မြန်မာပြည်သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Nov 19 ။ စစ်အာဏာသိမ်းကာလ ၁နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂,၅၂၀ နီးပါးသေဆုံးပြီး ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၂၇၅ ဉီးခန့် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောပါတယ်။ Nov 18 ။ NLD အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ စာရေးဆရာ ဖေမြင့် ကို စစ်ကောင်စီက နေပြည်တော်မှာ အကျယ်ချုပ်ပုံစံနဲ့ ထိန်းသိမ်းထားရာကနေ ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ မီးစတဖက် ရေမှုတ်တဖက် ဗျူဟာကို သုံးနေတာ ဖြစ်လို့နိုင်ငံတကာအနေနဲ့ ဖိအားပေးမှုတွေ မလျှော့လိုက်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဖိအားပေးမှုတွေကြောင့် အကျဉ်းသားတွေကို ပြန်လွှတ်ပြနေပေမဲ့ […]