လူသားတို့သည် နေ့တဓူဝ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး။ ပညာရေး၊ သားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ အစရှိသော လူ့အရေးများကို အချိန်နဲ့အမျှ ဆောင်ရွက်နေကြသည်။ ထိုသို့ဆိုလျှင် ဘာသာရေးသည်၊ မည်သူ့အရေးလဲဆိုလျှင် ဘာသာရေးသည်လည်း လူ့အရေးပင်ဖြစ်သည်။ သို့သော် ယနေ့ဘာသာတရားများသည် လူ့အရေးဖြစ်မလာဘဲ၊ လူလွန်အရေးများ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ နိုင်ငံရေးသည်လည်း လူ့အရေးပင်ဖြစ်သည်၊ နိုင်ငံရေးသည် လူ့အရေးဖြစ်နေပါလျက် ဘာသာရေးနှင့်နိုင်ငံရေးကို ရောယှက်ခွင့်မရှိဟု မည်သည့်ပညာရှင်က ပြဌာန်းလိုက်သည်ကို စဉ်းစား၍မရအောင် ဖြစ်နေပါသည်။ ထိုအချက်ကို ပြဌာန်းလိုက်သူသည်လည်း ယနေ့ဘာသာရေး အခြေအနေများအရ မှားမည်ဟု မဆိုသာပေ။ အဘယ့်ကြောင့် ဆိုသော် ယနေ့ဘာသာတရားများသည် လူ့အရေးမဟုတ်၍ဖြစ် နေပါသည်။ ဘာသာရေးအား သီးသန့်ကမ္ဘာသို့ ပို့ဆောင်ထား၍ပင်ဖြစ်သည်။ ဘာသာဟူသည် အလင်းရောင်ဖြစ်ပြီး တရားဟူသည် အဆောင်ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာတရားဟူသည် လူသားတို့အတွက် […]


Ko out of...April 29, 20121min04
(၁) လောကတွင် ဘာသာရေးကလွဲရင် အားလုံးသောကိစ္စဟူသမျှသည် အမြဲပြုပြင်ပြောင်းလဲ လျှက်ရှိသည်..အဝတ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အယူအဆ စသည်တို့မှာ အမြဲပြောင်းလဲလျှက်ရှိသည်… (၂) ကျွန်ုပ်တို့၏ ယခုရှိရင်းစွဲ အနေအထိုင်၊အဝတ်အစား စသည်တို့ကို ပြုုပြင်ရန်များစွာ လိုပေသည်..ဥပမာ..မြန်မာစစ်တပ်ဖွဲ့လျှင် မြန်မာ့လုံချည်သည် မသင့်သော် မြန်မြန်ပြေး လို့ မဖြစ်ပေ စစ်သားအတွက်ဘောင်းဘီသည် အကောင်းဆုံးဖြစ်၏။ လေးနှင့် မြှားသည် ရှေးအခါက ကောင်းသော်လည်း ယခုခေတ်မှာ သေနတ်သည် ပိုကောင်း၏… (၃) အများသဘောသည် အမှားပေါ၏။ လောကတွင် ပညာရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်လျှင် ပညာရှိသောသူသည် မနှိုင်းယှဉ် နိုင်လောက်အောင် နည်း၏… (၄) မည်သည့် ကိစ္စမဆို ” ဟာ အများသဘောပေါ့” ဟုပြောသောသူသည် အသုံးမကျသောသူ လို့မှတ်အပ်၏။ အများသဘောသည် မှားလျှင်မှားကြောင်း […]


may flowersApril 29, 20121min020
ကျွှန်မတို့အမေကြီးအိမ်နဲ့ အင်းကြီးနဲ့ကြားမှာ ငှက်ပျောပင်တောလေးရှိပါတယ်။ နောက်အဲဒီငှက်ပျောပင်အုပ်လေးကိုကျော်သွားရင်ဝါးရုံပင်တွေပတ်လည်ဝိုင်းနေတဲ့ အင်းကြီးကိုရောက်ပါတယ်။ နယ်ရွာလေးဆိုတော့ တစ်အိမ်နဲ့တစ်အိမ်က တော်တော်လေးလှမ်းကြပါတယ်။ အမေကြီးတို့အိမ်ကကြည့်ရင်လဲ အဲဒီအင်းကို ငှက်ပျောပင်တွေ ဝါးရုံပင်တွေကြောင့် မမြင်နိုင်ပါဘူး။ ကျွှန်မတို့တစ်တွေအတွက်က တော့ အဲဒီအင်းကြီးဟာပျော်စရာ ကစားကွင်းကြီးပါပဲ။ ဒါပေမဲ့ အင်းကြီးအော်သံကြားပြီဆိုရင်တော ့ လူကြီးတွေကအဲဒီနားကိုပေးမသွားတော့ပါဘူး။ အင်းကြီးကလဲ ညဘက်တွေမှသာအော်တာပါတဲ့။ တစ်နေကုန် တစ်နေခမ်း ပြောင်းဆန်အောင်ဆော့ကြတဲ့ ကျွှန်မတို့ကတော့တစ်ခါမှ မကြားခဲ့မိတာအမှန်ပါ။ ဒါပေမဲ့ မနက်ဘက်ရောက်လို့ လူကြီးတွေအချင်းချင်း ဟဲ့…ညကအင်းအော်သံကြား တယ်နော် ကလေးတွေဂရုစိုက်ဦးလို့ အသိပေးပြောနေတာကြားရလို့ အမေကြီးကို မေးကြည့်ဘူးပါတယ်။ အမေကြီးကအင်းအော်တယ်ဆိုတာ ရေတံခွန်ကရေတွေကျသံနဲ့ တူတယ်တဲ့ ညဘက်အင်းဘက်က ရေတံခွန်က ရေကျသံလို..တစ်ဝေါဝေါ မြည်သံကြားရင် ဒါအင်းအော်သံပါပဲတဲ့။ နောက်ပြီးအဲဒီအင်းကြီးရဲ့ အောက်မှာကျောက်ဖြာကြီးရှိတယ် အဲဒီကျောက်ဖျာမှာ မောင်နှမနှစ်ယောက် စောင့်တဲ့ဥစ္စာစောင့်သိုက်လည်းရှိတယ်လို့ပြောပါတယ်။ ကျွှန်မက အမေကြီုးက သိုက်ရှိတယ်သာပြောတာ အမေကြီး…….မြင်ဘူးလို့လားလို့မေးကြည့်ပါတယ်။ ဒီတော့ […]


kotun winlattApril 29, 20121min08
သို့သော် အမတ်အပေါင်းတို့သည် ကံဆိုးပေသည်. ကြိုးစားထားသမျှကို ပြသခွင့်မရလိုကြချေ။ ငါးဇင်ရိုင်း ဘုရင်ကြီးသည် ချမ်းသာရေးစီမံကိန်းအကြောင်း မေးမြန်းရန်ပင်အချိန်မရှိ… ထိုစီမံကိန်းစပြီး မကြာမီပင် ဘုရင်ကြီး၏မယ်တော်သည် နာမကျန်းဖြစ်၏ ကိုယ်ခန္ဒာတွင် အကွက်အကွက်များပေါ်၍ တစ်ကိုယ်လုံးနုံးချိကာ ပျော့ခွေနေပေသည်။ “ခေါင်းမူးလိုက်တာ”ဆိုသည်ကိုပင် ပီပီပြင်ပြင်မငြီးနိုင်ရှာ…။ အနယ်နယ်အရပ်ရပ်မှ အထူးကုသမားတော်များသည် ဝင်ခလုတ်ထွက်ခလုတ်ပင်တိုက်ကြ၏။ ဘုရင်ကြီးသည် ကနဦးတွင် “အနာကြီး” များလားဟုထင်ကာလန့်သွားသေး၏။ နောင်မှ သမားတော်က “ပြဒါးအဆိပ်သင့်တာပါဘုရား” ဆိုမှစိတ်အေးရ၏။ ပြီးလျှင်ချက်ချင်းပင် “အစာကိုအဆိပ်မည်သူခတ်သနည်း”ဟုတွေးကာ ကြောင့်ကြမှုဖြစ်ပြန်သည်။ ထို့ကြောင့် ရေလည်းရဲရဲမသောက်ဝံ့…အစာလည်းရဲရဲမစားဝံ့….“တရားခံဘယ်သူလဲ”ဟုသာ နေ့စဉ်နှင့်အမျှဟစ်ကာဟစ်ကာ မေးသည်. ထို့နောက်တရားခံရှာမရသည့်အဆုံးတွင် “စားဖိုမှူးများအားလုံးအား အချုပ်တွင်ထည့်စေ”ဟုအမိန့်ချ လေသည်။ ထိုရက်များတွင် ဘုရင်ကြီးသည် အေးအေးလူလူမနေရ… ပူပန်ကာနေရပေသည်။ ထိုသို့ဖြင့် လွန်ခဲ့ပြီးသော တစ်မနက်တွင် တောင်တောင်အီအီတွေးနေရင်း “ငါဘုရင်ပင်မိခင်မကျန်းမာသည်ကို ဒီမျှပူပင်ရလျှင် သာမန် ပြည်သူပြည်သားတို့သည် ပို၍ပူပင်ကြရပေလိမ့်မည်”ဟုတွေးမိကာ မှူးကြီးမတ်ရာအပေါင်းတို့အား […]


studentApril 28, 20121min07
ကျွဲ နွား အရှင်များ မူဆယ် သို.ဆယ်ဘီးကားဖြင်.တင်ပို.နေပါတယ်။ ကားတစ်စီးကို ကျွဲ နွား အကောင်၂ဝတင်ပီးသွာနေပါတယ်။ ဘယ်သူခွင်.ပြုချက်သွားနေသလဲတော.မပါ။ ကျွဲ နွား များရှားပါးတော.ပါမည်။ အမြန်တားဆီးကြပါ။


kokothandarApril 28, 20121min00
ချိုုပေါ့ကျ (၁၀)မှာ ဝင် မင့်မလို့ပါ ။နောက်တော့ စိတ်ကူးလေးတစ်ခုရလို့  post အဖြစ်ဘဲတင်လိုက်ပါတယ်။ ဩ့င်္ကန်တုံးက အနုပညာသမားတွေကိူ သမ္မတက အိမ်တော်ကိုဖိတ် ဧည့်ခံခိုင်းပြီးငွေတွေဆုချလို့ ပညာသည်တွေက  အလှုလုပ်ခဲ့တယ်။ သမ္မတကြီး ရဲ့သဘောထားက အဖြူထည်ပါ။ သူရတဲ့လစာတွေ အကုန်မထုတ်လို့  ဦးရွေမန်းကတောင်လွှတ်တော်တွင်းဆွေးနွေးဖို့ စကားဆိုခဲ့ဘူးပါတယ်။ တစ်ကယ်ဖြစ်သင့်တာက လစာကိုအကုန်ထုတ်  သူလိုအပ်သလောက်ချန်ထားပြီး သူလ့က်ထက်မှာ စစ်မီးပြန်တောက်လာပြီးအကြီးအကျယ်ဒုက္ခရောက်နေရရှာတဲ့ ကချင်ပြည်နယ်က စစ်ဘေးဒဏ် တိုင်းရင်းသား တွေကို စစ်ဘေးဒဏ် ခံနေရသမျှကာလ ်တစ်လျောက်ပေးလှုသင့်ပါတယ်။ဦးအောင်သောင်းအစား သဘောထား ကြည်လင်တဲ့ညှိနှိုင်းရေးခေါင်းဆောင်ကောင်းတစ်ယောက်လဲစြေ့ပီး ငြိမ်းချမ်းရေ မရရှိသရွေ့ လစဉ် မိမိလစာထဲ လှုနေရင် သိပ်ကောင်းမှာဘဲလို့ တွေးနေမိပါတယ်။စစ်မီးပြန်တောက်တာ မိမိလက်ထက်မှာဖြစ်သလို ညှိနှိုင်းရေးခေါင်းဆောင်ဟာလဲ နိူင်ထက်စီးနင်း နေတတ် ပြောတတ်တဲ့ အထက်ဖါးအောက်ဖိ လူညစ်ပတ်ဖြစ်နေတာ သမ္မတကြီး သိသင့်တယ်ထင်ပါတယ်။ငြိမ်းချမ်းစေဖို့ လဲကြိုးစား။မငြိမ်ချမ်းနေသမျှလဲ လှုပေးပါ။ ဘောလုံးစကားပြောရရင် […]


phone_kyawApril 28, 20121min03
အခြားနိုင်ငံတွေတော့ မသိပါဘူး။ ဩစတျေးလျက ပင်စင်လစာကတော့ ဒီလိုမျိူးရှိပါတယ်။ ကျနော် ရ တဲ့ လစာက ဥပမာ တစ်နှစ်ကို ၁ဝဝဝ ရတယ်ပဲထား။ ၁ဝဝဝ ရဲ  ့ ကိုးရာခိုင်နှုံးကို အလုပ်ရှင်ကပေးရတယ်။ လစာက သတ်သတ်။ ဘာမှမဆိုင်ဘူး။ ပင်စင်ကို အသက် ၆၅-ပြည့်မှ ထုတ်ယူပိုင်ခွင့်ရှိတယ်။ ဒါတောင် တစ်လုံးတစ်ခဲတည်းမပေးဘူး။ တဖြည်းဖြည်းနဲ ့သေတဲ့အထိ စိတ်ချအောင်ပေးတယ်။ အသက်မပြည့်ပဲ ထိခိုက်ရှနာဖြစ်ခဲ့ရင်သော်လည်းကောင်း၊ သေဆုံးခဲ့ရင်သော်လည်းကောင်း ဒီပင်စင်ကို မိသားစုက အသက်မပြည့်ပဲ ထုတ်ယူပိုင်ခွင့်ရှိတယ်။ တချိူ  ့သောလုပ်ငန်းရှင်တွေက လုပ်ငန်းကျွမ်းကျင်သူတွေကို ပင်စင်လစာ ပိုပေးပြီး မတ်လုံးပေး ခေါ်ယူတာလည်း ရှိတယ်။ ဥပမာ ၁၁-ကနေ ၁၈-ရာခိုင်နှုံးထိ ရှိတယ်။ အစိုးရရဲ  ့သတ်မှတ်နှုံးထားက အနှိမ့်ဆုံး ကိုးရာခိုင်နှုံးမဖြစ်မနေ လုပ်ငန်းရှင်တိုင်းက သူတို […]


may flowersApril 28, 20121min016
ဘာကြောင့်မုန်းရတာလဲဆိုတဲ့ နာနာသံတွဲရဲ့ ပိုစ့်မှာကွန်မန့်ဝင်ရေးဖို့ ကြိုးစားတာ မအောင်မြင်တဲ့အတွက် အခုလိုဆောင်းပါးတစ်ပုဒ်ရေးလိုက်ရတာပါ။ ဟုတ်ပါတယ် နာနာ(သံတွဲ) ရေးသလိုပဲ မြန်မာပြည်မှာ ဘာသာပေါင်းစ ုံစုပေါင်းနေထိုင်ကြတာပါ ခရစ်ယာန်ဘာသာ ဟိန္ဒူ ဘာသာ ဗုဒ္ဓဘာသာ အာလုံးတော်တော်စုံပါတယ်။ ဒါပေမဲ့ မူဆလင်တွေက ဘာလို့သူတို့ဘာသာဝင်တွေကိုပဲ မုန်းရတာလဲဆိုတဲ့အဖြေကို ကိုယ်တိုင်တွေ့အောင်မရှာကြပါဘူး။ ဘာကြောင့်ဟန္ဒူဘာသာလူမျိုးတွေကိုမမုန်းရတာလဲ ဘာကြောင့်ခရစ်ယာန်ဘာသာဝင် တွေနဲ့ အေးအေးချမ်းချမ်းလက်တွဲသွားနိုင်တာလဲ ဒီအဖြေကို ကိုယ်တိုင်မရှာကြပါဘူး။ မုန်းတယ်ဆိုတာ ဘယ်သူမှအကြောင်းမရှိပဲ မုန်းနေကြတာမဟုတ်ပါဘူး။ သေချာတာကတော့ အိန္ဒိယကဝင်လာတဲ့သူမို့လို့မုန်းတာမဟုတ်ကြပါဘူး။ လူကိုမုန်းတာလဲမဟုတ်ကြပါဘူး။ မြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့ မူဆလင်ဘာသာ ဝင်တော်တော်များများတွေရဲ့ အလွန်အစွန်းရောက်တဲ့ ဘာသာရေးမူကြောင့်သာမုန်း ကြတာပါ။ လူကိုမုန်းတာမဟုတ်ပဲ မူကိုမုန်းနေကြတာပါ။ ကဲဘာတွေအစွန်းရောက်နေလဲ ဆိုတာကျွှန်မပြောပြပါ့မယ်။ သူများပြောစကား ကြားတာနဲ့ ကျွှန်မမပြောချင်ပါဘူး။ ကြားတဲ့စကားနဲ့ပြောရင် မသေချာမရေရာနိုင်တဲ့အတွက်ကျွှန်မကိုယ်တိုင် ကိုယ်တွေ့ကြုံတွေ့ရတာလေးတွေကို ပဲပြောပြပါ့မယ်။ လွန်ခဲ့တဲ့(၂) နှစ်လောက်ကကျွှန်မတို့ နှစ်ဆန်း-၁ ရက်နေ့မှာ […]


sugar sugarApril 28, 20121min01
တစ်ချိန်က သူငယ်ချင်း တစ်ယောက် ကရေးပေး ဖူးတဲ့ ကဗျာ လေးတွေပါ သူလည်း ဘယ်ကကူး လာလဲမသိ ၊   ” ခိုးစားရတဲ့ အသီးကမြိန်သတဲ့ မြိန် ချင် လွန်းလို့ ခိုးစား မရိုးသားခဲ့တာကြာပါပြီ တစ်နေ့လူမိ တော့ ငါခိုးစားတို်င်း သူချောင်းကြည့်ခဲ့တာပါတဲ့”     ” ကျွန်တော် ချစ်ရတဲ့သူက ကို ကို ချစ်တဲ့သူက မ မ ချစ်တဲ့သူ ကမောင်လေး မောင်လေး ချစ်တဲ့သူကျွန်တော် ကို ရယ် အချစ်ဝဏ်ကပါ ဘာကြောင့် ဒီလောက် ရှုပ်ထွေးရတာ လဲ ”   ” အသစ်ကို မြင် အပြစ် တင် ပြီး မချစ် ရင်လည်း […]


phone_kyawApril 28, 20121min07
“ခင်ဗျားရဲ  ့စားဝတ်နေရေးအတွက် ဘယ်လိုရပ်တည်နေလဲ” သူက- “ကျနော် မြို  ့ထဲမှာ အင်တာနက်ဆိုင်ဖွင့်ထားတယ်” “စားလောက်လို ့လား” “စားလောက်ယုံပါပဲ” ခြေထောက်ကလည်းထော့နဲ ့ထော့နဲ ့။ ထောင်ထဲက ထွက်လာတာမကြာသေးတဲ့လူ။ သူ ့စီးပွားရေးအခြေအနေနဲ ့ပက်သက်ပြီး  ပွင့်ပွင့်လင်းလင်းပြောတာကို ကျနော်တို ့အစည်းအဝေးထဲမှာ အတိုင်းသားကြားနေရတယ်။ ဒီအစည်းအဝေးကို နိုင်ငံပေါင်းစုံမှာ ရောက်နေတဲ့ ၈၈-ကျောင်းသားဟောင်းတွေနဲ ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူအတော်များများတက်ကြပါတယ်။ အင်တာနက်ကနေ တက်လို ့ရတဲ့ အစည်းအဝေးတစ်ခုပါ။ ပြီးခဲ့တဲ့အပတ်ကမှ ကျနော်လည်း စိတ်ဝင်စားတာရယ်၊ အလုပ်အားနေတာကြောင့်ပါ တနေကုန်နီးပါး နားထောင်ဖြစ်ခဲ့တယ်။ ကျနော်က ဆက်ပြီး နိုင်ငံရေးကို ထောင်ကျခံ စီးပွားအပျက်ခံပြီး လုပ်နေတဲ့ပြည်တွင်းက ဆင်းရဲတဲ့ လူတွေကို လက်တွေ ့ကျကျ ကူညီချင်လို ့ သူ ့ကို ဆက်မေးပါတယ်။ […]


ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော  လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်မှ အနားယူပြီး ပင်စင်လစာ ရရှိရန်မှာ လုပ်သားတစ်ဦးသည် လုပ်ငန်း တစ်ခုတည်းတွင် အနည်းဆုံး လုပ်သက် ၁၅ နှစ် ရှိရမည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လစဉ် အချိုးကျ သတ်မှတ်နှုန်းထား ပမာဏကို […]