSeptember 23, 20121min08
ကျွန်မ .. ဒေါ်ငွေရည်စိုး .. နိုင်ငံသားအမှတ် (ရ/ညလပ(နိုင်)113030 ) ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ် ဝင်္ဂဘော်ကျေးရွာနေသူသည် (15-5-2012) ည (7း30)နာရီ ခန့်အချိန် တရွာထဲနေ အောင်ကျော်လင်း(ခ)ဖိုးလင်း ဆိုသူမှ အရက်မူးပြီး ပိတ်ထားသောတံခါးအားကန်ဖွင့်ခြင်း မကြားဝံ့မနာသာ ဆဲဆိုရန်ဆခြင်းများပြုလုပ်နေပါသဖြင့် ထိမ်းသိမ်း အရေးယူပေးပါရန် ပြွန်တန်ဆာရဲစခန်းသို့  ည .. (8း30)နာရီ ခန့်တွင်တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိပါသဖြင့် (16-5-2012) နေ့ (9း30)နာရီ ခန့်တွင် ပြွန်တန်ဆာရဲစခန်းသို့သွားပြီး ထပ်မံတိုင်ကြားခဲ့ရာ ပြွန်တန်ဆာရဲစခန်းမှုးမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ကျွန်မအား အော်ဟစ်မောင်းထုတ်ခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (ကူညီပါရစေ) ဟု ချိတ်ဆွဲထားသော ဆိုင်းဘုတ်လေးကိုကြည့်ပြီး မျက်ရည်ကျမိပါသည် … ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဟု ရဲစခန်းတိုင်းတွင်ချိတ်ဆွဲထားသည်ကိုမှမလေးစားဘဲ အကူအညီတောင်းသောပြည်သူ တဦးအား ရိုင်းပြစွာ အော်ဟစ်ကြိမ်းမောင်း မောင်းထုတ်ခြင်းမှာလည်း(လုံးဝ)မဖြစ်သင့်ပါ […]