ဇီဇီAugust 5, 20137min033
  ဟီးဟီးးးး ရှက်ရှက်နဲ့ ဝန်ခံရရင် ရိုက်လာတာ အများကြီးးးးး အလင်းအမှောင်ရယ် ဆက်တင်ချိန်တာရယ် ခုထိ အသုံးမကျသေးလို့ အတော်ဆိုးရွားတဲ့ ပုံတွေ ဖယ်ခဲ့ရပါတယ်။ ဒါတွေက မတို့မထိ ပန်းတွေရဲ့ မူလပကတိ အလှပါ။ တခြား ပန်းတွေလည်း ပါပါတယ်။    


ဇီဇီAugust 5, 20136min030
ဒီ တစ်ပတ်တော့ သစ်ခွ ဥယျာဉ် ရောက်တာနဲ့ ရိုက်ထားတာလေးတွေ လာပြတာ။ သူများတော့မသိ။ ကိုယ် ကတော့ ပန်းလေးတွေ အပင်မှာ လန်းလန်းဆန်းဆန်းမြင်နေရတဲ့ အချိန်ကို အင်မတန်စိတ်ချမ်းသာပါတယ်။။ မန်းလေးမှာနေတုန်းကဆို ဘွဲ့ယူတို့ ရီဟာဆယ်တို့ဆို သဇင်ပန်းရာသီမဟုတ်ရင် သစ်ခွပန်းပဲ ပန်ကြတာ။ တန်ဖိုးတထားပဲ။ ကျောင်းဆရာမတွေဆို ဒီနေ့ပန်ပြီး ရေစိမ် အထားခံပြီး နောက်ရက် ဆက်ပန်သေးဗျာ။ သူ့မှာ ပန်းရယ်လို့ တခြားပန်းတွေလို အနံ့မရှိဘူး ဆိုပေမဲ့ သစ်ခွ အများကြီးရှိတဲ့နေရာက အနံ့သင်းသင်းလေးကတော့ အတော်စိတ်ကြည်ပါရဲ့။ စလုံးမှာတော့ သစ်ခွပန်းက ဈေးကြီးပန်းထဲမပါ ပါဘူးးးး  


KyaemonJuly 28, 20135min08
ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊     မြန်မာရှူခင်းတွေကိုရှာဖွေပြီးတင်ဆက်တာပါ၊ —————      မဲဇာတောင်ခြေ                          မဲဇာတောင်ခြေ   ———-              


KyaemonJuly 28, 201310min07
  ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊   ————–   —————————– ဒေါ်မမ ရဲ့မှတ်ချက်အရ စာသားခပ်မှုံမှုံဖြစ်နေလို့ ကဗျာကိုအောက်ပါအတိုင်းပြန်ရိုက်တာပါ၊ —————————–   တောပန်းများ   နီနံ့သာဖြူ အဘော်ဖက်ပါလို့၊ သည်အငူမော်အတက်မှာလှ၊ ကျော်ကရမက်ကယ်က မွှေးလှတယ်၊   ဂိမ်အကူးပေမို့၊ချိန်ဦးဝသန်မှီလို့၊ ဟန်ချီချီ ပျံပုရစ်တွေက၊ ဖူးလှစ်စသွယ်။   ရပ်မြေပြင် သည်အလှဲ့မှာတော့၊ခတ်ရွှေရင် ပလီခဲ့တာမို့၊ သည်နွဲ့နွဲ့ခိုင် စံပယ်ငယ်၊ မြိုင်လယ်မှ ကြိုင်လှောင်း။   ပေါင်းပင်၊ လက်မောင်းလိမ်လည်တင်လို့၊ ကြိမ်နွယ်သွင် တမည်ရှိပေငဲ့၊ လေနှင်ရာ ငွေစင်ဘိသကဲ့သို့၊   နှစ်အခြေ ခေတ်ရေထိ ပြန်တော့၊ ချောင်ငူမှာ တောင်သူတို့ သိရန်ဖို့၊ ဆန်းပွေပိတောင်းတဲ့မှ၊ ပန်းငွေမိကျောင်း။    “ဦးကြော့”   ——–   ဓာတ်ပုံတွေကို […]


ေမွာ္ဆရာJuly 26, 20135min023
+++ = + + + + + + + + +x + + + + + + = + = + + ကွန်နက်ရှင် မကောင်းတဲ့ကြားထဲက အားတင်းတင်လိုက်ရတဲ့ မနေ့က ဓါတ်ပုံပိုစ့်မှာ မပြည့်မစုံ ဖြစ်ကျန်ခဲ့တာ အများကြီးပါ .. အဆိုးဆုံးက ဆုရတဲ့သူတွေ ဓါတ်ပုံတောင် တချို့ ကျန်နေခဲ့တာကိုပါပဲ .. အရမ်းအားနာပါတယ်ခင်ဗျာ … ။ဒီနေ့တော့ စိတ်ရှည်လက်ရှည်နဲ့ တင်လိုက်ပါတယ် .. ကျန်နေတဲ့သူတွေလဲ စိတ်ကျေနပ်ပါ ခင်ဗျာ .. ပုံတွေကျန်နေသေးရင်လဲ တောင်းပါခင်ဗျ .. ။ နောက်တစ်ခု ပုံထဲမပါစေချင်တဲ့သူများရှိရင်လဲ ခွင့်လွှတ်ပါ ..။ကျွန်တော်ဖျက်ပေးပါ့မယ် […]


အာဂJuly 25, 20131min021
“ရချိုတွင်းက မြနန်းစံ၊ ရွှေဘိုမင်းဆက် ပြန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ၊ အင်း အင်း အင်းကြီးတောင်သမန်။” နန်းတော်ရှေ့ဆရာတင် မန္တလေးဈေးချိုကနေ နောက်ထပ်သွားမိတဲ့နေရာလေးကတော့ တောင်သမန်အင်းက ဦးပိန်တံတားပါ။ အချက်အလက်များအရ ဦးပိန်တံတားက သက်တမ်းနှစ် ၁၅ဝ ကျော်ရှိပြီလို့လည်းသိရပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ မြန်မာသက္ကရာဇ်၁၂၁၁ နှစ် (ခရစ်သက္ကရာဇ် ၁၈၅၁ ခုနှစ်)ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန်ဘိုင်ဆပ်ရဲ့ မြို့စာရေးဦးပိန် တည်ဆောက်ခဲ့တာကြောင့်ဦးပိန်တံတားလို့ အမည်တွင်ခဲ့ပါတယ်။ ယခင်ကတော့ တောင်သမန်အင်းကိုဖြတ်ပြီးဆောက်ထားတဲ့အတွက် တောင်သမန်တံတားလို့ အမည်ပေးခဲ့ပါတယ်။ တံတားတည်ဆောက်ခဲ့သူဦးပိန်က တောင်သမန် ၁၂ ရပ်မှလူများ မိုးတွင်းကာလမှာ သွားလာရလွယ်ကူစေရန်ရည်ရွယ်ပြီးတော့ စစ်ကိုင်း၊အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင်ထံလျောက်ထားတောင်းယူရသမျှ သစ်သားများနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဦးပိန်တံတားကို တည်ဆောက်ရာမှာ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ဦးပိန်တံတားကို မြန်မာအင်ဂျင်နီယာများက ကေးအချိန်မှန်မပါဘဲ။ ခြေလှမ်းအတိုင်းတာနဲ့သာတည်ဆောက်ခဲ့တဲ့မြန်မာ့မူစစ်စစ် တံတားလည်းဖြစ်ပါတယ်။ ရှေးမှတ်တမ်းများအရတော့ ဦးပိန်တံတားမှာ […]


– –   — – – – – – – –  ၁၈ ရက်နေ့ မန်းလေးသွားမဲ့ ကိစ္စပျက်ပြီး ၁၉ ရက်နေ့မှ သွားဖြစ်ပြီးသကာလ ဥပေါက်ရှိရာမန်းလေးမှာ ဥပေါက်နဲ့တူတူ လမ်းသလားကြရင်း မဲမဲမြင်ရာ ဆော်ကြပြီးတဲ့ နောက်..၂ ယောက်ထဲပြရမှာ ထက် ပိုမိုစုံလင်စေရန် ကလုလင် ပါ ပါဝင်အားဖြည့်ပြီး 3in1 photography ပြခန်းလေး ကို ဖွင့်လှစ်လိုက်ပါ ဂျောင်း…..                  


ဟီးတိုက်တဲ့ကြီးမိုက်ကို ဆီးမရိုက်ဖို့တော့အရင်တောင်းပန်ထားပါရစေ..  အခုရက်ပိုင်းတက်လာတဲ့တွေ့ဆုံပွဲပို့စ်လေးတွေတွေ့တော့… ကိုယ်တိုင်လည်း တစ်ခုခုပြောချင်လာတယ်ဗျာ… ဒီတစ်ခေါက်တွေ့ဆုံပွဲက တက်ရောက်သူနဲပေမဲ့ စည်းစည်းလုံးလုံးနဲ့ ပျော်စရာကောင်းခဲ့သလိုအစားအသောက်ကလည်း အရင်တစ်ခေါက်ထက်ပိုကောင်း(ပိုက်ပိုက်လဲပိုကုန်)ခဲ့ပါတယ်…မတက်သူတွေသွားရေကျအောင် မိတ်ဆက်လိုက်အုံးမယ်…(အစားသိပ်မမက်တဲ့ ဒေါ်ခိုင်ဇာက ကွန်မန့်တစ်ခုမှာ ဘူဖေးပုံဘယ်သူ့မှရိုက်မလာဘူးလားဆိုလို့ ဒီပို့တင်ဖြစ်သွားပါဂျောင်းးး) ၁။ အသီးအရွက်နဲ့သက်သတ်လွတ်ထမင်းကြော် ၂။ ကြက်ကုန်းဘောင်ကြီးကြော် ၃။ ပုဇွန်ချိုချဉ်ကြော် ၄။ ကျောက်ပွင့်သုတ် ၅။ သီးရွက်စုံအစိမ်းကြော်… ကိုင်း..ရှုကြလော့.. ကဲကဲအစားအသောက်နဲ့အရင်ဖွင့်လိုက်ပါပြီဗျာ… ကျုပ်ကလည်း အဲဒီနေ့က ကိုယ့်ဖာသာဘာတွေလုပ်နေခဲ့မိမှန်းတောင်မသိပါဘူး ကင်မရာပါသွားရက်နဲ့ ဓါတ်ပုံတောင်ထုတ်မရိုက်မိဘူး.. အခုပုံလေးတွေက ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့ ပုံအချို့ပါ… ဒါပါပဲဗျာ…စာတော့များများမရေးတော့ပါဘူးလေ..ဓါတ်ပုံလေးတွေကစကားအများကြီးပြောပါလိမ့်မယ်.. တစ်ခုပဲပြောစရာရှိပါတယ်…အဲဒီနေ့ကပေါ့ “ကြီးမိုက်တစ်ယောက် တဟဲဟဲနဲ့ ဟီးတိုက်လွန်းလို့ သွားတောင်အအေးပတ်သွားကြောင်းပါဗျာ” တော်သေဘီ။ ရွာသူားအားလုံးကိုခင်မင်လေးစားလျှက်… လမ်းဆက်လျှောက်နေတဲ့ ကြီးမိုက်။                  


ေမွာ္ဆရာJuly 24, 20132min044
ရေအောက်က အင်တာနက်ကြိုးကြီး ပြတ်သွားတယ် ဆိုပါ့လား ..။MPT ကသူတွေ ဝါဝင် ဝါထွက်မှာ ရေငံပိုင် ဦးရှင်ကြီး မကိုးမိလို့ ဦးရှင်ကြီး ပါဝါပြပြီး ကိုင်လိုက်တာ ဖြစ်နှိုင်ပါတယ်..။ ကမှော်က မှတ်တမ်းတင် တာဝန်ယူထားပြီး ကိုယ်ဆုရတဲ့ ဓါတ်ပုံလေးမှ မမြင်ရတဲ့ အဖြစ်မျိုးတော့ မဖြစ်စေချင်ပါ..။လိုင်းက အဆင်မပြေပေမယ့် တတ်နှိုင်သမျှစုစည်းပြီး ဆုရပုံလေးတွေ တင်ပေးလိုက်ပါကြောင်း …။ \ + + + + + + + + + + + + + + + + + + + + ++ + + အဆင်ပြေရင်တော့ ပုံလေးတွေ ထပ်တင်ပေးပါဦးမယ် […]


padonmarJuly 23, 20132min081
ဟုတ်တယ်၊ အာတီဒုံ စိတ်အကြီးကြီးကောက်နေတာ။ အစောကြီးထဲက ပွဲလာတက်ကြပါလို့ ဖိတ်စာဝေထားတယ်။ ကြွားလည်းထားလိုက်သေးတယ်။ လာမယ့်လူ ၆ဝ လောက်ရှိနေပြီ။ ဘူဖေးတောင် လောက်ပါ့မလား….အိုမလောက်လည်း ဒို့တွေမျှတစားကြတာပေါ့။ အဲလိုတွေ တွေးလို့။ တကယ်လာတော့ လူ ၃၆ ယောက်ထဲ။ ဒီကြားထဲ ကိုခင်ခနဲ့ ကိုချိုကြီးက ပြန်သွားရတယ်။ (ကိုချိုကြီးရေ ..ပြန်လာမယ်ဆိုပြီး ပြန်မလာနိုင်တော့တဲ့ အကြောင်းသိရတာ စိတ်မကောင်းပါဘူး) အဲဒီတော့ အလှူရှိလို့ပါဆိုပြီး ပန်းတနော်ပြန်သွားတဲ့ အမွှာညီအမကိုလည်း စိတ်ကောက်တယ်။ (အမယ်…သူက သိလို့ ဉာဏ်ပွင့်တွေမြင်ရင် သတိရပါတယ်လို့ ချော့လာသေး။ တကယ့် ဉာဏ်ပွင့်ချဉ်လည်း မပါဘဲနဲ့ ဓာတ်ပုံနဲ့ချော့တာတော့ မပျော့ပေါင်) ခြေထောက်နာတယ်ဆိုပြီး ရန်ကုန်မှာ ရှိရက်နဲ့ မလာတဲ့ ကိုနေးချားကိုလည်း စိတ်ကောက်တယ်။ ဒီတစ်ခါတော့ လာဖြစ်မှာပါပြောပြီး အနားကျမှ ဓာတ်ပုံတွေပဲ ပို့လိုက်တဲ့ ကိုပေါက်ကြီးကိုလည်း […]