ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည် (သတင်းကောင်း)

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော  လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်မှ အနားယူပြီး ပင်စင်လစာ ရရှိရန်မှာ လုပ်သားတစ်ဦးသည် လုပ်ငန်း တစ်ခုတည်းတွင် အနည်းဆုံး လုပ်သက် ၁၅ နှစ် ရှိရမည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လစဉ် အချိုးကျ သတ်မှတ်နှုန်းထား ပမာဏကို ထည့်ဝင်ရမည်ဟု ဥပဒေမူကြမ်းပါ အချက်အလက်များအရ သိရသည်။ အသက် ၆၄ နှစ်အရွယ်ရှိ စာနယ်ဇင်းဆိုင်ရာ ကုမ္ပဏီဝန်ထမ်း တစ်ဦးက “ဒီလိုပင်စင်လစာ ပေးတာ အရမ်းကောင်းပါတယ်။ ပေးလလည်း ပေးသင့်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းလစာထဲက ဖြတ်တောက်ပြီး ပင်စင်လစာ ထုတ်ပေးမယ့် အဖွဲ့က အရင်းအနှီးလုပ်တဲ့အခါမှာ အရှုံးများ ပေါ်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ ဒါကလည်း အရေးသိပ်ကြီးတယ်။ အဲဒီတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တယ်လို့ပဲ ထင်တယ်။ ကုမ္ပဏီပိုင်ရှင်တွေရဲ့ အမြတ်ငွေကနေ သီးခြား စုစုပေးသွားရင် ပိုကောင်းတာပေါ့” ဟု ဆိုသည်။

ပုဂ္ဂလိက ဝန်ထမ်းများ အလုပ်မှ အနားယူသွားပါက ပင်စင်လစာပေးခြင်း စနစ်ကို စင်ကာပူအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများ လက်ရှိတွင် ကျင့်သုံးနေကြောင်း လူမှုဖူလုံရေး ဥက္ကဋ္ဌထံမှ သိရသည်။ ဥပဒေသာ အတည်ပြုလိုက်ပါက မူလလစာ၏ ၁၅ ဆအား အရစ်ကျ သို့တည်းမဟုတ် ရာခိုင်နှုန်းအလိုက် လစဉ်ခွဲဝေမှုဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သွားမည်ဟု သိရသည်။ အသက် ၃၅ နှစ်ကျော် လုပ်သက် ငါးနှစ်ရှိ ဆေးကုမ္ပဏီ ဝန်ထမ်းတစ်ဦးက “တစ်လ နည်းနည်းချင်း ထည့်ပြီး ကိုယ်မလုပ်ချင်တော့တဲ့ အချိန်မှာ မူလ လစာရဲ့ ၁၅ ဆ ရမယ်ဆိုတာက ဝမ်းသာစရာ သတင်းပါပဲ။ အဲဒီလို ပြောပြီး ဖြစ်မယ်ဆိုရင် ကောင်းပါတယ်။ ပင်စင်ဆိုတာမျိုးက အစိုးရဝန်ထမ်း အသုးံအနှုန်းဆိုတာလောက်ပဲ သိထားတော့ သိပ်တော့ မယုံချင်သေးဘူး”ဟု ပြောသည်။ အချိန် ခြောက်လမှ တစ်နှစ်အထိယူ၍ ပင်စင်လစာ ကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ဝန်ထမ်းများအား အသိပညာများ ဖြန့်ဝေခြင်းကိုပါ ပူးတွဲပြုလုပ်ရန် စီစဉ်ထားသည်ဟု အဖွဲ့ဥက္ကဋ္ဌထံမှ ထပ်မံသိရသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ကျွန်တော်တို့ သိရသလောက် တော်တော်လေးကို ကောင်းတဲ့ ဥပဒေမျိုးလို့ သိထားရပါတယ်။ နာမကျန်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာ ရမှုတွေ ဖြစ်လာခဲ့ရင်က အစ လုပ်ငန်းရှင်က ဆောင်ရွက်ပေးရမယ့် အချက်တွေ၊ အဖွဲ့မှာ မှတ်ပုံတင်ပြီးရင် အဖွဲ့က လုပ်ပေးရမယ့် ကိစ္စတွေ ဒါတွေကအစ အသေးစိတ် ထည့်သွင်းထားတာပါ။ ဒါတင် မကသေးဘူး။ နောင်ရေး နေထိုင်ရေးအတွက်ကိုပါ စီစဉ်မှုက ရှိနေတော့ တော်တော်လေး ကောင်းတဲ့ ဥပဒေဆိုတာမျိုးလို့ ကျွန်တော် ပြောနိုင်တယ်” ဟု ပြောသည်။

ဧပရယ်ဦး (ပေါ်ပြူလာဂျာနယ်)

Link : http://www.thithtoolwin.com/2012/04/blog-post_2278.html

7 comments

  • ဟိန်း ဝင်း (ထားဝယ်သား)

    April 28, 2012 at 8:57 am

    ဒီလိုပဲဖြစ်ရမှာပေါ့ …. ဒါအမှန်ပဲလေ …. ဟဲဟဲ … အိုရချည်သေးရဲ့

    Reply

  • etone

    April 28, 2012 at 9:38 am

    အဲ့ဒီလိုသာ အမှန်ဖြစ်လာလျှင်တော့ကောင်းတာပေါ့လေ … ။ ဒါပေမယ့်လည်း … လုပ်သက် (၁၅)နှစ်ကို တစ်နေရာတည်းမှာ လုပ်ရမယ် ဆိုတာတော့ …. အလုပ်ခုန်သူတွေအတွက် အဆင်မပြေဘူး …. ။
    ပုဂ္ဂလိက ပင်ဆင် လစာ ဆိုတာထက် ….. အာမခံလုပ်ငန်းတိုးတက်လျှင်ကောင်းမယ် ။
    သူများနိုင်ငံတွေမှာ .. ပေးရိုးလ် စစ်စတမ်ကိုက မိုက်တာ …. လစာကို cash မပေးပဲ … ဘဏ့်အကောင့်ထဲတန်းထည့်ပေးတယ် …. လစဉ်လည်း အာမခံအတွက် ပိုက်ဆံသွင်းရတယ် …. ။ အာမခံအမျိုးစားတွေကလည်းအမျိုးမျိုးပဲတဲ့ …. ။
    တစ်စုံတစ်ခုများ နစ်နာလို့ကတော့ … အာမခံလုပ်ထားတဲ့အတွက် … ကျေနပ်လောက်တဲ့ ပမာဏငွေ ပြန်ရပါတယ်တဲ့ …. သူများနိုင်ငံတွေမှာ ပင်စင်နဲ့ အာမခံလုပ်ငန်းခေတ်စားပေမယ့် .. ဒီမှာတော့ .. အာမခံလုပ်ငန်းကို လူကုန်ထံတွေလောက်သာ … သုံးကြတယ် … ။

    Reply

    • ဟိန်း ဝင်း (ထားဝယ်သား)

      April 28, 2012 at 9:43 am

      ကျွန်တော်တို့က etone တို့ပြောသလိုပဲ ဘဏ်ထဲထည့် ပြီးတော့ အာမခံလဲထည့်ရတယ် …. အဲဒါကြောင့်ပျော်နေတာ … လုပ်သက်ကတော့ စောင့်ရအုံးမယ် … 🙁 😛

      Reply

  • htoosan

    April 28, 2012 at 10:16 am

    စကာင်္ပူက CPF (၁၉၉၆ လောက်ကတော့ ရှိတယ် ။ အခုတော့ ရှိသေးလားမသိ) သွား ပြီး ပုံတူ ကူးချနိုင်ရင်တောင် ကောင်းပါတယ် ။ အလုပ်ရှင်ကလည်း ထည့်ပေးရသလို အလုပ်သမားကလည်း အချိုးကျ ထည့်ဝင်ပေးထားရပါတယ် ။ လုပ်သက် နဲ့ မသတ်မှတ်ဘဲ အသက်ဘယ်လောက်မှ ပြန်ခံစားခွင့်ပြုပါတယ် ။ ဆေးရုံ ဆေးစရိတ်လိုအပ်လာရင် အဲ့ဒီကနေ အချိုးတစ်ခု နဲ့လည်း ပေးလို့ ရပါတယ်။

    Reply

  • ဗိုက်ကလေး

    April 28, 2012 at 11:17 am

    သက်တော်ရှည်ဘိုးဗိုက်ကလေးတို ့တော့ ပင်စင် မစားနိုင်လောက်တော့ပါဘူးဗျာ..
    အသက်က ဗထက်ချိုင့် ရောက်နေဘီဆိုတော့ ဆယ့်ငါးနှစ်လုပ်မှ ရမဲ့ပင်စင်လဲ မျှော်ရဲတော့ပါဘူးအူးလေးရာ
    သတင်းအတွက်တော့ တင့်ခရုတင်ပါတယ်နော်…
    ကောင်းလေစွ

    Reply

  • windtalker

    April 28, 2012 at 12:31 pm

    မြန်မာနိုင်ငံမှာ ဘွဲ ့ရပြီး လစာနည်းနည်းလေးနဲ ့ဝန်ထမ်းလုပ်နေကြသူတွေ အများကြီးမို ့၊ ကိုဟိန်းဝင်း ပြောတဲ့ ကိစ္စ အမြန်ဆုံး အကောင်အထည် ပေါ်လာပါစေဗျား ။

    Reply

  • sugar sugar

    April 28, 2012 at 2:24 pm

    ဒီသတင်း အိမ်က မိန်းမ မကြားပါစေနဲ့ ဘုရား

    Reply

Leave a Reply

Your email address will not be published.