kyaw swarJune 25, 20121min04
၂၀၀၈ခုနှစ် မေလ ၂ရက် နေ့ ထိုနေ့သည် ကျွန်တော် တို့၏ဘဝများစွာ ကို ရက်စက် စွာနင်းချေဖျက် စီးခဲ့သော သမိုင်းဝင် နေ့ တနေ့ ဖြစ်ခဲ့ သည် ထိုနေ့က နံနက် ပိုင်းနေသာ ပြီး လောကတခုလုံးသည် သူ၏ပုံမှန်ဖြတ်သန်းနေကျ နေ့တနေ့ဖြစ်ခဲ့သည် နံနက်ပိုင်း  လဘက်ရေလေးသောက်ပြီး အလုပ်သို့သွားသည် အဲ့သည့်အချိန်ထိ အေးအေးဆေးဆေးပင် နေ့ခင်း တစ်နာရီလောက်တွင် သတင်းစရသည် အောက်ဖင်မှာ မုန်တိုင်ဝင်နေပြီ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင် ပါတယ်ဆိုတာတောင် အေးဆေး ပဲဆိုပြီး နေကြသေးတယ် အိမ်က အမေက တောမှာ ရစရာရှိတာလေးတွေသွားတောင်းမယ်ဆိုပြီး ဆင်းသွားတယ် အဖေကအလုပ် ရှိလို့မြို မှာနေခဲ့တယ် ဒါပေမယ့် သတင်းကြားလို့လိုက်ခေါ်တယ် မရဘူး ဘာမှမဖြစ်ပါဘူး ဆို ပြီးဆင်းသွားတာ အဲ့လိုနဲ့ ညနေဆောင်းတော့ကျွန်တော်လဲ […]


kang layJune 25, 20121min030
ရွာထဲမှာ ကောင်မလေးတွေချဉ်ဘဲတွေ ့နေရလို့ ကောင်လေးတယောက်လောက် ရောက်လာတာ ကို ရျွာကလူတွေကတော့ လက်ခံမလားတော့သိပါဘူးခင်ဗျာ လာရတာ တော့ခပ်လန့်လန့်ပါ ရွာသားတွေကခပ်တည်တည်နဲ့ မောင်ထုပ် မှာကိုလဲကြောက်မိသား ဖတ်နေတာ တော့ကြာပါပြီ ဘယ်လို ဝင်ရမလဲမသိတာလဲပါတယ် သူငယ်ချင်းတယောက်ကပြ ပေးလို့သာ ရွာထဲကိုဒီလို သွားရတာ လမ်းညွန်လိုက်တာနဲ့ဘဲ ရောက်လာရတာ ခပ် ကြောက်ပါဘဲခင်ဗျာ ဖြဲတော့ မချောက်လိုက်ပါနဲ့ နော် အသဲငယ်တတ်လို့ပါခင်ဗျာ


  အားလုံးကို ရှင်းသန့်ပြောပြချင်တာလေးတစ်ခုရှိပါတယ်ရှင့် ရှင်းသန့်ခုပြောမယ့်အကြောင်းအရာလေးက ဖတ်ဖူးတဲ့သူတွေရှိသလို မဖတ်ရသေးတဲ့လူတွေလဲရှိမယ်ထင်ပါတယ် သိပြီးသားဆိုတော့လဲပိုပြီးမှတ်မိသွားတာပေါ့နော်… မောင်မြနှင့်မောင်လှဆိုပါတော့…… သူတို့နှစ်ယောက်ကဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင်အိမ်မှာနေကျတယ်… နှယောက်လုံးကလူပျိုလူလွတ်တွေပေါ့…. မောင်မြမှာကစုဆောင်းထားတဲ့ရွှေတိုရွှေစလေးတွေရှိတယ်… သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်အိမ်မှာတာနေကျတာ တစ်ယောက်နဲ့တစ်ယောက်ကခေါ်ပြောနှုတ်ဆက်မရှိကျဘူး တစ်နေ့ မောင်မြစုဆောင်းထားတဲ့ရွှေထုပ်လေးကပျောက်သွားတယ်  မောင်မြက မျက်နှာချင်းဆိုင်အိမ်က မောင်လှကိုလှမ်းကြည့်လိုက်တယ် မောင်လှကတော့ သူလုပ်နေကျအတိုင်းပေါ့ သူအိမ်မှာသူအလုပ်လုပ်နေပါတယ် မောင်မြရဲ့အမြင်ကတော့ မောင်လှဟာသူ့ရဲ့ရွှေထုပ်ကိုခိုးထားလို့ ဘယ်နေရာမှာဝှက်ရမယ်ဆိုတာနေရာလိုက်ရှာနေတယ်လို့မြင်နေတယ်လေ..  ဘယ်နေ့ပဲဖြစ်ဖြစ် မောင်လှကလဲသူ့ +အလုပ်ကိုအရင်တိုင်းပဲလုပ်မြဲလုပ်တယ် မောင်မြကလဲ သူ့ရွှေထုပ်ကိုခိုးထားလို့ ဝှက်ဖို့ကြံစည်နေတယ်လို့ပဲမြင်တာပေါ့……………….. ဒီလိုနဲ့  ….. မိုးရာသီကိုရောက်လာပါတယ်.. တစ်နေ့မှာ မောင်မြဟာသူ့အိမ်ရေတံလျှောက်မှာ မိုးယိုနေလို့ ဖာထေးဖို့ပြင်ဆင်တဲ့အခါမှာမထင်မှတ်ပဲ သူ့ရဲ့ရွှေထုပ်ကို တွေ့လိုက်ရပါတယ် အမှန်တကယ်တော့ရွှေထုပ်ကိုကြွက်ချီသွားတာပါ အစာမဟုတ်မှန်းသိတော့ကြွက်က ရောက်ရာမှာပဲထားခဲ့ တယ်..အဲဒီအချိန်မှာ မောင်မြဟာ မောင်လှကိုလှမ်းကြည့်လိုက်ပါတယ်..ဒီတစ်ခါမောင်မြကြည့်လိုက်တဲ့အကြည့်ကအရင်လိုမဟုတ်တော့ဘူး မောင်လှအပေါ်မှာသံသယကင်းကင်းနဲ့သူကြည့်လိုက်တာပါ…   လူတစ်ယောက်ကဘယ်လောက်ပဲကောင်းတာလုပ်လုပ် ကိုယ်ကသူ့ကိုအမြင်မကြည်တော့ဘူးဆိုရင် အကောင်းမမြင်နိုင်ပါဘူး………… ရှင်းသန့်လဲကြုံဖူးတာပါပဲ… ဒီစာလေးကိုဖတ်ပြီးကတည်းက လူတိုင်းအပေါ်မှာ […]


ညာအရင်နေ့ကMozilla ကနေစာတွေတင်တာမပေါ်လို့ခုIE ကနေပြောင်းတင်ကြည့်လိုက်တယ်နော် ဒါကြောင့်ခုအစမ်းလေးတင်ကြည့်လိုက်တာနော် အန်ကယ်ဇောက်ကတော့ပြောတယ် နတ်တင်ရမယ်တဲ့လေ နတ်မတင်လို.ဖြစ်တာတဲ့ ဂေဇက်ရွာကနတ်တင်ရတဲ့ဓလေ့များရှီလားဟင် ဒါဆိုနောက်ရက်ကျအုန်းတို.ငပျောတို့ဝယ်ခဲ့မယ်နော် ဟိဟိ ဒီတစ်ခါစာမပေါ်ရင်ညာကိုတော့မျက်လှည့်ပြနေတယ်လို.ပြောကျတော့မှာပဲနော် ညာကလူတစ်ယောက်ကိုအယုံသွင်းပြီးပုံပြင်တွေမပြောတက်ပါဘူးနော် (အညာသူဆိုတာတကယ့်ကိုရိုးတယ်…..ဘာဘာညာညာတွေလဲနားမလည် ဟန်တွေပန်တွေကိုလဲမတက်တယ်……… မြို့ကြီးသူမယ်တို့လိုမလိမ်တက်တယ်မညာတက်တယ်………………**) သီချင်းဆိုတာနော်….. ပျော်ရွင်ပါစေ….        


ပိုင်ဆိုင်ခွင့် ********* *** အရာအားလုံးအတွက် မင်းကိုကျေးဇူးတင်တယ်.. မင်းမုန်းမေ့နိုင်ဖို့အတွက် ငါဆုတောင်းပေးမယ်.. ကျေနပ်ပါတယ် င့ါအပြစ်နဲ့ငါ.. င့ါအမှားတွေပဲ ရှိပါစေတော့….။ *** အဟောင်း အဟောင်းတွေ အသစ်ပြန်ဖြစ်မလာနိုင်တော့… ဒါပေမယ့်ပေါ့ကွာ.. ချိုမြိန်မှုတွေဆိုတာ… ဘာလဲ..မရေရာပေမယ့်လည်း…….. ခါးသက်မှုတွေ အကြိမ်ကြိမ်ဆိုပါတော့…..။ *** ငါလေ ရင်နဲ့အမျှဆိုတာ မသိပေမယ့်… င့ါစိတ်ထဲမှာ မင်းရှိနေခဲ့တယ်…. ချစ်တယ် ဆိုတဲ့ အဓိပ္ပယ်ကို သေချာမဖွင့်ဆို နိုင်ခဲ့ပေမယ့်… ခုချိန်ထိအောင် မင်းကိုလွမ်းဆဲ သတိရနေဆဲပါကွာ…။ ***ဒီလိုနဲ့ပဲ ငါသိခဲ့တာက…….. သတိရလွမ်းဆွတ်ခြင်းတွေ ငါပိုင်ဆိုင်ပါသေးတယ်ဆိုတာကိုပေါ့…. အရာအားလုံးကို မပိုင်ဆိုင်ရရင်တောင်မှ… သတိရခြင်းတွေ ငါ့ကို ပိုင်ဆိုင်ခွင့်ပေးခဲ့တယ်နော်…။ <3     ကျေးဇူးပါ…ချစ်သူရယ်…။  


ငါလေ နင့်ကို စောင့်မျှော်နေခဲ့ရတာပါဟာ.. ဒါပေမယ့် .. နင်မလာခဲ့ပါဘူး..။ ငါလေ နင့်ဆီက စကားလေးတစ်ခွန်းနဲ့ ပျော်နေခဲ့ရသူပါ.. ဒါပေမယ့် နင်အလေးမထားခဲ့ပါဘူး..။ ငါလေ နင့်ကိုသတိရလို့ တိတ်တိတ်လေး ငိုနေမိတာ.. ဒါပေမယ့် နင်ဂရုမစိုက်ခဲ့ပါဘူး..။ ငါလေ နင်နဲ့ပတ်သတ်သမျှ အကုန်မှတ်သားခဲ့တာပါ.. ဒါပေမယ့် နင်မေ့ထားခဲ့တယ်နော်..။ ငါလေ နင့်အကြောင်းတွေ တွေးတိုင်းလွမ်းတတ်နေခဲ့တာ.. ဒါပေမယ့် နင့်အတွေးထဲမှာ ငါမရှိခဲ့ဘူးလေ..။ ငါလေ Online မှာနင့် account လေးမီးစိမ်းပြတိုင်း နင်ခေါ်မလား မျှော်လင့်နေခဲ့မိသူပါ.. ဒါပေမယ့်ဟာ နင်အမြဲတမ်း င့ါကို ဥပေက္ခာတွေပဲ ပေးခဲ့တယ်နော်..။ နင်ပြောတဲ့ ( ချစ်တယ် ) ဆိုတဲ့ အချစ်က ဒါပဲလား……….ချစ်သူရယ်..။


thar agJune 25, 20121min014
ည ဂျူတီလေးတရက်မှာ မမတယောက်က ပြောပြတာလေးပါ ရန်ကုန်မြို့ တနေရာ ရပ်ကွက်ကလေးတခုမှာ ပေါ့ မီကလဲ ပြတ်တဲ့ ရန် ကုန်ဆိုတော့ ဖေကြီးမေကြီးမှာ မွေး ထားတာတွေက သားတွေသမီးတွေက ၄ ယောက် ဒီနေ့ တနင်္ဂ နွေ နေ့ ဟေ့ သားတို့သမီး လဲကျောင်ပတ်ရက်ဆိုတော့ တအိမ်လုံးပြောင်ဆန် အောင်ကစားနေကြတာ ပျော်စရာကြီးပေါ့နော် အငယ် ဆုံးသားလေးက ဖေကြီးမေကြီး လဲ သားတို့နဲ့ ဝင်ကစားပါလား ပျင်းတယ်ကွာ ကစားချင်ပါဘူး လို့မေမေ ကပြောတယ် အငယ်လေးကလဲမရဘူးဆိုပြီးအတင်းပူဆာ တော့ ဖေကြီးက မေကြီးနှစ် ယောက် တိုးနယားက က ကြ ပြမယ်နော် ကလေးတွေညိမ်ညိမ် ကြည့် ကြ ဆိုပြီး နှစ်ယောက်သားအလယ်မှာ စောင်ကြီးကိုချုံ့ ပြီးတေယာ တိုနယား […]


အနိစ္စ= ဒုက္ခ= အနတ္တ= ဗုဒ္ဓ ရဲ့လမ်းညွှန်မှု..။ ပွားရှုဖို့ အတန်တန်မှာခဲ့တယ်။ ဘယ်လိုပွားရမလဲ… ဘာတွေ… ဘယ်လို အကျိုးရမှာလဲ.. အနိစ္စ= အမြဲမရှိတဲ့။ ဟုတ်တယ်လေ.. ဒီခန္ဓာကိုယ်ကြီးက မြဲလို့လား။ အမြဲမပြတ် အသစ်အဟောင်းတွေပြောင်းလဲနေတာ.. ဘယ်မှာမြဲလို့လဲ။ ဒါလဲ ““အနိစ္စ”” မှန်တာပေါ့။ ဒုက္ခ= ဆင်းရဲတဲ့။ ဟုတ်တာပေါ့.. ဒီခန္ဓာကိုယ်ကြီးရှိနေတော့ နာတာ..ကျင်တာ ကိုက်တာ ခဲတာ.. ဒီဆင်းရဲတွေရှိနေတာ.. ဘာငြင်းမှာလဲ။ ဒုက္ခ=ဆင်းရဲကြီးပဲ။ အဲ…..တစ်ခုတော့ သတိပြု.. သုခဆိုတာရှိလို့ ဒုက္ခဆိုတာသိရတာတဲ့… အဲ… ဒီကောင်ကြီးရှိနေလို့ ဒုက္ခတွေ ခံစားနေရတာ ဆိုရင်… ဒီကောင်ကြီးမရှိရင်.. သုခကိုကော ခံစားလို့ရပါတော့မလား။ ဒါက ဘုရားဟောနဲ့ မဆိုင်ဘူးနော်.. ဒုက္ခ-အရကို ဒီကိုယ်ကောင်ကြီးရှုရမယ်လို့ ကောက်ပြတဲ့ သူကိုပြောတာ။ အနတ္တ= အစိုးမရဘူးတဲ့။ အနှစ်သာရမရှိဘူးတဲ့။ ဟုတ်တာပေါ့.. […]


Knowledge SeekerJune 24, 20121min031
“ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ” အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။ ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။ ကျမအမျိုးသားက အိမ်တလုံး ဘယ်လောက်ကောင်းကောင်း အဲဒီလမ်းဒီလမ်းထဲမှာ ရပ်ထားတဲ့ ကားတွေဟ ာ ကားစုတ်တွေဆိုရင် အဲဒီအိမ်ကိုမဝယ်ဘူးတဲ့။ ဒေါ်လဲ့လဲ့နွယ်သိန်း ခေါ် ကလောင်ရှင် မေတ္တာဦးက သူ့အမျိုးသားရဲ့ အဆင့်အတန်း ခွဲခြားတတ်ပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထား ပါတယ်။ အမေရိကားက `ကားစုတ်´ဆိုတာ ကျနော်တို့ မြန်မာပြည်က ချုံးချုံးကျ ကားအိုကြီးတွေလိုတော့ ဟုတ်မယ် မထင်ဘူး။ […]


Wunna AungJune 24, 20123min013
ကျိုင်းတုံမြို့ကိုလဲ ရောက်ပြီ ဘုရားတွေလဲ ဖူးပြီးပြီ ဆိုတော့ မြို့ထဲက အထင်ကရနာမည်ကြီး နေရာတွေနဲ့ မြို့ထဲကို လျှောက်လည်ကြရအောင်ဗျာ……   ကျိုင်းတုံမြို့လည်မှာ နာမည်ကြီး နောင်တုံကန်ရှိပါတယ်….. တောင်တန်းတွေပတ်လည်ဝိုင်းနေတဲ့ မြို့ရဲ့အလယ်မှာ ဒီနောင်တုံကန်က တည်ရှိနေတာပါ…. မြို့ခံလူတွေကတော့ နဂါးကန်လို့လဲ ပြောကြပါတယ်.. ကန်ပတ်လည်မှာ ကားလမ်းရှိပြီတော့ လက်ဖက်ရည်ဆိုင်၊ အကင်ဆိုင် နဲ့ ရိုးရာစားသောက်စရာ ဆိုင်လေးတွေ ရှိပါတယ်… ကျိုင်းတုံမြို့ရဲ့ အပန်းဖြေစရာနေရာလေးတစ်ခုပေါ့…..ညနေစောင်းပြီဆိုရင် ကန်ပတ်ပတ်လည်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ လူတွေစည်လာသလို….ကန်ကိုပတ်ပြီးလမ်းလျှောက်၊စက်ဘီးစီး၊ ဆိုင်ကယ်မောင်း၊ကားမောင်းတဲ့သူတွေနဲ့ အတူတူ …. ကန်ဘေးမှာရှိတဲ့ ထိုင်ခုံလေးတွေမှာ ထိုင်ပြီး စကားပြောနေကြတဲ့ ချစ်သူစုံတွဲလေးတွေကိုလဲ တွေ့ရတတ်ပါတယ်…. ဒီပုံလေးကတော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီး နောင်တုံ ရေကန်နဲ့ စွန်တောင်း စေတီပုံလေးပါ…..(photo from facebook) ဒါကတော့ နောင်တုံကန်နဲ့ ရပ်တော်မူဘုရားပုံလေးပါ…(photo from facebook) ဒါကတော့ နောင်တုံကန်ပုံပါ…(photo from facebook) ဒါကတော့ ကျိုင်းတုံမြို့နဲ့ နောင်တုံကန်ကို ရိုက်ထားတဲ့ပုံလေးပါ….(photo from google map)   ဒါကတော့ ကျိုင်းတုံမြို့ရဲ့ နာမည်ကြီး နောင်တုံကန် […]


Wunna AungJune 24, 20123min011
ဒီပို့စ်လေးကတော့ “ကျိုင်းတုံမြို့သို့သွားရအောင်” ဆိုတဲ့ ပို့စ်လေးရဲ့ အဆက်လေးပါ……. ကျိုင်းတုံမြို့ကို ဝင်ပြီဆိုတာနဲ့ ပထမဆုံးလှမ်းမြင်ရတာကတော့ ကျိုင်းတုံမြို့လယ်က တောင်ပေါ်မှာ ရှိတဲ့ ရပ်တော်မူ ဘုရားဖြစ်ပါတယ်…. မြို့အလယ် တောင်ကုန်းပေါ်မှာ တည်ထားတဲ့ အတော်မြင့်တဲ့ ရပ်တော်မူ ရုပ်ပွားတော်ကြီးပါ….. ဒီပုံတွေ ကတော့ ရပ်တော်မူ ဘုရားကို လှမ်းမြင်ရတဲ့ပုံလေးတွေ ဖြစ်ပါတယ်  (photo from facebook) နောက်ထပ် ကျိုင်းတုံမြို့မှာ နာမည်ကြီးတဲ့ ဘုရားကတော့ မြို့လယ်မှာ ရှိတဲ့ မဟာမြတ်မုနိဘုရားဖြစ်ပါတယ်….. ကျိုင်းတုံမြို့ကိုရောက်ပြီ ဆိုတာနဲ့ မဟာမြတ်မုနိ ဘုရားကို ဖူးမျှော်ကြရမှာပါ …. မဟာမြတ်မုနိဘုရာကို တစ်ခေါက်ဖူးဖြစ်ရင် နောက်တစ်ခေါက် ထပ်ဖူးရတယ် ဆိုတဲ့ ကျိုင်းတုံမြို့ကို နောက်တစ်ခေါက် ရောက်လာကြရတယ် ဆိုတဲ့ မြို့သူမြို့သားတွေပြောတဲ့ စကားလေးလဲရှိပါတယ်……..မဟာမြတ်မုနိဘုရားက ကျိုင်းတုံမြို့လယ်ခေါင်မှာရှိပြီး ရန်ကုန်က ဆူလေဘုရားလို ဝိုင်းပတ်သွားကြရပါတယ်… ဒီပုံလေးတွေကတော့ ကျိုင်းတုံမြို့လယ်ခေါင်မှာ ရှိတဲ့ မဟာမြတ်မုနိဘုရား ရဲ့ ပုံလေးတွေဖြစ်ပါတယ်.(photo from facebook) […]


Wunna AungJune 24, 20121min012
ကျွန်တော် ပြောပြချင်တာတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့လေး အကြောင်းပဲ ဖြစ်ပါတယ်…… မရောက်ဖူးသေးတဲ့သူတွေလဲ ရောက်ဖူးကြအောင်…. ရောက်ဖူးပြီးသား သူတွေလဲ အလွမ်းပြေပေါ့ဗျာ….. ကျွန်တော် ရောက်ဖူးနေဖူးခဲ့တဲ့ မြို့လေးတစ်မြို့ပါ…… ကျိုင်းတုံမြို့ကို သွားမယ်ဆိုရင် ကားနဲ့ဖြင့်ဖြင့် လေယာဉ်နဲ့ ဖြင့်ဖြင့် သွားလို့ရပါတယ်…. ကားနဲ့သွားမယ် ဆိုရင်တော့ တောင်ကြီးမြို့က တစ်ဆင့်သွားရမှာပါ…. လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး ကတော့ မကောင်းသေးတာကြောင့် တောင်ကြီးမြို့ကနေ မနက်စောစောထွက်ပြီး ဟိုပုံး၊မိုင်းပွန်၊ လွိုင်လင်၊နမ့်စန်၊ခိုလမ်၊ ကွန်ဟိန်း စတဲ့ မြို့တွေကို ဖြတ်သန်းသွားရမှာဖြစ်ပါတယ်…… များသောအားဖြင့် ခိုလမ်မြို့ နဲ့ ကွန်ဟိန်း ကိုရောက်တဲ့အချိန်ဟာ ညနေစောင်းပြီ ဖြစ်လို့ လိုင်းကားတွေဟာ ခိုလမ် နဲ့ ကွန်ဟိန်း မြို့မှာ ညအိပ်ကြတာ များပါတယ်….. လိုင်းကားတွေညအိပ် ရပ်နားတဲ့အတွက် စားသောက်ဆိုင်နဲ့ တွဲပြီး ဖွင့်လှစ်ထားတဲ့ တည်းခိုခန်း တွေကတော့ တည်းခိုလို့ အဆင်ပြေကြပါတယ်….. တောင်ကြီးမြို့ကို ကျော်လွန်သွားပြီ ဆိုရင် လိုင်းကားတွေဟာ ညနေစောင်းရင် ဆက်လက်မောင်းနှင်ခြင်းမရှိတာ့ဘဲ ရောက်တဲ့ မြို့၊ရွာမှာ ညအိပ်ရပ်နားပြီး မနက်မိုးလင်းမှ ခရီးဆက်သွားကြပါတယ်….. ကွန်ဟိန်းမြို့ကနေ […]