kotun winlattSeptember 2, 20125min027
      မနက်လင်းကတည်းက ကျနော် သွားရမည့် ခရီးအတွက် အစီအစဉ်မကျနမှာကို ရင်မောနေမိ၏။ ဘိလပ်မြေအိတ်နှင့် ၂ဝနှင့် ဖိုင်ဘာခုံ ၁ဝလုံးမှာ မနေ့ကတည်း ပို့ခိုင်းထားပြီးဖြစ်သဖြင့် စိတ်အေးနေရသော်လည်း ဗီရိုမှာ ယနေ့မှ ရမည်ဖြစ်သဖြင့် သုံးဘီးဆိုင်ကယ်ကို ဒီနေ့မနက်မှ လာသယ်ရန်မှာထားရသည်။ ကျနော်တို့ အဖွဲ့မှာ မနက်ရှစ်နာရီတွင် ကူးဆိပ်ဘုန်းတော်ကြီးကျောင်း သို့သွားကြမည်ဖြစ်၏။ သွားကြရမည့် အကြောင်းမှာ mandalay gazatte အွန်လိုင်းသုံးစွဲသူများအဖွဲ့မှ လှူဒါန်းသော ဗီရိုတစ်လုံး ဘိလပ်မြေ ၂ဝအိတ် ဖိုင်ဘာခုံ ၁ဝလုံးနှင့်အတူ ကျနော်တို့၏ one candle စေတနာရှင်လူငယ်များအဖွဲ့မှလည်း အမှိုက်ပုံးနှစ်လုံး ( အမှိုက်ပုံးငါးလုံးလှူရန် ဖြစ်သော်လည်း ရွာတွင် ရှာဝယ်ရာ နှစ်လုံးသာရရှိသဖြင့် နှစ်လုံးသာ လှူလိုက်ရခြင်းဖြစ်၏။) ခေါက်စားပွဲတစ်လုံးကို စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ […]


may flowersSeptember 2, 20126min021
  ကဲ…ခေါင်းလောင်းကြီးကို လေ့လာပြီးရင် ဘုရားတွေဆက်ဖူးရင်း အတက်ဆောင်းတန်းတစ်လျှောက် ဆက်ပြီးတက်ကြရအောင်နော်။   ဒီလမ်းလေး တစ်လျှောက်ကနေ  အတက်စောင်းတန်းဆီကို  ပြန်သွားကြတာပေါ့   အတက်ဆောင်းတန်းနဲ့ တောင်ပေါ်က ဦးတည်ဘွား ရုပ်ထုကြီး ( သူတို့ကတော့ အမြဲပြုံးနေတဲ့အတွက် happy buddha ) တဲ့     ဒါကတော့ တည်ဆောက်နေဆဲ မျှော်စင် ပြသာဒ်ကြီးကို အစိမ်းရောင် ရှုခင်းတွေကြားက အပေါ်စီးမြင်ကွင်း   လချမီး  မယ်တော်ကျောင်းဆောင်   လက်ချောင်းတစ်ထောင် မျက်လုံးတစ်ထောင်ပါတဲ့ လချမီးမယ်တော်ရုပ်တုကြီး ( သူတို့ကတော့ woman buddha ) တဲ့   ဒါကတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ရုပ်ပွားတော်ကြီး ရှိရာကျောင်းဆောင်   ကြေးအစစ်နဲ့ သွန်းလုပ်ထားပြီး ခေါင်းလောင်ကြီးနဲ့ […]


  “ယိမ်းနွဲ့လို့ကသယောင် စိမ်းလဲ့လို့မြအရောင် နဲ့အောင်ပင်လယ်က ……………”   လူကလဲနေပူထဲမှာ အကြာကြီးနေခဲ့တော့  မောပါတယ် ။ မောဆိုချွေးက အရမ်းထွက်တာကိုးဗျ။ အရှေ့ဘက်ဆက်မသွားဘဲ နဲ့ အသွားတုံးက မရိုက်ဖြစ်ဘဲကျော်လာခဲ့တဲ့ နန်းဦးလွင်ရွာထိပ်က ကြွက်ကြော်နဲ့ထန်းရေဆိုင်လေးဘေးနားက စိမ်းလဲ့လဲ့ ကောက်ပင်တွေကိုဆော်ဘို့နှက်ဘို ဆိုင်ကယ်ရပ်။ ပြီးတော့ မှ တံတားထိက်ကနေ လယ်ကွင်းထဲကို ဆင်းရိုက်.။ အစိမ်းနုရောင်ကော်ဇောတစ်ချပ်ခင်းထားသလို ကောက်ပင်လေးတွေမြင်ရတာ အေးမြ။ ဒီမြင်ကွင်းကိုမြင်လိုက်တော့ အမြင်အာရုံတွေ ကြည်လင်အေးမြ။ ဒီနားမှာလဲအတော်ကြာအောင်ဓါတ်ပုံရိုက်မိပါတယ်။ အပြန်လမ်းကတော့အေးအေးဆေးဆေး။ အောင်ပင်လယ်ကန်ဘောင်ရိုးဘက်က နေပြန်လာခဲ့ပါတယ်။ အတော်လေးသွားမိတော့ ၂၀၁၁ခုနှစ်က ကျနော်ရိုက်ထားဘူးတဲ့ ကျနော်တို့ရဲ့ ရွာသူ မမှီ(အခုပျောက်နေသူ)သဘောကျပါတယ်လို့ဆိုထားတဲ့ လယ်စောင့်တဲ့ကလေးကရှိနေဆဲ၊ အဲဒါနဲ့ ကန်ဘောင်ရိုးမှာရပ်ပြီး ဓါတ်ပုံရိုက်။ ဟိုးအရှေ့ဘက်အနားသတ်က ရန်ကင်းတောင်။ ကြားထဲမှာက စိမ်းမြမြ စပါးခင်း။ အောက်မှာတော့ရေမြောင်းလေးနဲ့ တဲအိမ်ကလေး၊ လှပသောမြင်ကွင်းလေးကိုမြင်ရတော့ ကြည်နူးစိတ်တွေက […]


may flowersSeptember 1, 20123min010
   ကျောက်တောင်တွေ နောက်ခံနဲ့ လှနေတဲ့ ညောင်ပင်လေးတွေကို ကားပေါ်ကနေရိုက်ထားတာ   အုံ့အုံ့မှိုင်းမှိုင်းနဲ့ တစ်မျိုးလှတယ် (ဒါလည်း ကားသွားနေရင်း ရိုက်ထားတာ)   ဓါတ်တိုင်လေးတွေ စီစီရီရီ   ဒါက Ninh Binh က ဘုရားအဝင် မုဒ်ဦး   ဆက်ဝင်သွားကြတာပေါ့ ဘုရားတွေဖူးရအောင်   စောင်းတန်းတစ်လျှောက် ဒီလိုဘုရားလေးတွေ အပြည့် ( လေးငါးထောင်ထက်တော့ မနည်းလောက်ဘူးထင်တယ်)   ဒီလို ကျောက်ဆင်းတုတော်တွေက ၅၀ဝ တောင်တဲ့     ထူးထူးခြားခြား မြွေလား၊ နဂါးလားမသိ ကိုင်ထားတဲ့ ဆင်းတုတော်   ဒီအဆောက်အဦးထဲက ခေါင်းလောင်းကြီးကို ဝင်လေ့လာကြရအောင်     ၃ရ တန်အလေးချိန်ရှိပါတယ်တဲ့   ခေါင်းလောင်းကြီးထားရာ တံဆောင်းက […]


“စိမ်းလဲ့လဲ့ ယိမ်းနွဲ့နွဲ့ စပါးပင်နဲ့အလှဆင် တဲ့အောင်ပင်လယ်”       ကျနော် အောင်ပင်လယ် လယ်ကွင်းတွေရဲ့မြောက်ဘက်ခြမ်းကနေ ကင်မရာတစ်လုံးနဲ့လက်ဆော့နေတာကို တောင်ဘက်ခြမ်းက လယ်တဲအိမ်က လူတွေကလှမ်းကြည့်နေကြပါတယ်။ ဟိုဘက်နဲ့ဒီဘက်ကူးတဲ့တံတားလေးကို တံခါးလေးနဲ့ပိတ်ထားတော့ အလွယ်တကူ ကူးလို့မရပါဘူး။ တံတားကလဲ အခို်င်အမာကြီးဆောက်ထားတာမဟုတ်။ လူသွားသာရုံပျဉ်ချပ်ကလေးထိုးထားတာပါ။ သူတို့ဘက်ခြမ်းမှာကြည့်လိုက်တော့ အောင်ပင်လယ် စပါးခင်းကြီးက စိမ်းစိုလဲ့လဲ့။ ဒါနဲ့ကျနော်လဲ အဲဒီဖက်ကလူတွေကို လှမ်းအော်ရပါတယ်။ ဓါတ်ပုံရို်က်ချင်လို့  အဲဒီဘက်ကိုလာပါရစေပေါ့။ ဟိုဘက်က လူတွေကလဲ သဘောကောင်းပါတယ် ။ လာခဲ့ဘို့ခွင့်ပြုပါတယ်။   အဲဒါနဲ့ တံတားလေကို သတိနဲ့ကူးရပါတယ်။ လူကဝတုတ်ဖက်တီးဆိုတော့ ရေထဲပြုတ်ကျမှာကြောက်လို့ပါ။ ဟိုဘက်ရောက်တော့ သူတို့နဲ့ အလ္လာပ သလ္လာပပြောရပါတယ်။ ငယ်ငယ်တုန်းက ကြာအိုင်ကြီးလာဓါတ်ပုံရိုက်တာပါပေါ့။ သူတို့ကလဲ ဒီကြာအိုင်ကြီးကိုနှမျောပါသတဲ့။ ဘက်ဖိုးနဲ့မထိုးခင်တစ်ရက် က သူ့သမီးတွေကြာအိုင်ကြီးနဲ့ဓါတ်ပုံရို်က်ထားပါသတဲ့။ သူတို့ကဂျာနယ်ထဲ ထည့်ဖို့လားလို့မေးပါတယ်။ ကျနော်လို့ကင်မရာတစ်လုံးနဲ့လာ […]


ည layAugust 31, 20124min032
ညလေး တခါမှ မမြင်ဖူးတဲ့ ပန်းလေးပါ……. အထူးအဆန်းလေး မို ရွာသူား အားလုံးကို လက်ဆောင်လေးထပ်ပေးချင်ပါတယ်…… ဘီလူးပန်းလေး လို.ခေါ်ကြပါတယ်….. ဝတ်စံလေးတွေ…. စုန်းမလေး နဲ. ဘီလူးမလေး ရဲ…….ရိုက်ပွဲကတော့ ဒီလိုလေးနဲ.ပဲအပြီးသတ်လိုက်ပါပီရှင်  


si toneAugust 31, 20122min08
အင်း……………. Si Tone ဒီကားလေးကို အရမ်းကြိုက်ပါတယ်….. ရွာထဲက သူငယ်ချင်းတွေလဲ ဒီရှပ်ရုင်လေးကို ကြည့်စေချင်တယ်… ဒီရှပ်ရုင်လေးက friendship နဲ့ love နဲ့ ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းလေးပါ……. ဇာတ်ကောင်က Richel (ရစ် ချယ်)ဆိုတဲ့ ကောင်းမလေးရဲ့ ဇာတ်ကောင်ပါ ရိုရှင်းတဲ့ drama ကားလေးပါ…… ဇာတ်လမ်းအကျဉ်းလေး Si Tone ပြောပြမယ်……… Richel ဆိုတဲ့ ကောင်းမလေးနဲ့ Darsy ( ဒေဆီ ) ဆိုတဲ့ကောင်းမလေး တို့က ငယ်ငယ်ကတည်း သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ……… အတူနေ အတူသွား အတူစား အတူအိပ် သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ…. သူတို့တွေ အရွယ်တွေရလာတဲ့ အချိန်မှာ… Dex ( ဒက်စ် ) ဆိုတဲ့ […]


ည layAugust 31, 20121min06
ခုပုံလေးတွေက….ပန်းလေးတွေ ဟာ……. အရင်ကလို…ပွင့်လန်းနေတဲ့ပန်းလေးတွေ…မဟုတ်တော့ပါဝူး….အချိန်ရဲ့ တိုက်စားမှုကြောင့်..ခုတော့….ဂမုန်းပန်းလေးညိုးသွားရရှာပီ…. ဒါပေမယ့်….ညိုးညိုးလေး တောင်မှ….လှနေတဲ့ ပန်းလေးပေါ့….အားလုံးအတွက် ညိုးနေတဲ. ဂမုန်းပန်း အလှ….. အားပေးဝေဖန်ကြပါအုံးရှင်…..ရွာထဲက ညလေးရဲ. ဆြာ.ဆြာတွေ…ရဲ.ဝေဖန်ချက်လေးကြားချင်ပါဂျောင်း.


Ma EiAugust 31, 20123min016
မြင်းမထိဂူ… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (9 )…   ကလောမှ မြင်းမထိဂူ သွားရာလမ်းမှာ လှပလွန်းလှတဲ့ ကျောက်တောင်ကြီးရှိပါတယ်… ကားရပ်ပြီးဓါတ်ပုံရိုက်ချင်ပေမဲ့ အချိန်ကစကားပြောမှာမို့ အသွား အပြန် ကားပေါ်ကဘဲ ဓါတ်ပုံရိုက်ရပါတော့တယ်… စကောထဲက ဇီးဖြူသီးဖြစ်နေပေမဲ့ လှတဲ့ဓါတ်ပုံရခဲ့တယ် ထင်မိကြောင်းပါနော်…ဒီမှာကြည့်ပါဦး…   မြင်းမထိဂူရောက်တော့ ရွှေဥမင်ဂူဘုရားဖူးစဉ် အဝင်ဝကဘုရားမှာ ထိုင်နေခဲ့မယ် သွားဖူးကြဆိုတဲ့ အမေက လိုက်ခဲ့မယ်တဲ့…ကျမလဲ ဘာမှမစဉ်းစားမိဘဲ အသက် 82 နှစ်အမေကို တွဲခေါ်ခဲ့မိတာ…ဂူထဲရောက်တော့ ကျမတို့ အဖွဲ့နဲ့ နှစ်ဦး၊သုံးဦးလောက်ဘဲရှိတာရယ်… တစ်ဖြည်းဖြည်း ဝင်သွားရင်းကနေ တစ်ချို့နေရာတွေ အတော်ကျဉ်းပြီး နိမ့်တာတွေကို သတိရသွားခဲ့ပေမဲ့ ဝင်ခဲ့မိပြီးမှဘဲ မကြာပါဘူး ပြန်ထွက်မှာဘဲဆိုပြီး ဆက်သွားခဲ့တာပါ။ လမ်းကျဉ်းကျဉ်း အတက်အဆင်း လှေကားထစ်တွေ၊ ရေစက်ရေပေါက်တွေအောက်၊ ရွံ့မြေတွေနဲ့ ချောတဲ့နေရာတွေ ဖြစ်လာတော့ […]


ムラカミAugust 31, 20122min010
ဟိုဘက်ပိုစ့်မှာ အမှား တခု ပါသွားပါတယ်.. 1/3 stops နဲ့ သွားရင်း 1 stop + ဖြစ်တဲ့ နေရာထိ f/4 ထိ တက်ကြည့်မယ် ဆိုတွေးထားရင်းကနေ f/3.2 (+1/3) ကို full stop တက်သွားသယောင် မှားရေးမိပါတယ်.. သည်ပိုစ့်မှာတော့ .. f/2.8, f/3.2, f/3.5, f/4 အစုံ ရိုက်ထားပါတယ်.. နောက်တပါတ်တော့ ကျနော် လက်တလော နှစ်သက်နေတဲ့ f/8 ကို ရိုက်ပါဦးမယ်.. သည်လို နံပါတ် အနည်း တွေ ..(အပေါက် အကျယ်တွေ သုံးနေသေးတာ.) subject က သေးလွန်းနေတာ .. detail ဘယ်လောက်ရတယ်ဆိုတာကို သိချင်နေတာနဲ့ မြန်ချင်တာ ..Post-production […]


“ကြာပင်အိုင်အလွမ်းပြေ…………………….”     ပြီးခဲ့တဲ့ဥပုဒ်နေ့ နေ့လည်ပိုင်းမှာတော့  မိုးကလေးကခပ်အုံ့အုံ့။ ဘယ်သူနဲ့မှချိန်းထားတာလဲမရှိတော့ အောင်ပင်လယ်ဘက်သွားချင်စိတ်ပေါ်လာပါတယ်။ အရှေ့ဘက်ကိုလှမ်းကြည့်တော့ တိမ်တွေလှနေတာကလည်း ဓါတ်ပုံရိုက်ထွက်ဘို့ ဆွဲဆောင်သလိုလို။ ဒါနဲ့ဘဲ ကင်မရာဓါတ်ခဲအပိုထည့် မင်မိုရီကဒ်အပိုဆောင် မိုးကာအကျီ်လေးကို ထည့်လို့ ထွက်လာခဲ့ပါတော့တယ်။ နေ့လည်နှစ်နာရီထိုးလောက်ပေါ့။ ဆိုင်ကယ်စီးလာနေရင်းနန်းရှေ့လဲရောက်ရောမိုးအုံ့နေရာကနေ ရာသီဥတုက  ပူလာပါတယ်။ ဒါနဲ့ 62လမ်းအတိုင်း ဆိုင်ကယ်ကို ခပ်သွက်သွက်မောင်းရပြန်သပေါ့။ ဒီဘက်ခြမ်းမှာပူနေပေမယ့် မန်းလေးနဲ့ပုသိမ်ကြီးကို စည်းခြားထားတဲ့ သံလမ်းကိုလဲကျော်ရော လမ်းဘေးမှာတန်းစီနေတဲ့ သစ်ပင်တွေကြောင့်အေးမြသွားပါတယ်။ နန်းဦးလွင်ရွာကိုကျော်လာလိုက်တော့ အရင်ရှိနေကျ ကြာအိုင်နေရာမှာ ရေမြောင်းကျယ်ကြီး ကိုတွေ့လိုက်ရပါတယ်.။ အရင်ကတော့ ဒီနေရာမှာနန်းတော်ရှေ့ဆရာတင် သီချင်းထဲက ကြာပင်အိုင်ကြီးရှိခဲ့ဘူးသပေါ့။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကထိ ဒီကြာတောကြီးရှိပါသေးတယ်။ အပွင့်အတော်ကြီးတဲ့ ကြာပန်းတွေရှိတဲ့နေရာပါ။ ဒါပေမယ့် ဒီကြာပင်ကြီးတွေက နှစ်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးမူ့တွေလဲရှိလာတာတော့အမှန်ပါဘဲ။ ဟိုးအနောက်ဘက် အောင်ပင်လယ်ကန်ဘောင်ရိုးအစကနေ ပုသိမ်ကြီးမြို့အဝင်ထိပ်လောက်ထိအောင်ရှည်လျားတဲ့ ချောင်းက ကြာပင်တွေဗေဒါပင်တွေနဲ့ ပိတ်နေတော့ […]