မိတ်ဆွေတို့…………….. ခေါင်းစဉ်ကြည့်ပြီးတော့ တလွဲမတွေးကြပါနဲ့။ “တရား” ဆိုတာက ကိုယ်မှန်တယ်ထင်လို့ခံယူကျင့်သုံးတဲ့ ပညာရှင်တွေရဲ့ အဆုံးအမကိုပြောတာပါ။ “စစ်” ဆိုတာက ရွှေမှန်ရင် မှတ်ကျောက်တင်ခံနိုင်တဲ့ ဂုဏ်သတ္တိတွေရှိတာမို့ ရွှေမှန်တယ်၊ မမှန်ဘူးသိရအောင် စစ်ဆေးတာမျိုးကိုပြောတာပါ။ ဆိုတော့…………….. ကျုပ်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးလည်း ကိုယ်ကမှန်တယ်ထင်လို့ ဆောင်ခိုင်းသမျှ၊ ရှောင်ခိုင်းသမျှတွေကို ဆောင်ကြ၊ ရှောင်ကြ၊ လိုက်နာကျင့်သုံးနေကြပေမယ့် တကယ်တမ်းကိုယ်ယုံကြည်ထားတဲ့ တရားတွေဟာမှန်တယ်၊ မမှန်ဘူးလို့ စစ်ဆေးတဲ့သူအတော်ရှားပါးနေတာကို တွေ့ကြရပါတယ်…ပေါ့…။ ဗုဒ္ဓကတော့ပြောသွားလေရဲ့ …….. သူ့တရားစစ်တယ်၊ မစစ်ဘူးဆိုတာကိုသိဖို့တော့ သူ့တရားတွေမှာအရည်အချင်းရှိပါတယ်….တဲ့။ အဲဒါကို တရားဂုဏ်လို့လည်းခေါ်ပါတယ်……တဲ့။ အဲဒီတရားဂုဏ်ဆိုတာလည်း(၆)ပါးရှိပါတယ်…..တဲ့။ အဲဒါကိုမှမသိရင်တော့၊ စစ်မှန်းလည်းမသိသလို၊ မစစ်မှန်းလည်းသိမှာမဟုတ်ပါဘူး…တဲ့…လို့… ယူဆလိုပါတယ်။ ဒါကြောင့် တရားစစ်မစစ်သိလိုလျှင် တရားဂုဏ်တော်(၆)ပါးကို အထူးတလည် လေ့လာကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ပါကြောင်း……..
