သိရှိပြီးသားဖြစ်တဲ့ သူငယ်ချင်းများအတွက် တော့စိတ်ဝင်စားစရာ မကောင်းလောက်ပေမယ့် မသိရှိသေးသူများ အတွက် ရင်ခုန်ပျော်ရွင်ဖွယ်ရာလေးမို့ ပျော်စေ ပျက်စေ ကလက်စေ ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။ ဟိုရှေးရှေးတုန်းက ဘုရင်ကြီးမှာ သမီးတော်လေးတစ်ယောက် ရှိသတဲ့ကွယ်။ အဲ့ဒီသမီးတော်လေးဟာ အချိန်တန် အရွယ်ရောက်လာတော့ အညတရ လုင်ပျိုလေး တစ်ယောက်နဲ့ ချစ်ကြိုတ် နေလေသတဲ့။ ဘုရင်ကြီးဟာလဲ သမီးတော်လေး အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် သမီးတော်လေးကို သူဌေးသူကြွယ် တို့၏သားတစ်ယောက်ယောက် ဒါမှမဟုတ် အခြားသေားနိုင်ငံမှ မင်းသားတစ်ယောက်ယောက် နဲ့ထိမ်းမြားပေးဖို့ စဉ်းစားတယ်တဲ့။ အဲ့ဒီအခါမှာ ဘုရင်ကြီးနဲ့ သမီတော်လေးဟာ သဘောထားကွဲလွဲးမှုတွေ ဖြစ်ကုန်ကြတော့တာပေါ့။ ဘုရင်ြံကီးဟာလဲ သူနှစ်သက်တဲ့ လုင်ပျိုတစ်ယောက်နဲ့ သမီးတော်လေးကို ထိမ်းမြားစေချင်သလို သမီးတော်လေးဟာလဲ သူချစ်ခင်စုံမတ်နေတဲ့ အညတရလုင် ပျိုလေးကလွဲရင် ဘယ်သူနဲ့မှ လက်မထပ်လိုဘူးပေါ့။ ဒါနဲ့ တစ်နေ့ကျတော့ ဘုရင်ကြီးဟာ အကြံတစ်ခုရလာပါသတဲ့။ သူရရှိထားတဲ့ […]
