ကြွားပါရ ဇီ( ဓါတ်ပုံပို့စ်)   မန်းလေးမှာ ဓါတ်ပုံပြပွဲလေးတစ်ခုလုပ်ပါတယ်။ မန်းလေးအခြေစိုက် ဂျာနယ်သမားတွေ သတင်းသမားတွေ ရဲ့ ရူ့ခင်းဓါတ်ပုံတွေကို ပြပွဲလုပ်တာပါ။ အဲတော့ ဂျာနယ်လစ်စာရင်းဝင် ကျနော်လဲ ဓါတ်ပုံ5ပုံတင်ခွင့်ရပါတယ်။ ကျင်းပတဲ့ နေရာကတော့ Thi Ri Art Gallery 73လမ်းမြို့သစ် အားကစားကွင်းကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ်။ ကမ္ဘောဇဘဏ် နံဘေးက နေ အနောက်ဖက်ခြမ်းကို ဝင်သွားရင်ရောက်ပါတယ်။ Ocean Center ရဲ့ ကျောဘက်မှာရှိပါတယ်။ ပုံကိုရောင်းဈေး ပြောပါ ဆိုတော့ ကျပ် နှစ်သောင်းခွဲနဲ့ ရောင်းမယ်လို့ ပြောလိုက်ပါတယ် တစ်ပုံမှ မရောင်းရ ရင်တော့ အရှက်တွေကွဲမှာသေချာပါတယ်။ ပြပွဲကတော့ 4-10-2014 ကနေ 6-10-2014ထိ သုံးရက်ပြမှာပါ။ ပြပွဲမှာတင်ထားတဲ့ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။ ရွာသားများမြင်ဘူးကြမယ်လို့လဲထင်မိပါတယ်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 4-10-2014


ဇီဇီOctober 4, 20142min055
ကိုယ့် နှလုံးသားးး ဒီ ငရုတ်သီးလေး စားမိသလို ရင်ထဲ ပူပြီး တကယ်စပ်တယ် ဒါပေမဲ့တော့ ရှောင်ဖို့ခက်။   :sar: ဂုတလော နေရထိုင်ရ ခံစားရတာ ပူစပ်ပူလောင်ဖြစ်နေလို့။ :s: ဟိ။ ဒါ ကို Red Hot Chilli Pepper Spice ခံစားချက်လို့ ခေါ်တယ်။ ခွိခွိ 😳 ဒါသများ စိုက်ခင်းဟုတ်ဘူးးး ဟိုတခါ ပြပွဲကဟာ။                                             […]


ဆောင်းနှင်းဝေတဲ့ နံနက်( ကိုစိန်သော့နဲ့ အတူသွားခဲ့ခြင်း)   မနေ့က  ပိုစ်လေးထဲကဓါတ်ပုံကိုမြင်လိုက်တော့ စိတ်ထဲမှာ အတော်ကို ရင်းနှီိးတယ်လို့ ထင်မိတယ်။ ဒီမြင်ကွင်းလေးက 2013 ဒီဇင်ဘာလမှာ ကိုစိန်သော့နဲ့ကျနော် စစ်ကိုင်းတံတားကိုသွားရိုက်ပြီးအပြန် နှင်းတွေပိတ်သွားလု့ိ ဘာမှမမြင်ရလို့ စိတ်ပျက်လက်ပျက်နဲ့ပြန်လာချိန် ရှမ်းလေးကျွန်းအရောက်မှာ ရိုက်လာတဲ့ ပုံလေး ဆို တာ သတိရလိုက်တော့ ပုံအဟောင်းတွေကိုပြန်ရှာတော့ ဒီပုံလေးတွေကို တွေ့ရပါတယ်။ ပုံတွေကိုပြန်တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား


အဆင့်ဆင့် အစီစီ (ဓါတ်ပုံပိုစ်)   ဓါတ်ပုံရို်က်သွားတဲ့အခါမှာ ကို်ယ်နှစ်သက်မိတဲ့ နေရာ ရိုက်ချင်တဲ့ နေရာရောက်ရင် အကြောင်းအရာ တစ်ခုထဲကို ပုံ တွေအများကြီးရို်က်မိပါတယ။် ကိုယ်က ကျွမ်းကျင်သူမဟုတ်ဘဲ ဝါသ နာရှင်ဖြစ်တဲ့ အတွက် ကိုယ်သိသမျှ တတ်သမျှလေးလောက်ကို ဟိုပြောင်းဒီပြောင်းနဲ့ ရိုက်လေ့ရှိပါတယ်။ အဲတော့ တစ်နေရာရောက်ရင် တမေ့တမော ရိုက်လေ့ ရှိပါတယ်။ ကဲ မျှ ဝေ ခံစား ဘို့ တင်ပေးလိုက်ပါတယ်။     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 2-10-2014


မေးပါရ ဇီ( ဖြေချင်သူ ဖြေချင်သလို ဖြေနိုင်ပါသည်) ပြီးခဲ့တဲ့ဥပုဒ်က မင်းကွန်းကိုရောက်သွားပါတယ်။ ဒီတစ်ခါတော့ ပုထိုးတော်ကြီးအထက်အဆင့် ထိ တက်သွားလိုက်ပါတယ်။ အဲဒီအပေါ်ရောက်တော့ အမွှေးတိုင်လေးတွေကို အုတ်ကြားတွေမှာထောက်ထားတာကိုမြင်ရပါတယ်။ မေးကြည့်တော့ ကိုယ့် ကိုအထောက်အကူ ဖြစ်အောင် ယတြာအနေနဲ့ထောက်ထားတာ တဲ့။ အဲဒီမှာကောင်လေး နှစ်ယောက်ငြင်းခုန်နေကြတာကိုကြားရပါတော့တယ်။ ဒီလိုထောက်ထား တာ မှားတယ် တဲ့ ။ အုတ်ကို ကန်ထားသလိုဖြစ်တော့ နည်းနည်းချင်း ဟ သွားမယ်တဲ့။   နောက်တစ်ယောက်က တော့ အောက်ကနေ ထောက်ထားတော့ ပင့် အား ရတော့  အလေးချိန်မျှ ခံ သလို ဖြစ်တာပေါ့တယ်။   ကျနော်ကတော့ဒါ တွေ နားမလည် လို့ မဖြေတတ်။ ကဲ သိသူတွေ ပွားကြပါအုံး။     […]


အာဂSeptember 30, 20142min019
• ဆိုင်နာမည်လေးက သရပါ -၃ ဆိုတော့ မသိတဲ့လူတွေက ဆိုင်ကြီးကနားကြီးမှတ်ကောင်းမှတ်နေပါလိမ့်မယ်။ အမှန်တော့ သရပါဟော်တယ်ကို သရပါ ၁ လို့ အရပ်ကနာမည်ပေးထားပြီး အဲဒီအနီးပတ်ဝန်းကျင်က စားသောက်ဆိုင်တစ်ဆိုင်ကို သရပါ ၂ လို့ နာမည်ပေးပြီးတဲ့အချိန်မှာတော့ မူလလက်ဟောင်း မန်ကျည်းပင်အောက်က ထမင်းဆိုင်လေးကိုတော့ သရပါ ၃ လို့ စားသောက်သူတွေကနာမည်ပေးထားတာ ဖြစ် ပါ တယ်။ ဒီဆိုင်လေးက ကိန်းကြီးခန်းကြီးမရှိ၊ မန်ကျည်းပင်ရိပ်အောက်တွင် တာလဘက်မိုးထားပြီး ခွေးခြေခုံလေးများနှင့်သာ။ ဒါပေမဲ့ မနက် ၆း၃ဝ လောက်ကတည်းက ညနေ ၂းဝဝ လောက်အထိ လူပြတ်တယ်လို့မရှိပေ။ အဆိုပါဆိုင်လေး နာမည်ကြီးလာတာက လည်း အမျိုးမျိုးသောအကြောင်းလေးတွေ ရှိနေပါတယ်။ ပထမအချက်က အဆိုပါ ဆိုင်လေးရဲ့ လက်ရာကောင်းမှုကြောင့် လာရောက်အားပေးကြတဲ့ ဧည့်လမ်းညွှန်တွေကြောင့် ဖြစ်ပြီး အဲဒီဧည့်လမ်းညွန်တွေကြောင့် […]


လှ၏……..မလှ၏( ဓါတ်ပုုံ့ပိုစ်)         တစ်ခါတစ်ခါ ဟိုဒီသွား ပန်းလေးမြင်ရင်လဲ ရိုက် လှတယ်ထင်ရင်လဲရိုက် ကဲ ကြည့် လိုက်ကြ ပါအုံ့းနော်   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ 30-9-2014


poochSeptember 24, 20147min032
Hiking အတွက်ဆို ရှမ်းပြည်နယ် ကလောဖက်က တောင်တွေက လှသလို ရာသီဥတုကလည်း သာယာတယ်။ မန ္တလေးကနေ ၁၆၆ မိုင် နီးပါးဝေးတဲ့ ကလောကို ရထားနဲ့ဖြစ်စေ ကားနဲ့ဖြစ်စေသွားလို့ရပါတယ်။ ရထားနဲ့ဆိုရင်တော့ မန ္တလေးကနေ သာစည်ကို ညနေ ရထားစီး ပြီးရင် ည ၉ နာရီလောက် သာစည်ကို ရောက်တယ်။ အဲ့ဒီမှာ ခဏနားပြီး ကလောရထားကို မနက်အစော ၄ နာရီလောက် ဆက်စီးရတယ်။ ရထားစီးတဲ့လမ်းတလျှောက်မှာတော့ မိုးရာသီမို့ လယ်ကွင်းတွေက စိမ်းပြီး မိုးနံ့သင်းတယ်။ ကောင်းကင်မှာလည်း သက်တံတွေကပေါ်နေတတ်တော့ ပြတင်းပေါက်ကနေ လေညှင်း ခံပြီး သဘာဝအလှတွေနဲ့ စကားစမြည်ပြောပြီး နောက်နေတဲ့ အာရုံတွေကို်လည်း ရှင်းထုတ်လို့ရတယ်။ လမ်းမှာတော့ တောင်ပေါ်ကို တက်တဲ့နေရာ ၆ နေရာလောက်ကို […]


မိုးညနေခင်းလေးမှာ(ဓါတ်ပုုံ့ပိုစ်)       တောင်သမန်အင်းကိုရောက်ခဲ့ တဲ့ တစ်ညနေ     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 23-9-2014


“မြန်မာတွေ သတ္တိရှိလာပြီ” ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအုပ်စိုးတဲ့အချိန်ကစပြီး ၂၀၁၂ ပုံပြောင်းအစိုးရ မတိုင်မီအချိန်ကာလ က တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းများက ပြည်သူပြည်သူများအပေါ်မှာ စည်းကမ်းရှိအောင်အတော်လေးကို ကွပ်ကွပ်ညှပ်ညှပ်လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ယဉ်စည်းကမ်းနဲ့ပါတ်သက်လို့ပေါ့။ ဒါဏ်ငွေဆောင်ခိုင်းတယ်။ ယာဉ်ကိုသိမ်းထားတယ်။ အဲ့လိုလုပ်တော့ စည်းကမ်းကိုအတော်လေး လိုက်နာခဲ့ကြပါတယ်။ လူမလစ်ရင် စည်းကမ်းမဖောက်ဘူးပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ခေတ်မှီဖွံဖြိုး တိုးတက်ပွင့်လင်းသောခေတ်ကာလမှာ လူတွေက အမြင်ကျယ်လာသလို မတရားဖိနှိပ်တယ်ထင်ရင် မခံတော့ပါဘူး။ ပြောင်ပြောင်တင်းတင်းကို ဆန့်ကျင့်ကြပါတယ်။ ငုံ့ မခံ ကြ တော့ပါဘူး။ သတိ္တရှိလာတယ်ဆိုတဲ့သဘောပေါ့။ တစ်လမ်းမောင်းကိုလဲ နေ့ခင်းကြောင်တောင် ရော ညရော လမ်းပြောင်းပြန်မောင်းရဲလာတယ်။ သတိ္တိရှိလာတဲ့သဘောပေါ့။ အခုတော့ အဲဒီထက်တောင်ပိုလာပါပြီ။ ဘယ်လောက်လေးစားစရာကောင်းလဲလို့။ သတိ္တရှိရှိ ပြောင်ပြောင်တင်းတင်းဆန့်ကျင့်ကြတာ။ နေ့ခင်းကြောင်တောင်မှာတောင်မှ လမ်းပြောင်းပြန်ရပ်ထားတဲ့ကားတွေလေ။ တကယ့် ကို လေးစား စရာကောင်းမှကောင်းပါဘဲ။   […]