KyaemonSeptember 23, 20135min07
    အရှင်အာနန်ဒါ Rev Lustig က ဘာသာပြန်တဲ့မြန်မာကဗျာ – ၅ ကိုရည်လိုတာပါ   အရှင်အာနန်ဒါ Rev Lustig က ဘာသာပြန်တဲ့မြန်မာကဗျာ – ၅ | The Mandalay Gazette-Myanmar/Burma News Media Forum Network   ဦးကြင်ဥရဲ့ “ပင်လယ်ခရုများ” ကဗျာအတွက် ဓာတ်ပုံတွေကိုလိုက်ရှာရင်း  ငပလီနဲ့ငွေဆောင်ပင်လယ်ကမ်းခြေရပ်တွေရဲ့ ကြည်နူးစရာ အလှဓာတ်ပုံတွေကို ရှာဖွေတွေ့ရှိလာလို့ ဂေဇက်ပရိသတ်အား “မျှ” လိုတာပါ   (ပုံတွေကို ကလစ် တချက်နှစ်ချက်လောက်နှိပ်ရင် ပုံတွေကြီးလာပါမယ်၊   ပိုပြီးကြည့်ကောင်းမှာပါ )   ————-   ဝင်ကစွပ် လိုထူးခြားဆန်းကြယ်တာတွေကိုဖွဲ့နွဲ့တဲ့ကဗျာဆရာဦးကြင်ဥ၊ အောက်ခြေသိမ်းလူတန်းစား ဆင်းရဲတဲ့လယ်သမားဘဝအကြောင်းရေးတဲ့ဝန်ကြီးပဒေသရာဇာ၊ သဘာဝရှုခင်းကိုစီကုံးဖွဲ့နွဲ့တတ်တဲ့မြဝတီမင်းကြီးဦးစ တို့ကိုယ်စား  ဓာတ်ပုံဆရာအကျော်အမော်တွေကလဲ  ယင်းကမ်းခြေဒေသတွေကို  […]


KyaemonSeptember 22, 20139min09
      ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊   ပုံတွေနဲ့ကဗျာတွေကို ကလစ် တချက်နှစ်ချက်လောက်နှိပ်ရင် ပုံတွေရော စာတွေပါ ကြီးလာပါမယ်၊     အင်ဂလိပ်စာရေးဆရာတဦး က မြန်မာပြည်ကို Land of Pagodas and cheroots စေတီပုထိုးနဲ့ဆေးပေါ့လိပ်များတဲ့နိုင်ငံလို့ရေးသားခဲ့တယ်၊   အဲဒီတုန်းကဖက်ရှင်လိုခေတ်စားတဲ့ဆေးလိပ်ကို ကဗျာစာဆို မယ်ခွေရဲ့ဆေးလိပ်လက်ဆောင် အရလဲသိနိုင်တာပါ      —————                                                 […]


ဇီဇီSeptember 10, 20135min023
ကဲ! ရိုက်ခဲ့သလောက်တင်လိုက်ပါတယ်။ သည်းခံကြည့်သွားကြပါ။ အဲဒီ ရက်နားနီးရင် လေယာဉ်လေ့ကျင့်သံတွေက နားကို ဆူနေအောင် ကြားရပါတယ်။ အဲဒီ စကိုင်းပါ့ က  ဒီ နှစ်ပိုင်းများ အတွင်း သူတို့ လက်မထောင်နေတဲ့ အဆောက်အဦးတစ်ခုပေါ့ကွယ်။    


ဇီဇီSeptember 10, 20134min036
တင်စရာ ဘာမှ ရေးထားတာမရှိလို့ စလုံး နေရှင်နယ် ဒေး (၈ ရက် ဩဂုတ်) တုန်းက မီးပန်းပုံတွေ တင်လိုက်တယ်။ တော်တော်လှတဲ့မီးပန်းကိုရိုက်တိုင်း မီးခိုးလုံးတွေနဲ့မို့ချန်ထားခဲ့တယ်။ မီးပန်း ကို တရုတ် က အလုပ်နိုင်ဆုံးမှတ်တာပဲ။ နောက်တစ်ခုက သူတို့ နေရှင်နယ်ဒေးကို တခမ်းတနား သိပ်အားထုတ်ထားတာတွေ မြင်ရတော့ ကျနော် မနာလိုဘူးးးး။ အဲဒီ ရက်က စ နောက်တစ်နှစ် အတွင်း အစိုးရက ဘာလုပ်ပေးမယ်ဆိုတာကို ပလန်တွေနဲ့ လူသိရှင်ကြား ပြောလေ့ရှိတယ်။ တကယ် လုပ်ပေးတဲ့ အစိုးရမို့ အဲဒီ စပိ(ချ) ကို နိုင်ငံသားတိုင်း စောင့်ကြည့်ရတယ်။ စောင့်ကြည့်ချင်ကြတယ်။ ကိုယ်တွေလို အဲဒီ အချိန်မှ တီဗီပိတ်ပစ်တာမျိုးမဟုတ်ခဲ့ဘူးးး ဘာပဲပြောပြော  ဒီ လီ သားအဖဟာ သူ့ […]


မင်္ဂလာပါ ခင်ဗျ… ကျနော်များ မန်းဂဇက်မှာ လူခြေတိတ်နေတာမို့ နည်းမျိုးစုံနဲ့ ပရိုမိုးရှင်းလုပ်ပါ့မယ်…   တတ်သိပညာရှင် ဆရာ၊ဆရာမများက နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေ ရေးကြ ဆွေးနွေးကြတာမို့၊ ဉာဏ်မမီတဲ့ ဦးကျောက်ခဲက ယနေ့ကြွလာတဲ့ စာဖတ်သူ ပရိတ်သတ်ကို ဧည့်ခံချင်တာကတော့ ယိုးဒယားစတိုင် ဝက်ပေါင်သားစတူး “Khao Kha Moo” ဖြစ်ပါတယ်ခင်ဗျ ။ အဲ… ဝက်သားမစားရင်တော့ ဆောဒီးလို့ တောင်းပန်ပါရစေ။ ဒီဝက်ပေါင်သားနဲ့ ထမင်းပွဲကို ထိုင်းနိုင်ငံ တလွှားက… ( တိန်… တောင်ပိုင်း ပတ္တနီ၊ ယာလ၊ နရသီဝပ် မပါ ) လမ်းဘေးဈေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူ စားသုံးနိုင်တာမို့ လွယ်ကူစားမြိန် ဈေးသက်သာတဲ့ ဟင်းလျာတစ်မျိုးပေါ့ ခင်ဗျာ။ အဲသည့်အထဲမှာမှ ချင်းမိုင်ညဈေးထဲက မြန်မာဆိုင်ဆိုရင် နာမည်ကြီးခင်ဗျ။ […]


မတူညီသောအလှတရားများ                 “မတူညီသောအလှတရားများ”   လောကကြီးဆိုတာ မတူညီတာတွေထဲက တူညီတာကိုစုဖွဲ့ မရှိမဲ့ရှိမဲ့ အလှလေးများကို ခံစားရင်းအသက်ရှင်နေရတာပါ။   တစ်ခါ တစ်ခါ အရောက်သွားသူကသွား စောင့်မျှော်သူကမျှော် ယူပါအုံးခေါ်သူကကခေါ် ဆယ်ယူဆောင်သွားသူကသွား အကွဲအကွဲအပြားအပြားပေမယ့် ဒီထဲမှအလှတရားတွေပျော်ဝင်လို့နေပြန်ပါတယ်။   တစ်ခါတစ်ခါ သွားကြစို့ ဆိုသူကဆို လာမယ်နော်ပြောသူကပြော စောင့်နေမယ်မှာသူကမှာ နေခဲ့တော့ဆို ထားသူကထား အဖြစ်အပျက်များစွာ ဘဝများစွာ ဒီအထဲမှာလဲ အလှတရားတွေရစ်ဖွဲ့ ချစ်ဖို့လဲကောင်းနေပြန်ပါတယ်။ ကဲ တစ်ယောက် မန်းလေး တစ်ယောက်ကရန်ကုန် တစ်ယောက်က ရတနာပုံ တစ်ယောက်ကဒဂုံ မတူညီ တကွဲတပြားပေမယ့် ရင်ထဲမှာရှိတဲ့အလှတရားကိုယ်စီနေတာကို ယုံအောင်ပုံဆောင်လို့ ပြလိုက်ပါသဗျိုး   ကလု ကစာ ကရွှေ […]


KyaemonAugust 25, 20138min014
ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊     အားရပါးရ “လွေး” ရအောင်   မြန်မာရှူခင်းတွေကိုပါ ရှာဖွေပြီးတင်ဆက်ထားတာပါ၊      ပုံတွေနဲ့ကဗျာတွေကို ကလစ် တချက်နှစ်ချက်လောက်နှိပ်ရင် ပုံတွေရော စာတွေပါ ကြီးလာပါမယ်၊ —————           ===========================     အမည်မသိတဲ့စာဆိုရဲ့ “ကောက်စိုက်သီချင်း”        


  – –    ဥပေါက်၊ ဂန္ဓာရီ နှင့် လုလင် ( 3in1 photo gallery )  တောင်ပြုံးပွဲ အသွား မန်းလေးမှ အချိန်နေ့ဝက်လေးရတုံး ရရာလေးရိုက်လာခဲ့တာပါ.. ကျူပ်ရဲ့ထုံးစံအတိုင်း အနှောက်အယှက်က အမြဲ.. အရင်လ သွားတုန်းကလဲး မိုးတောင် မအုံ့တဲ့ မန်းလေး ကျုူပ်လဲရောက် တိမ်တွေထူနေပြီး မိုးတောင်ရွာလို့ ငုတ်တုတ်မေ့။ သိတယ်မဟုတ်လား ဆြာအုပ်တို့ သွားရင် နွေခေါင်ခေါင် အညာပုဂံတောင် မိုးရွာချတာ အဲလို အဲလို .. လူကနေပေမယ်.့  သကြားမင်းတောင် မနေရဘူး.. ဥပေါက်နဲ့ကျတော့ အီစီကလီ လုပ်နေတဲ့ မန်းလေးက ကျုပ်လဲရောက်ရော ဒီတစ်ခေါက်လဲ မိုးအုံ့နေလို့ ဦးပိန်မှာ ဘာမှမရ ခဲ့.. နေ့လည် တိမ်လေးတွေလှတယ် ဆိုကျုံးကို ပြေးရိုက်တော့ ရေတွေက နောက်နေတာနဲ့ တလွဲ ဥပေါက်က […]


    တောင်သမန်….တောင်သမန်အင်း… ကျုပ်ငယ်ငယ်ကရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ `တောင်သမန်´ တောင်သမန်နဲ့စတင်သိကျွမ်းရတော့ ကျုပ်အသက်က ၁၃နှစ် တောင်သမန်ရဲ့တည်နေရာကတော့ အမရပူရနဲ့တံခွန်တိုင်အကြား အဲဒီတောင်သမန်အင်းကြီးရဲ့ တောင်ဘက်ကမ်းပါး တစ်လျောက် အလယ်နားလောက်မှာမေးတင်နေတာကတော့ ကြီးမိုက်ရဲ့ အဖေ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ပေါ့ဗျာ.. ဒါကြောင့်ပဲ ကြီးမိုက်နဲ့တောင်သမန်ရင်းနှီးဖို့ဇတ်လမ်းဖန်ခဲ့ရတယ်ပေါ့.. တောင်သမန်ဟာ ရာဇဝင်သမိုင်းတွေကိုပွေ့ပိုက်ပြီး အိန္ဒြေတခွဲသားနဲ့ ခန့်ခန့်ညားညားရှိခဲ့တာပါ…. ကဗျာဆရာ၊ စာရေးဆရာ၊ ဂီတစာဆိုတွေ အတွက် ရေးဖွဲ့ လို့မကုန်နိုင် မရိုးနိုင်လောက်အောင်အလှအပတွေဆောင်လို့ပေါ့ သူ့ပါတ်ပါတ်လယ်မှာလည်း ကြည်ညိုဘွယ်ရာ စေတီပုထိုးတွေဝိုင်းရံလို့ …တည်ငြိမ်တဲ့အသွင်နဲ့ တစ်မျိုး ဂုဏ်တင့်လို့နေပြန်ပါရောလား… သူ့ကိုပိုမိုခန့်ညားလှပစေတာကတော့ တောင်သမန်အင်းကြီးရဲ့အရှေ့နဲ့အနောက်ကို သွယ်ဆက်တည်ဆောက်ထားတဲ့ `ဦးပိန်တံတား´ကြီးပါပဲ…       မြန်မာနိုင်ငံအနှံ့ကသာမက ကမာ္ဘ့နိုင်ငံအသီးသီးက ကမာ္ဘလှည့်ခရီးသွားများပါစိတ်ဝင်တစား လာရောက်လည်ပါတ်ကြတဲ့ မန္တလေးမြို့ရဲ့ ထင်ရှားတဲ့ နေရာတစ်ခုလည်းဖြစ်လို့ အမြဲလိုလို လာရောက်လည်ပါတ်သူတွေနဲ့စည်ကားနေတတ်တဲ့နေရာပါ     […]


  – – – – – ဘာနာမည်ပေးရမှန်းမသိတာနဲ့ ဇူး လို့ပဲ ပေးလိုက်တယ်ယယ ရန်ကုန်တိရိစာ္တန်ရုံအတွက် ဓာတ်ပုံလိုတယ် ဆိုလို့ အကူအညီပေးတဲ့ အနေတဲ့ ရိုက်ပေးလာခဲ့တာပါ.. ကျနော့ post လေးကို အားပေးတဲ့ သူများအတွက် အကြင်နာလေး ပေးချင်ပါတယ်.. အာာာာာာ မွာာာားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး                          


ယနေ့ ကျနော်တို့ ရောက်ရှိခဲ့တဲ့(၈.၈.၈၈) ၂၅ နှစ်မြောက်၊ငွေရတုအခမ်းအနား မြင်ကွင်းများကိုပြန်လည်မျှဝေလိုက်ပါတယ်… စစ်အာဏာရှင် တစ်ပါတီ  စနစ်ဆိုးကို ရဟန်းသံဃာ၊ကျောင်းသားမိဘ၊ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင်မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်၊နောင်အနာဂတ်ရဲ့ သူရဲကောင်းညီငယ်ညီမငယ်များ အစဉ်အမြဲသတိရ အတုယူနိုင်ပါစေ… ကိုမင်းကိုနိုင်ရဲ့ နောက်ဆုံးအမှာစကားလေးကတော့ နောင်လာမဲ့ အနာဂါတ်တွေမှာလဲ အဲဒီလို အကျင့်ဆိုး စနစ်ဆိုးတွေနဲ့ ကြုံတွေလာရအုံးမယ်ဆိုရင် ၈.၈.၈၈ ရဲ့အလံတွေ နဲ့ လူထုတိုက်ပွေတွေရှိနေအုံးမှာပါပဲ… အမေစုရဲ့ စကားလက်ဆောင်ကတော့ ညီညွတ်ခြင်းဆိုတာ တစ်သွေး၊တစ်သံ၊တစ်မိန့်နဲ့ ညီညွတ်ခြင်းမဟုတ်ပဲ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ညီညွတ်ခြင်းမျိုကို ခေါ်ဆိုပါတယ် လို့ဆိုပါတယ်… ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး ညီညွတ်နေသမျှကာလပတ်လုံး ဘယ်အစိုးရဖြစ်ဖြစ်၊အာဏာရပါတီဖြစ်ဖြစ် ကြောက်ရွံနေစရာမလိုတော့ပါဘူး လို့ဆိုချင်ပါတယ်…   ညီအကိုမောင်နှမ အားလုံးကိုယ်စိတ်နှဖြာ ကျမ်းမာချမ်းသာကြပါစေ…..


သုံးပန်လှ တောင်သမန် အမှတ်(၂) “အဆင့်ဆင့်ဖြတ်သန်းလွမ်းစရာတွေချန်ထားခဲ့တဲ့ တောင်သမန်”       ကျနော်ငယ်ငယ်က အိမ်နံဘေးနားက ဘကြီးအောင် ဆိုတဲ့ အဘိုးတစ်ယောက်ရှိပါတယ်။ သူ အမြဲတမ်းဆိုနေ ညီးနေလွန်းလို့အလွတ်ရနေတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်။ သူဆိုတဲ့သီချင်းက အစလဲမပါ အဆုံးလဲမပါဆိုတော့ ဘာသီချင်းမှန်း မသိပေမယ့် သူဆိုတဲ့အသံနဲ့စာသားလေးက တော့လွမ်းစရာကောင်းလွန်းနေပါတယ်။ “ပုဆိုးကစို   မိုးကညိုသနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်   ပုဆိုးကစိုစိုနဲ့   မိုးကလဲညိုညိုနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်” သူဆိုတာက ဒီအပိုဒ်လေးကိုဘဲ ထပ်ခါထပ်ခါဆိုတာပါ။ အဲဒီကတဲက ဦးပိန်တံတားဆိုတာကြီးကိုလွမ်းနေခဲ့ရတာ။ ဦးပိန်တံတားပါမှတော့ သူ့ကို ရင်ခွင်ထဲ ထည့်သိမ်းထားတဲ့ တောင်သမန်အင်းက အလိုလိုပါတော့တာပေါ့။   မန်းလေးမြို့ မတည်ခင်က ကုန်းဘောင်ဆက်မင်းများနန်းစိုက်ခဲ့တဲ့ အမရပူရမြို့ကို ကျနော်တို့မန်းလေးသားတွေကတော့ မန်းလေးမြို့ရဲ့တောင်ဘက်မှာရှိလို့ တောင်မြို့လို့ဘဲခေါ်ပါတယ်။ “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်………..” ဆိုတဲ့ […]


alinsettAugust 6, 20134min025
  ဒီကနေ ့ အလုပ် နားရက်ဖြစ်တာကြောင့်… ဘယ်ကို သွားရမလဲ.. ဘာလုပ်ရမလဲ… ဆိုပြီး..အစီအစဉ်ဆွဲတော့… ၁ ။ ဂဇက် စာပေဆုရ စာမူများ / ကဗျား.စုစည်းထုတ်ဝေ ထားတဲ ့.. စာအုပ်ကလေးတစ်အုပ်… ဆရာမဝင့်ပြုံးမြင့်ဆီကို ပို ့ရမယ်..။ ၂ ။ ကျန်းမာရေးအတွက်.. ဆရာဝန်ဆီ သွားရမယ် …။ ၃ ။…….. ?????? အစီအစဉ်က..သုံးခုလောက်မှ..တစ်နေ့တာ နားရက်က တန်မှာ..။ ဘာ ထပ်လုပ်ရမလဲ… ဘယ်သွားရမလဲ…… တွေးလိုက်တော့….. MCC မှာ… ရှစ်လေးလုံးအရေးတော်ပုံကြီး ငွေရတုရန်ပုံငွေ ပွဲတော်..ရှိတာကို.. တွေးမိသွားတယ် ။ မနေ့က  သတင်းဂျာနယ်တစ်စောင်မှာ.တွေ့လိုက်တာ…။ 6 / 7 / 8   သုံးရက် ဆိုတော့.. ဒီနေ့မှ […]