Ninh Binh တစ်ခေါက် အလည်သွားကြရအောင်

may flowersSeptember 1, 20123min010

 

 ကျောက်တောင်တွေ နောက်ခံနဲ့ လှနေတဲ့ ညောင်ပင်လေးတွေကို ကားပေါ်ကနေရိုက်ထားတာ

 

အုံ့အုံ့မှိုင်းမှိုင်းနဲ့ တစ်မျိုးလှတယ် (ဒါလည်း ကားသွားနေရင်း ရိုက်ထားတာ)

 

ဓါတ်တိုင်လေးတွေ စီစီရီရီ

 

ဒါက Ninh Binh က ဘုရားအဝင် မုဒ်ဦး

 

ဆက်ဝင်သွားကြတာပေါ့ ဘုရားတွေဖူးရအောင်

 

စောင်းတန်းတစ်လျှောက် ဒီလိုဘုရားလေးတွေ အပြည့် ( လေးငါးထောင်ထက်တော့ မနည်းလောက်ဘူးထင်တယ်)

 

ဒီလို ကျောက်ဆင်းတုတော်တွေက ၅၀ဝ တောင်တဲ့

 

 

ထူးထူးခြားခြား မြွေလား၊ နဂါးလားမသိ ကိုင်ထားတဲ့ ဆင်းတုတော်

 

ဒီအဆောက်အဦးထဲက ခေါင်းလောင်းကြီးကို ဝင်လေ့လာကြရအောင်

 

 

၃ရ တန်အလေးချိန်ရှိပါတယ်တဲ့

 

ခေါင်းလောင်းကြီးထားရာ တံဆောင်းက ခပ်ဝေးဝေးကားရပ်ကွင်းကို လှမ်းမျှော်ကြည့်ကြည့်တာလေ

 

ဒီတံဆောင်းပေါ်ကပဲ ကြည့်တာ ( တောရယ်၊မြစ်ရယ် ၊ တောင်ရယ်) လှတယ်နော်

အရင်ကတော့ ခရီးထွက်ရင် ဓါတ်ပုံမရိုက်ပဲ ရှုခင်းတွေပဲ ငေးရတာ ဝါသနာပါပေမဲ့ ရွာထဲက လေးပေါက်တို့လို ခရီးထွက်ရင်း ပုံလေး တွေရိုက်ပြတာ

အားကျလာလို့….ကဲ…နောက်နေ့မှ ဆက်လည်ကြတာပေါ့နော်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့…..။

 

 

10 comments

  • YE YINT HLAING

    September 2, 2012 at 1:58 am

    ” ညောင်ပင်လေးတွေကို ကားပေါ်ကနေရိုက်ထားတာ ”
    အဲဒါကို ဗျာ ညောင်လေးပင် ဆိုပြီး အမှုမဲ့ အမှတ်မဲ့ ဖတ်လိုက်တယ် ။ လမ်းကောင်း ပြီး ပြောင်ရှင်းနေတယ်ပေါ့ ။ လမ်းဘေးမှာ တောင် ရှိတယ်လို့ ဆက်စဉ်းစားပြီး အောက်ကပုံတွေ ကြည့်ပြီး မသင်ကာ ဖြစ်ပြီး အပေါ်က ပုံ ပြန်ကြည့် မှ အော — လို့ ဖြစ်သွားတယ် ! ကားသွားနေရင်း ရိုက်ထားတာ တောင် ပုံကောင်းလေးတွေ ထွက်တယ်နော် ! နောက်လည်း တင်ပေးပါဦး ! ဗဟုသုတ တိုးတာပေါ့ !

    Reply

  • Nay Mara

    September 2, 2012 at 5:56 am

    ၃ရ တန် ဆိုတော့ ပိသာချိန် ၂၂၀၀ဝ ကျော်တယ်နော် ။ အကြီး ကြီးပဲ ။

    Reply

  • ကထူးဆန်း

    September 2, 2012 at 7:37 am

    တောသား လေး ဆိုတော့ ဘယ်နိုင်ငံ ဘယ်မြို့ ဘယ်ကနေ သွားတာလေး လဲ ပြောပါဦး ..

    Reply

  • ကိုခင်ခ

    September 2, 2012 at 8:32 am

    ခေါင်းလောင်းတော်က အကြီးကြီးပေါ့၊ တီးကြည့်လို့ကောရလားဟင်၊ တီးကြည့်ဖြစ်ခဲ့ရင် အသံသာလား မမေရေ။

    Reply

  • may flowers

    September 2, 2012 at 9:18 am

    ကိုရဲရင့်သိန်းရေ ပုံကောင်းလေးတွေထွက်တယ် ပြောလို့ကျေးဇူးပါ..လာရောက်ကြည့်ရှု အားပေးတဲ့အတွက်

    ကောပေါ့..အမှန်တော့ ကျွန်မက ဓါတ်ပုံရိုက်တာလုံးဝကို ဝါသနာမပါတာပါ ရိုက်ရင်လည်းတစ်ခါမှ

    ပုံကောင်းကောင်းမရဖူးပါဘူး…ဒီတစ်ခါတော့ရွာထဲက သူငယ်ချင်းတွေကို

    ရှုခင်းလေးတွေမြင်စေချင်လို့စမ်းရိုက်လာကြည့်တာပါ။

    တကယ့်ကို အကြီးကြီးပါပဲ Nay Mara ရေ။

    ဗီယက်နမ်နိုင်ငံ နိမ်းဘင် မြို့လေးက ဘုရားတွေကို သွားဖူးကြတာပါ ကိုထူးဆန်းရေ။

    တီးလို့မရပါဘူး ကိုခင်ခရေ…ခေါင်းလောင်းအကြီးကြီးကို အပေါ်ကကြက်ခြေခတ်ပုံ သစ်သားတန်းအကြီး

    ကြီး ခံပြီး သံကြိုးနဲ့ တွဲရွဲချိတ်ထားတာပါ။ ခေါင်းလောင်းတီးတဲ့ မောင်းတံကြီးတော့ တွေ့ခဲ့ပေမဲ့ တီးလို့

    မရ အောင်သံကြိုးနဲ့ ချည်ထားတာပါ…အရင်ကတော့ တီးလို့ရခဲ့မယ်ထင်ပါရဲ့…။

    Reply

  • မောင်ပေ

    September 2, 2012 at 9:26 am

    မေလေးဘယ်ခရီးသွားသွား ကိုပေ့စိတ်တွေ မေလေး ရဲ့ဘေးမှာအမြဲပါနေပါတယ်ကွယ်

    Reply

  • may flowers

    September 2, 2012 at 9:36 am

    ကိုပေတို့ကတော့ လုပ်ချလိုက်ပြန်ပြီ…ဒါကြောင့်ထင်တယ် နိမ့်ဘင်မှာ ထမင်းကျွေးတော့

    ဆိတ်သားကင် ၊ ဆိတ်သားသုတ်၊ ဆိတ်သားချက် အကုန် ဆိတ်သားချည်းပဲ ကိုပေ့ဆိတ်

    ကို များ ချက်လိုက်တာလားမသိ..။

    Reply

  • ဆူး

    September 2, 2012 at 10:51 am

    ဘယ်နိုင်ငံကလဲ တရုတ်ပြည်ကလား။

    Reply

  • မဟာရာဇာ အံစာတုံး

    September 2, 2012 at 11:07 am

    ဆင်းတုတော်နဲ့ ရုပ်တုတွေကတော့
    အများကြီးပဲနော့ …
    ဟို နဂါးကို တစ်ဖက်က ကိုင်၊ ဓာတ်လုံးတစ်လုံးကို မြှောက်ထားတဲ့ ဆင်းတုတော်မှာ
    ဇာတ်ကြောင်း ရှိမယ်ဆိုရင်ဖြင့် ..
    ကျုပ်တို့ မြတ်ဗုဒ္ဓ ဥရုဝေလ ကဿပ ရသေ့တွေကို ချေချွတ်တော်မူခန်းနဲ့
    နည်းနည်းများ ဆင်နေမလားလို့ တွေးမိပါရဲ့ဗျာ …
    အားပေးသွားပါတယ်ဗျို့ …

    Reply

  • may flowers

    September 2, 2012 at 3:51 pm

    တရုတ်မဟုတ်ပါဘူး ဆူးရေ။ ဗီယက်နမ် မှာပါ။

    အားပေးတဲ့ အတွက်ကျေးဇူးတင်သလို ဆင်းတုတော်ထုလုပ်ထားတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းလေးကို
    ိီ
    လည်း ထင်မြင်ချက်ပေးပြီး ရှင်းပြပေးတဲ့အတွက် ပိုပြီးကျေးဇူးတင်ပါတယ်လို့။

    Reply

Leave a Reply

Your email address will not be published.