ညာအရမ်းစိတ်ညစ်တယ် ဘာလို.လဲသိလားလူသားတိုင်းကငါ့ကိုြ့ကိုက်နေကျတယ်လေ မကြိုက်ပါဘူးနဲ့ဆိုလဲပြောမရဘူး.ဂေဇက်ကလူတွေလဲငါ့ကိုကြိုက်နေမယ်ထင်ပါတယ်…..ဟင်းးး…..ညစ်ပါတယ် ညာပြောချင်တာကဒီလိုလေးပါတဲ့ရှင့်.. ဟိုတုန်းကပေါ့ အသက်13နှစ်အရွယ်သောတာပန်မိန်ကလေးတစ်ဦးဟာဘုန်းကြီးကျောင်းကိုဆွမ်းပို့သွားတာပေါ့……. အဲကလေးမလေးကကျောင်းကျဘုန်းကြီးကိုမေးတယ်လေ ဒီသင်္ကန်းကြီးကဘယ်သူဟာလဲဟင် အော် ဒကမလေးရဲ့ ငါ့ဥစ္စာပေါ့…. ဒီသပိတ်တွေကရော ငါ့ဟာပဲပေါ့….. ဒီလိုနှင့်ပဲကလေးမလေးကအိမ်ကိုပြန်သွားခဲ့တယ်လေ… နောက်ရက်လဲကျောင်းကိုဆွမ်းပို့လာတာပေါ့…… ကလေးမလေးကလဲအရင်နေ့ကလိုပဲမေးတာပေါ့………..ဘယ်သူဟာလဲမေးတိုင်း ဘုန်းကြီးကလဲငါ့ဟာပဲလို့အမြဲဖြေတယ်လေ…….. နောက်ဆုံးတော့ဘုန်းကြီးကစိ်တ်မရှည်တော့ဘူးလေ….ဒီမှာဒကာမလေး ဒီကျောင်းရှိတဲ့ပစ္စည်းဟာအကုန်ငါဟာတွေပဲလို.ဖြေလိုက်တယ်…… ဘုန်းဘုန်းဘုရားဒါဆို ဘာအတွက်ကြောင့်သင်္ကန်းဝတ်ရပါသလဲ………..လို.ကလေးမလေးကမေးတယ် နိမ္ဗာန်ရောက်ဖို့ပေါ့ .”ဒါဆိုငါ့ကိုမကြိုက်နှဲ့” လို့ကလေးမလေးကပြန်ပြောတာပေါ့ အဲနေ့ကစပြီးဘုန်းကြီးမှာအစာပျက်အအိပ်ပျက်ဖြစ်ပြီအိပ်ရာထဲမှာလဲနေတော့တာပေါ့…. အော်ငါလဲဒီကလေးမလေးကိုစိတ်ဝင်စားတဲ့အရိတ်အရောင်လေးတောင်မပြမိပါလား ဘာလို.ငါ့ကိုမကြိုက်နှင့်လို.ပြောရတာလဲပေါ့ နောက်တော့ကလေးမလေးရဲ့မိဘတွေလဲကျောင်းကိုလာပြီဘုန်းကြီးကိုအကျိုးအကြောင်းမေးတော့တာပေါ့ အဲတော့ဘုန်းကြီးက အလုံးစုံကိုပြောပြလိုက်တယ် အဲထိတော့ကလေးမလေးကပြောပြလိုက်တယ်……..ငါ့ကိုမကြိုက်နှဲ့ဆိုတာ ငါစွဲမထားဖို့ပါ…… ငါစွဲစွဲနေတော့ဘယ်လိုလုပ်နိမ္ဗာန်ကိုရောက်နိုင်တော့မလဲ….အဲလိုရှင်းပြလိုက်တော့မှပဲ ဘုန်းကြီးမှာနေကောင်းပြီးတရားထူးပါရသွားသတဲ့ကွယ်………….. ပုံပြင်လေးကတော့ဒါပါပဲရှင်……. ညာငယ်ငယ်တုန်းကဖတ်ဖူးတာပါ ကြာခဲ့ပါပြီ ဖတ်ဖူးရင်လဲနောက်တစ်ခေါက်ပေါ့နော်………. လိုအပ်ချက်လေးတွေရှိရင်ဖြည့်စွတ်ပြီတော့ဖတ်ပေးပါရှင် ကျေးဇူးတင်ပါတယ်………….
